ရာဇဝင်ထဲကအိမ်ရှေ့မင်းသားတစ်ပါးအဖြစ်မြင်တွေ့ရဦိးမယ့် Ahn Bo Hyun
Jisoo နဲ့ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုပိုရလာတဲ့ Ahn Bo Hyun တစ်ယောက်ရာဇဝင်အချစ်ဇာတ်လမ်းအ မျိုးအစား Mirage in the 23 rd hour ဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်မယ်လို့သိရပါတယ်။ဒီဇာတ်ကားဟာနာမည် ကြီး Web စာရေးဆရာ Yoon Yi Su ရဲ့ အွန်လိုင်းဝတ္ထုတစ်ပုဒ်ကိုအခြေခံရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။ Yoon Yi Su ရဲ့ အွန်လိုင်းဝတ္ထုတွေထဲမှာ Moonlight Drawn by Clouds ဟာလည်း ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ရိုက်ကူးခဲ့ပြီးတော်တော်လေးအောင်မြင်ခဲ့ဖူးပါတယ်။
Mirage in the 23 rd hour ဇာတ်လမ်းတွဲဟာ ကြယ်တာရာတွေကိုသဘောကျတဲ့ အိမ်ရှေ့မင်းသားတစ်ပါးနဲ့ထူးခြားဆန်းကြယ်မှုတွေရှိနေပြီးရှေ့ဖြစ်ဟောနိုင်တဲ့အမျိုးသမီးတစ်ဦးတို့ရဲ့အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာမင်းသား Ahn Bo Hyun ဟာ မွေးရာပါ ပါရမီပါလာတဲ့နက္ခတ်ပညာရှင်တစ်ဦးအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ မူလက ဒီဇာတ်လမ်းတွဲရဲ့ခေါင်းဆောင်မင်းသားနေရာကို Hometown Cha Cha Cha မင်းသား Kim Seon Ho ကိုလျာထားခဲ့ပေမယ့်နောက်ဆုံးမှာပျက်သွားခဲ့တာြဖစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*