Intern‌ship ကာလမှာ ဘာတွေ‌ဆောင်လို့ဘာတွေရှောင်မလဲ

ကုမ္ပဏီတစ်ခုခုမှာ ကိုယ်ကအလုပ်သင်အနေနဲ့ဝင်ရောက်လုပ်ကိုင်နေပြီဆိုရင် သတိပြုရမယ့်အရာတွေ ၊ရှောင်ရှားရမယ့်အချက်တွေရှိနေပါတယ်။ လုပ်ငန်းခွင်စဝင်ချိန်ကိုယ့်အတွက်အကောင်းဆုံးအချိန်ကာလတစ်ခု ဖြစ်နိုင်ဖို့၊ Opportunity တွေအများကြီးရရှိနိုင်ဖို့ Intern
ကာလဟာအရေးကြီးပါတယ်။

ဒါတွေလုပ်ပါ

ပြင်ဆင်ပါ – အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ဆင်တာ၊ အမြဲတမ်းအချိန်မီရောက်နေတာမျိုးတွေကအရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်ပုံစံဟာ သွက်လက်ထက်မြက်တဲ့ပုံပေါက်နေသင့်ပါတယ်။အစည်းအဝေးခန်းဝင်ရင် အမြဲလိုလို notebook လေးဆောင်သွားတာ၊ပြောသွားသမျှအဓိကအချက်တွေကို မှတ်သားတတ်တာတွေက အလုပ်ရှင်အတွက်ရော Client အတွက်ပါသဘောကျစရာဖြစ်စေပါတယ်။

မေးခွန်းမေးပါ – အလုပ်စဝင်တဲ့နေ့မှာ ဘာလုပ်ရမှန်းမသိကြောင်တောင်တောင်ဖြစ်တတ်ကြတာကသဘာဝပါ။ ဘယ်တော့မှမေးခွန်းမေးဖို့မကြောက်ပါနဲ့။မတွန့်ဆုတ်ပါနဲ့။ မေးစရာရှိတာမေးပြီး ကူညီစရာရှိတာကို ကူညီနိုင်ပါတယ်။

သွက်လက်တက်ကြွပါ – Intern ဆင်းချိန်မှာကိုယ်ဟာအားလုံးထက်ပိုပြီးသွက်လက်တက်ကြွနေဖို့လိုပါတယ်။ကိုယ့်တာဝန်တွေအစော ကြီးပြီးသွားပြီဆိုရင်တောင်တခြားသူတွေကိုဘာကူညီရမလဲဆိုတာမေးသင့်ပါတယ်။

အားကုန်သုံးပါ – အလုပ်လုပ်တဲ့အချိန်မှာ ကိုယ်အစွမ်းရှိသလောက်အားကုန်သုံးပြီးလုပ်ဖို့လိုပါတယ်။စေတနာထားပြီးလုပ်ဖို့လိုပါတယ်။ ဒီလောက်လေးဆိုရပါပြီလို့မတွေးဘဲကောင်းသထက်ကောင်းအောင်ကြိုးစားလုပ်တာကတန်ပြန်အကျိုးရလဒ်တွေအများကြီးရရှိလာမှာဖြစ်ပါတယ်။

ဒါတွေမလုပ်ပါနဲ့

စိတ်မဖိစီးပါနဲ့ – ကိုယ့်အတွက်လက်တွေ့လုပ်ငန်းခွင်ဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါလိမ့်မယ်။ ဒါကိုစိတ်ဖိစီးပြီးဘာလုပ်ရမှန်းမသိဖြစ်နေတာ၊ စိတ်ဓာတ်ကျစိတ်ညစ်နေတာမျိုးတွေ လုံးဝဖြစ်ဖို့မလိုပါဘူး။ကိုယ်ကမေးစရာရှိတာမေးပြီးလုပ်ကိုင်ကြည့်ပါ။ အဆင်မပြေတာတွေ
နှောင့်‌နှေးနေတာတွေကဒီအချိန်မှာ အပြစ်တစ်ခုမဟုတ်ပါဘူး။ အမှားတစ်ခုခုလုပ်မိသွားရင်လည်းနောင်တအကြီးကြီးရနေဖို့မလိုအပ်ပါဘူး။

နောက်မကျပါစေနဲ့ – ကိုယ့်ကိုလူကြီးတွေကပြန်စောင့်နေရတာ၊အမြဲတမ်းပျာယိပျာယာဖြစ်နေတာမျိုးတွေက ကိုယ့်ကိုအမှတ်လျော့စေပါတယ်။ ဒါ့ကြောင့်အလုပ်ချိန်မီအောင်သွားပါ၊ အလုပ်တစ်ခုခုရှိတိုင်းကိုယ်ကစောရောက်နှင့်ဖို့လိုပါတယ်။

Professional ဆန်ပါစေ – ကိုယ့်ရဲ့ ဝတ်စားပြင်ဆင်ပုံ၊ သွားလာနေထိုင်ပုံအားလုံးကို Professional ဆန်ဆန်ပြုမူပါ။ Perfect မဖြစ်နိုင်ရင်တောင် ကိုယ်တတ်နိုင်သလောက်လုပ်ဆောင်ဖို့လိုပါတယ်။

စိတ်ထိန်းပါ – တစ်ခုခုဆိုစိတ်တိုမိတာ၊ မျက်နှာကွက်ခနဲပျက်သွားတာမျိုးတွေကို ထိန်းသိမ်းပါ။အတတ်နိုင်ဆုံးသည်းခံစိတ်မွေးပြီး စိတ် လျှော့ထားဖို့လိုပါတယ်။ အမြဲတမ်းသင်ယူလိုစိတ်ကိုဦးစားပေးထားတာက ဒီအခက်အခဲတွေကိုပြေလည်စေပါလိမ့်မယ်။

မစပ်စုပါနဲ့ – ကိုယ်ကလုပ်ငန်းခွင်အထာကိုမသိသေးချိန်မှာကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်စပ်စုမိတာမျိုးတွေကို သတိထားပါ။ Client တွေကိုစနောက်မိတာမျိုးတွေ၊တစ်ပါးသူရဲ့ Personal ကိုစပ်စုမိတာ‌မျိုးတွေမဖြစ်အောင် သတိထားရပါမယ်။ဒီအချက်လေးတွေကို သတိထားလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Intern ကာလကနေအောင်မြင်တဲ့ Career လမ်းကြောင်းပေါ်ရောက်အောင်လျှောက်လှမ်းသွားနိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ကုမၸဏီတစ္ခုခုမွာ ကိုယ္ကအလုပ္သင္အေနနဲ႔ဝင္ေရာက္လုပ္ကိုင္ေနၿပီဆိုရင္ သတိျပဳရမယ့္အရာေတြ ၊ေရွာင္ရွားရမယ့္အခ်က္ေတြရွိေနပါတယ္။ လုပ္ငန္းခြင္စဝင္ခ်ိန္ကိုယ့္အတြက္အေကာင္းဆုံးအခ်ိန္ကာလတစ္ခု ျဖစ္ႏိုင္ဖို႔၊ Opportunity ေတြအမ်ားႀကီးရရွိႏိုင္ဖို႔ Intern
ကာလဟာအေရးႀကီးပါတယ္။

ဒါေတြလုပ္ပါ

ျပင္ဆင္ပါ – အဝတ္အစားသပ္သပ္ရပ္ရပ္ဝတ္ဆင္တာ၊ အၿမဲတမ္းအခ်ိန္မီေရာက္ေနတာမ်ိဳးေတြကအရမ္းကိုအေရးႀကီးပါတယ္။ ကိုယ့္ပုံစံဟာ သြက္လက္ထက္ျမက္တဲ့ပုံေပါက္ေနသင့္ပါတယ္။အစည္းအေဝးခန္းဝင္ရင္ အၿမဲလိုလို notebook ေလးေဆာင္သြားတာ၊ေျပာသြားသမွ်အဓိကအခ်က္ေတြကို မွတ္သားတတ္တာေတြက အလုပ္ရွင္အတြက္ေရာ Client အတြက္ပါသေဘာက်စရာျဖစ္ေစပါတယ္။

ေမးခြန္းေမးပါ – အလုပ္စဝင္တဲ့ေန႔မွာ ဘာလုပ္ရမွန္းမသိေၾကာင္ေတာင္ေတာင္ျဖစ္တတ္ၾကတာကသဘာဝပါ။ ဘယ္ေတာ့မွေမးခြန္းေမးဖို႔မေၾကာက္ပါနဲ႔။မတြန႔္ဆုတ္ပါနဲ႔။ ေမးစရာရွိတာေမးၿပီး ကူညီစရာရွိတာကို ကူညီႏိုင္ပါတယ္။

သြက္လက္တက္ႂကြပါ – Intern ဆင္းခ်ိန္မွာကိုယ္ဟာအားလုံးထက္ပိုၿပီးသြက္လက္တက္ႂကြေနဖို႔လိုပါတယ္။ကိုယ့္တာဝန္ေတြအေစာ ႀကီးၿပီးသြားၿပီဆိုရင္ေတာင္တျခားသူေတြကိုဘာကူညီရမလဲဆိုတာေမးသင့္ပါတယ္။

အားကုန္သုံးပါ – အလုပ္လုပ္တဲ့အခ်ိန္မွာ ကိုယ္အစြမ္းရွိသေလာက္အားကုန္သုံးၿပီးလုပ္ဖို႔လိုပါတယ္။ေစတနာထားၿပီးလုပ္ဖို႔လိုပါတယ္။ ဒီေလာက္ေလးဆိုရပါၿပီလို႔မေတြးဘဲေကာင္းသထက္ေကာင္းေအာင္ႀကိဳးစားလုပ္တာကတန္ျပန္အက်ိဳးရလဒ္ေတြအမ်ားႀကီးရရွိလာမွာျဖစ္ပါတယ္။

ဒါေတြမလုပ္ပါနဲ႔

စိတ္မဖိစီးပါနဲ႔ – ကိုယ့္အတြက္လက္ေတြ႕လုပ္ငန္းခြင္ဟာ စိန္ေခၚမႈတစ္ခုျဖစ္ေနပါလိမ့္မယ္။ ဒါကိုစိတ္ဖိစီးၿပီးဘာလုပ္ရမွန္းမသိျဖစ္ေနတာ၊ စိတ္ဓာတ္က်စိတ္ညစ္ေနတာမ်ိဳးေတြ လုံးဝျဖစ္ဖို႔မလိုပါဘူး။ကိုယ္ကေမးစရာရွိတာေမးၿပီးလုပ္ကိုင္ၾကည့္ပါ။ အဆင္မေျပတာေတြ
ေႏွာင့္‌ေႏွးေနတာေတြကဒီအခ်ိန္မွာ အျပစ္တစ္ခုမဟုတ္ပါဘူး။ အမွားတစ္ခုခုလုပ္မိသြားရင္လည္းေနာင္တအႀကီးႀကီးရေနဖို႔မလိုအပ္ပါဘူး။

ေနာက္မက်ပါေစနဲ႔ – ကိုယ့္ကိုလူႀကီးေတြကျပန္ေစာင့္ေနရတာ၊အၿမဲတမ္းပ်ာယိပ်ာယာျဖစ္ေနတာမ်ိဳးေတြက ကိုယ့္ကိုအမွတ္ေလ်ာ့ေစပါတယ္။ ဒါ့ေၾကာင့္အလုပ္ခ်ိန္မီေအာင္သြားပါ၊ အလုပ္တစ္ခုခုရွိတိုင္းကိုယ္ကေစာေရာက္ႏွင့္ဖို႔လိုပါတယ္။

Professional ဆန္ပါေစ – ကိုယ့္ရဲ႕ ဝတ္စားျပင္ဆင္ပုံ၊ သြားလာေနထိုင္ပုံအားလုံးကို Professional ဆန္ဆန္ျပဳမူပါ။ Perfect မျဖစ္ႏိုင္ရင္ေတာင္ ကိုယ္တတ္ႏိုင္သေလာက္လုပ္ေဆာင္ဖို႔လိုပါတယ္။

စိတ္ထိန္းပါ – တစ္ခုခုဆိုစိတ္တိုမိတာ၊ မ်က္ႏွာကြက္ခနဲပ်က္သြားတာမ်ိဳးေတြကို ထိန္းသိမ္းပါ။အတတ္ႏိုင္ဆုံးသည္းခံစိတ္ေမြးၿပီး စိတ္ ေလွ်ာ့ထားဖို႔လိုပါတယ္။ အၿမဲတမ္းသင္ယူလိုစိတ္ကိုဦးစားေပးထားတာက ဒီအခက္အခဲေတြကိုေျပလည္ေစပါလိမ့္မယ္။

မစပ္စုပါနဲ႔ – ကိုယ္ကလုပ္ငန္းခြင္အထာကိုမသိေသးခ်ိန္မွာကိုယ္နဲ႔ဆိုင္ဆိုင္မဆိုင္ဆိုင္စပ္စုမိတာမ်ိဳးေတြကို သတိထားပါ။ Client ေတြကိုစေနာက္မိတာမ်ိဳးေတြ၊တစ္ပါးသူရဲ႕ Personal ကိုစပ္စုမိတာ‌မ်ိဳးေတြမျဖစ္ေအာင္ သတိထားရပါမယ္။ဒီအခ်က္ေလးေတြကို သတိထားလိုက္မယ္ဆိုရင္ ကိုယ့္ရဲ႕ Intern ကာလကေနေအာင္ျမင္တဲ့ Career လမ္းေၾကာင္းေပၚေရာက္ေအာင္ေလွ်ာက္လွမ္းသြားႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*