အဝေးကနေအလုပ်လုပ်ပေမယ့် Personal Brand ကိုဘယ်လိုတည်ဆောက်မလဲ

ရုံးမတက်ဘဲ ကိုယ်အဆင်ပြေတဲ့နေရာတွေကနေ အလုပ်ထိုင်လုပ်ပေးခြင်းက ကိုယ့်အတွက်သက်သောင့်သက်သာရှိပြီး အချိန်ကုန်၊အ လုပ်ရှုပ်တာတွေသက်သာစေပါတယ်။ ရုံးတက်ရတဲ့အချိန်ကုန်မယ့် သွားလာစရိတ်၊ အဝတ်အစားအတွက်ကုန်ကျစရိတ်၊အစားအသောက်အတွက်ကုန်ကျစရိတ်စတဲ့ငွေကုန်ပေါက်တွေနည်းပါစေပါတယ်။ ဒီလိုအဆင်ပြေတဲ့အချက်တွေရှိပေမယ့်အားနည်းချက်လေးတွေလည်းရှိနိုင်ပါသေးတယ်။ ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်သူတွေ၊ Client တွေ၊လုပ်ငန်းပူးပေါင်းမယ့်သူတွေကို ကိုယ့်ရဲ့တန်ဖိုးနဲ့စွမ်းဆောင်ရည်ကို
ဘယ်လိုပေါ်လွင်အောင်ပြသမလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။အိမ် သို့မဟုတ် ဘယ်နေရာကနေပဲအလုပ်လုပ်ပါစေ ကိုယ့်ရဲ့ Personal Brand ကိုတည်ဆောက်နိုင်ဖို့ကအရေးတကြီးလိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Virtual World မှာ ကိုယ့်ရဲ့အရည်အချင်းကိုဘယ်လိုပြ သမလဲ၊ Personal Brand ကိုဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာအချက်အလက်လေးတွေနဲ့မျှဝေပေးချင်ပါတယ်။

– ကိုယ့် Personal Brand မတည်ဆောက်ခင်မှာ ကိုယ်ဘာလိုချင်တာလဲ၊ဘယ်လိုညွှန်းဆိုခံရမှုမျိုးကိုလိုချင်တာလဲဆိုတာ ရှင်းလင်းအောင်ဆုံးဖြတ်ထားရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အားသာချက်၊ ကျွမ်းကျင်မှုနဲ့ ဝါသနာတွေကဘာတွေလဲ၊ အသက်မွေးဝမ်းကျောင်းရည်မှန်း ချက်နဲ့တန်ဖိုးထားမှုကဘာတွေလဲဆိုတာ ပိုင်နိုင်တဲ့အဖြေတွေရှိထားဖို့လိုပါတယ်။ ဘာ Problem တွေကိုဖြေရှင်းပြီးခဲ့လဲ၊ ဘယ်လိုတန်ဖိုးတွေကိုကိုယ်ကပေးနိုင်လဲဆိုတာ သိဖို့လိုပါတယ်။ ဒါတွေက Unit Selling Proposition(USP) ဖြစ်ပြီး ကိုယ့်ရဲ့ Personal Brand အ တွက်အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

– ဆိုရှယ်မီဒီယာမှာ ကိုယ်ရှိနေပါ။ အဝေးကနေအလုပ်လုပ်ပေးသူတွေဟာကိုယ့်အကြောင်းကိုအလုပ်ရှင်တွေသိဖို့ လူမှုကွန်ရက်ပေါ်ရှိနေမှဖြစ်မှာပါ။ ကိုယ့်ကို Social Media မှာ အလွယ်တကူရှာဖွေနိုင်ဖို့လိုအပ်ပြီး နာမည်ပျက်လည်းမရှိရပါဘူး။လူမှုကွန်ရက်ပလက်ဖောင်းအစုံမှာ ကိုယ့်အရည်အသွေးကိုပြသနိုင်သမျှပြသထားဖို့လိုပါတယ်။ဆိုရှယ်မီဒီယာသုံးတဲ့နေရာမှာ ပရမ်းပတာမဟုတ်ဘဲ စမတ်ကျကျသုံးပြတတ်ဖို့တော့လိုပါတယ်။ရေးတဲ့စာ၊ တင်တဲ့ပုံကစလို့ ကိုယ့် Professional ကိုကောင်းကောင်းကိုယ်စားပြုနိုင်ရမှာဖြစ်ပါတယ်။

– Networking က Personal Brand တည်ဆောက်ဖို့နဲ့ ကိုယ့်ရဲ့အခွင့်အလမ်းတွေကိုချဲ့ထွင်ဖို့အရေးကြီးတာမှန်ပေမယ့် အဝေးကနေ၊ အိမ်ကနေ အလုပ်လုပ်တဲ့သူအဖို့ဒီနေရာမှာအားနည်းချက်ရှိနိုင်ပါတယ်။ လူအသစ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့မတွေ့ရတဲ့အတွက် ကန့် သတ်ချက်တွေရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုလူတွေနဲ့တွေ့ဖို့၊လူကြီးတွေဆီကနေအကြံဉာဏ်တွေရယူဖို့ LinkedIn ၊ Twitter နဲ့တခြားသော
အွန်လိုင်းပလက်ဖောင်းတွေကိုသုံးနိုင်ပါတယ်။ အွန်လိုင်းပေါ်ကနေပဲခင်မင်အောင်လုပ်၊စကားပြော၊ ကိုယ့်ကိုသိအောင်လုပ်ဆောင်တာမျိုးတွေ လုပ်လို့ရပါတယ်။

– ကိုယ်ဘာလုပ်နေပါတယ်၊ ဘယ်လိုတွေအောင်မြင်မှုရပါတယ်ဆိုတာကိုအွန်လိုင်းပေါ်ကနေလူတွေသိအောင်ဝေမျှတာက Personal Brand တည်ဆောက်တဲ့နေရာမှာအရေးပါတဲ့အချက်တစ်ခုပါ။ ကိုယ့်ကျွမ်းကျင်မှုကို စာရေးတာ၊ Podcasts ဖန်တီးတာ၊ဗီဒီယိုရိုက်တာမျိုးတွေနဲ့ လူတွေသိစေသင့်ပါတယ်။ Online Conferences နဲ့ Workshops တွေတက်တာကလည်း လူအများနဲ့တွေ့ဆုံခွင့်ရပြီး Network ပိုကျယ်လာသလိုကိုယ့်ကိုလူပိုသိလာစေပါတယ်။

– အဝေးကနေအလုပ်လုပ်သူတွေဟာ အခြေအနေအချိန်အခါကိုလိုက်ပြီးအဆင်ပြေအောင်ပြောင်းလဲလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ကိုယ်ဟာအဆင်ပြေတဲ့နေရာကိုပြောင်းပြီး အဝေးကအလုပ်လုပ်ပေးနေတာဖြစ်တဲ့အတွက်ပြောင်းလဲတဲ့အခြေအနေတွေအပေါ်အမြဲလိုသွက် သွက်လက်လက်မှန်မှန်ကန်ကန်တုံ့ပြန်နိုင်စွမ်းရှိဖို့လိုပါတယ်။ ဘယ်နေရာမှာပဲရောက်နေနေကိုယ့်ဆီမှာရှိသင့်တာကတော့ Skills အသစ်တွေကိုလေ့လာသင်ယူနေဖို့၊ Online မှာကိုယ့်ကိုယ့်ကိုယ်အကောင်းဆုံးတင်ပြဖို့၊ ကွန်ရက်ချဲ့ထွင်ဖို့၊အခွင့်အလမ်းတွေကိုစောင့်ကြည့်နေဖို့ပဲဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုတွေကတစ်ချိန်မှာ ကိုယ့်ရဲ့ Personal Brand အပေါ်ကိုရောင်ပြန်ဟပ်လာမှာပဲဖြစ်ပါတယ်။ဒီအချက်လေးတွေကိုအသုံးချကြည့်ရင် ဘယ်နေရာမှာပဲရောက်နေနေ၊ ဘယ်ကနေပဲအလုပ်တွေလုပ်ပါစေကိုယ့်ရဲ့ Personal Brand ကိုလူသိအောင် အကောင်းဆုံးတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

႐ုံးမတက္ဘဲ ကိုယ္အဆင္ေျပတဲ့ေနရာေတြကေန အလုပ္ထိုင္လုပ္ေပးျခင္းက ကိုယ့္အတြက္သက္ေသာင့္သက္သာရွိၿပီး အခ်ိန္ကုန္၊အ လုပ္ရႈပ္တာေတြသက္သာေစပါတယ္။ ႐ုံးတက္ရတဲ့အခ်ိန္ကုန္မယ့္ သြားလာစရိတ္၊ အဝတ္အစားအတြက္ကုန္က်စရိတ္၊အစားအေသာက္အတြက္ကုန္က်စရိတ္စတဲ့ေငြကုန္ေပါက္ေတြနည္းပါေစပါတယ္။ ဒီလိုအဆင္ေျပတဲ့အခ်က္ေတြရွိေပမယ့္အားနည္းခ်က္ေလးေတြလည္းရွိႏိုင္ပါေသးတယ္။ ကိုယ့္ရဲ႕အလုပ္ရွင္ျဖစ္လာႏိုင္သူေတြ၊ Client ေတြ၊လုပ္ငန္းပူးေပါင္းမယ့္သူေတြကို ကိုယ့္ရဲ႕တန္ဖိုးနဲ႔စြမ္းေဆာင္ရည္ကို
ဘယ္လိုေပၚလြင္ေအာင္ျပသမလဲဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။အိမ္ သို႔မဟုတ္ ဘယ္ေနရာကေနပဲအလုပ္လုပ္ပါေစ ကိုယ့္ရဲ႕ Personal Brand ကိုတည္ေဆာက္ႏိုင္ဖို႔ကအေရးတႀကီးလိုအပ္ပါတယ္။ ဒါ့ေၾကာင့္လည္း Virtual World မွာ ကိုယ့္ရဲ႕အရည္အခ်င္းကိုဘယ္လိုျပ သမလဲ၊ Personal Brand ကိုဘယ္လိုတည္ေဆာက္ႏိုင္မလဲဆိုတာအခ်က္အလက္ေလးေတြနဲ႔မွ်ေဝေပးခ်င္ပါတယ္။

– ကိုယ့္ Personal Brand မတည္ေဆာက္ခင္မွာ ကိုယ္ဘာလိုခ်င္တာလဲ၊ဘယ္လိုၫႊန္းဆိုခံရမႈမ်ိဳးကိုလိုခ်င္တာလဲဆိုတာ ရွင္းလင္းေအာင္ဆုံးျဖတ္ထားရမွာျဖစ္ပါတယ္။ကိုယ့္ရဲ႕အားသာခ်က္၊ ကြၽမ္းက်င္မႈနဲ႔ ဝါသနာေတြကဘာေတြလဲ၊ အသက္ေမြးဝမ္းေက်ာင္းရည္မွန္း ခ်က္နဲ႔တန္ဖိုးထားမႈကဘာေတြလဲဆိုတာ ပိုင္ႏိုင္တဲ့အေျဖေတြရွိထားဖို႔လိုပါတယ္။ ဘာ Problem ေတြကိုေျဖရွင္းၿပီးခဲ့လဲ၊ ဘယ္လိုတန္ဖိုးေတြကိုကိုယ္ကေပးႏိုင္လဲဆိုတာ သိဖို႔လိုပါတယ္။ ဒါေတြက Unit Selling Proposition(USP) ျဖစ္ၿပီး ကိုယ့္ရဲ႕ Personal Brand အ တြက္အေရးႀကီးတဲ့အခ်က္ေတြျဖစ္ပါတယ္။

– ဆိုရွယ္မီဒီယာမွာ ကိုယ္ရွိေနပါ။ အေဝးကေနအလုပ္လုပ္ေပးသူေတြဟာကိုယ့္အေၾကာင္းကိုအလုပ္ရွင္ေတြသိဖို႔ လူမႈကြန္ရက္ေပၚရွိေနမွျဖစ္မွာပါ။ ကိုယ့္ကို Social Media မွာ အလြယ္တကူရွာေဖြႏိုင္ဖို႔လိုအပ္ၿပီး နာမည္ပ်က္လည္းမရွိရပါဘူး။လူမႈကြန္ရက္ပလက္ေဖာင္းအစုံမွာ ကိုယ့္အရည္အေသြးကိုျပသႏိုင္သမွ်ျပသထားဖို႔လိုပါတယ္။ဆိုရွယ္မီဒီယာသုံးတဲ့ေနရာမွာ ပရမ္းပတာမဟုတ္ဘဲ စမတ္က်က်သုံးျပတတ္ဖို႔ေတာ့လိုပါတယ္။ေရးတဲ့စာ၊ တင္တဲ့ပုံကစလို႔ ကိုယ့္ Professional ကိုေကာင္းေကာင္းကိုယ္စားျပဳႏိုင္ရမွာျဖစ္ပါတယ္။

– Networking က Personal Brand တည္ေဆာက္ဖို႔နဲ႔ ကိုယ့္ရဲ႕အခြင့္အလမ္းေတြကိုခ်ဲ႕ထြင္ဖို႔အေရးႀကီးတာမွန္ေပမယ့္ အေဝးကေန၊ အိမ္ကေန အလုပ္လုပ္တဲ့သူအဖို႔ဒီေနရာမွာအားနည္းခ်က္ရွိႏိုင္ပါတယ္။ လူအသစ္ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔မေတြ႕ရတဲ့အတြက္ ကန႔္ သတ္ခ်က္ေတြရွိေနပါတယ္။ ဒါေပမဲ့ ဒီလိုလူေတြနဲ႔ေတြ႕ဖို႔၊လူႀကီးေတြဆီကေနအႀကံဉာဏ္ေတြရယူဖို႔ LinkedIn ၊ Twitter နဲ႔တျခားေသာ
အြန္လိုင္းပလက္ေဖာင္းေတြကိုသုံးႏိုင္ပါတယ္။ အြန္လိုင္းေပၚကေနပဲခင္မင္ေအာင္လုပ္၊စကားေျပာ၊ ကိုယ့္ကိုသိေအာင္လုပ္ေဆာင္တာမ်ိဳးေတြ လုပ္လို႔ရပါတယ္။

– ကိုယ္ဘာလုပ္ေနပါတယ္၊ ဘယ္လိုေတြေအာင္ျမင္မႈရပါတယ္ဆိုတာကိုအြန္လိုင္းေပၚကေနလူေတြသိေအာင္ေဝမွ်တာက Personal Brand တည္ေဆာက္တဲ့ေနရာမွာအေရးပါတဲ့အခ်က္တစ္ခုပါ။ ကိုယ့္ကြၽမ္းက်င္မႈကို စာေရးတာ၊ Podcasts ဖန္တီးတာ၊ဗီဒီယို႐ိုက္တာမ်ိဳးေတြနဲ႔ လူေတြသိေစသင့္ပါတယ္။ Online Conferences နဲ႔ Workshops ေတြတက္တာကလည္း လူအမ်ားနဲ႔ေတြ႕ဆုံခြင့္ရၿပီး Network ပိုက်ယ္လာသလိုကိုယ့္ကိုလူပိုသိလာေစပါတယ္။

– အေဝးကေနအလုပ္လုပ္သူေတြဟာ အေျခအေနအခ်ိန္အခါကိုလိုက္ၿပီးအဆင္ေျပေအာင္ေျပာင္းလဲလုပ္ေဆာင္ႏိုင္ဖို႔လိုပါတယ္။ ကိုယ္ဟာအဆင္ေျပတဲ့ေနရာကိုေျပာင္းၿပီး အေဝးကအလုပ္လုပ္ေပးေနတာျဖစ္တဲ့အတြက္ေျပာင္းလဲတဲ့အေျခအေနေတြအေပၚအၿမဲလိုသြက္ သြက္လက္လက္မွန္မွန္ကန္ကန္တုံ႔ျပန္ႏိုင္စြမ္းရွိဖို႔လိုပါတယ္။ ဘယ္ေနရာမွာပဲေရာက္ေနေနကိုယ့္ဆီမွာရွိသင့္တာကေတာ့ Skills အသစ္ေတြကိုေလ့လာသင္ယူေနဖို႔၊ Online မွာကိုယ့္ကိုယ့္ကိုယ္အေကာင္းဆုံးတင္ျပဖို႔၊ ကြန္ရက္ခ်ဲ႕ထြင္ဖို႔၊အခြင့္အလမ္းေတြကိုေစာင့္ၾကည့္ေနဖို႔ပဲျဖစ္ပါတယ္။ စဥ္ဆက္မျပတ္ေလ့လာသင္ယူမႈေတြကတစ္ခ်ိန္မွာ ကိုယ့္ရဲ႕ Personal Brand အေပၚကိုေရာင္ျပန္ဟပ္လာမွာပဲျဖစ္ပါတယ္။ဒီအခ်က္ေလးေတြကိုအသုံးခ်ၾကည့္ရင္ ဘယ္ေနရာမွာပဲေရာက္ေနေန၊ ဘယ္ကေနပဲအလုပ္ေတြလုပ္ပါေစကိုယ့္ရဲ႕ Personal Brand ကိုလူသိေအာင္ အေကာင္းဆုံးတည္ေဆာက္ႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*