မိခင်ဘဝမှာအေးအေးဆေးဆေးပျော်ရွှင်နေတဲ့ ပဲရစ်ဟီလ်တန်

ပဲရစ်ဟီလ်တန်ဟာ ဟီလ်တန်ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ကွန်းရတ်ဟီလ်တန်ရဲ့မြစ်ဖြစ်တဲ့အပြင်လှပတဲ့သွင်ပြင်နဲ့အများအားကျစရသုံးဖြုန်းနိုင်မှုတွေကြောင့်ပေါ်ပြူလာဖြစ်ခဲ့သူပါ။စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ အဆိုတော်အနေနဲ့လည်းသူမကိုလူတွေကသိထားကြပါတယ်။အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့သူမဟာ လက်ရှိမှာတော့မိခင်တစ်ယောက်အဖြစ်နဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေပြီး ပျော်ရွှင်နေတယ်လို့ ENews ကိုဖွင့်ဟခဲ့ပါတယ်။ ၂၀၂၃ ခုနစ်နှစ်စပိုင်းမှာသားဖြစ်သူဖီးနစ်ကိုမွေးဖွားခဲ့ပြီး နောက်ထပ်ကလေးထပ်ယူဖို့အစီအစဉ်ရှိ၊မရှိကိုသူမကပြောပြခဲ့ပါတယ်။“ကျွန်မသမီးလေးတစ်ယောက်ထပ်လိုချင်ပါသေးတယ်။ မင်းသမီးလေးတစ်ပါးလိုချင်တဲ့အကြောင်းကျွန်မတို့တစ်ချိန်လုံးပြောဖြစ်ကြပါတယ်။ အခုသားလေးကလည်း ကျွန်မရဲ့ကမ္ဘာတစ်ခုပါ။သူကကျွန်မကိုပြည့်စုံစေတယ်။ ခင်ပွန်းကလည်း တကယ်ကိုကြင်နာတတ်ပြီးသစ္စာရှိသူမို့ကျွန်မအရမ်းပျော်ရွှင်ရပါတယ်” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ပဲရစ်ဟီလ်တန်ဟာလက်ရှိမှာ ပန်းရောင်အဆင်အသွေးနဲ့အသည်းပုံရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကိုထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ “ကျွန်မက ခုဆိုမီးဖိုချောင်ထဲမှာပဲအချိန်ပိုကုန်နေပါတယ်။မိသားစုကိုချက်ပြုတ်ကျွေးမွေးနေတာပါ။ အခုအသစ်ထုတ်မယ့် Collection ကိုလည်းအချစ်နဲ့ဖန်တီးထားပါတယ်။ ဒီလို Collection တွေဖန်တီးရတာကကျွန်မကိုပျော်ရွှင်စေတယ်” လို့သူမကဖြေထားပါတယ်။
သူမဟာ ခင်ပွန်းဖြစ်သူစာရေးဆရာ၊စီးပွားရေးသမား ကာတာရိမ်းနဲ့ ၂၀၂၁ခုနစ်ကလက်ထပ်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ပဲရစ္ဟီလ္တန္ဟာ ဟီလ္တန္ဟိုတယ္လုပ္ငန္းစုပိုင္ရွင္ကြန္းရတ္ဟီလ္တန္ရဲ႕ျမစ္ျဖစ္တဲ့အျပင္လွပတဲ့သြင္ျပင္နဲ႔အမ်ားအားက်စရသုံးျဖဳန္းႏိုင္မႈေတြေၾကာင့္ေပၚျပဴလာျဖစ္ခဲ့သူပါ။စီးပြားေရးလုပ္ငန္းရွင္အမ်ိဳးသမီး၊ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္၊ အဆိုေတာ္အေနနဲ႔လည္းသူမကိုလူေတြကသိထားၾကပါတယ္။အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ့သူမဟာ လက္ရွိမွာေတာ့မိခင္တစ္ေယာက္အျဖစ္နဲ႔ဘဝကိုအေကာင္းဆုံးျဖတ္သန္းေနၿပီး ေပ်ာ္႐ႊင္ေနတယ္လို႔ ENews ကိုဖြင့္ဟခဲ့ပါတယ္။ ၂၀၂၃ ခုနစ္ႏွစ္စပိုင္းမွာသားျဖစ္သူဖီးနစ္ကိုေမြးဖြားခဲ့ၿပီး ေနာက္ထပ္ကေလးထပ္ယူဖို႔အစီအစဥ္ရွိ၊မရွိကိုသူမကေျပာျပခဲ့ပါတယ္။“ကြၽန္မသမီးေလးတစ္ေယာက္ထပ္လိုခ်င္ပါေသးတယ္။ မင္းသမီးေလးတစ္ပါးလိုခ်င္တဲ့အေၾကာင္းကြၽန္မတို႔တစ္ခ်ိန္လုံးေျပာျဖစ္ၾကပါတယ္။ အခုသားေလးကလည္း ကြၽန္မရဲ႕ကမာၻတစ္ခုပါ။သူကကြၽန္မကိုျပည့္စုံေစတယ္။ ခင္ပြန္းကလည္း တကယ္ကိုၾကင္နာတတ္ၿပီးသစၥာရွိသူမို႔ကြၽန္မအရမ္းေပ်ာ္႐ႊင္ရပါတယ္” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

ပဲရစ္ဟီလ္တန္ဟာလက္ရွိမွာ ပန္းေရာင္အဆင္အေသြးနဲ႔အသည္းပုံရွိတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းေတြကိုထုတ္လုပ္ဖို႔ျပင္ဆင္ေနပါတယ္။ “ကြၽန္မက ခုဆိုမီးဖိုေခ်ာင္ထဲမွာပဲအခ်ိန္ပိုကုန္ေနပါတယ္။မိသားစုကိုခ်က္ျပဳတ္ေကြၽးေမြးေနတာပါ။ အခုအသစ္ထုတ္မယ့္ Collection ကိုလည္းအခ်စ္နဲ႔ဖန္တီးထားပါတယ္။ ဒီလို Collection ေတြဖန္တီးရတာကကြၽန္မကိုေပ်ာ္႐ႊင္ေစတယ္” လို႔သူမကေျဖထားပါတယ္။
သူမဟာ ခင္ပြန္းျဖစ္သူစာေရးဆရာ၊စီးပြားေရးသမား ကာတာရိမ္းနဲ႔ ၂၀၂၁ခုနစ္ကလက္ထပ္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*