Lana Del Rey ရဲ့ Country တေးအယ်လ်ဘမ်ထွက်ရှိမည်

Lana Del Rey အနေနဲ့ Lasso လို့အမည်ရတဲ့တေးအယ်လ်ဘမ်ကို 2024 ခုနစ် စက်တင်ဘာလအတွင်းဖြန့်ချိမယ်လို့ ဂရမ်မီအကြိုအခမ်း အနားမှာသတင်းပေးလာခဲ့ပါတယ်။သူမရဲ့ဒီအယ်လ်ဘမ်ကို အကောင်းဆုံးထုတ်လုပ်သူအဖြစ်နာမည်ရလာတဲ့ Jack Antonoff နဲ့ Babyface ကပူးပေါင်းထုတ်လုပ်မှာဖြစ်ပါတယ်။ “ကျွန်မတို့ Country သီချင်းတွေချည်းဖန်တီးကြမှာပါ။ Jack ကလည်း ကျွန်မနဲ့အတူလွန်ခဲ့တဲ့လေးနှစ်ကတည်းက Country Music ကြီးစိုးရာနေရာတွေဆီအများကြီးရောက်ခဲ့ပြီးပါပြီ” လို့ Lana Del Rey ကပြောပါတယ်။

လက်ရှိသူမထုတ်လုပ်မယ့်အယ်လ်ဘမ်ဟာ သီချင်း 10 ပုဒ် ဒါမှမဟုတ် 12 ပုဒ်ပါဝင်တဲ့ Full-length album ဖြစ်မယ်လို့ပြောထားပါတယ်။ ဒါဟာ Lana Del Rey ရဲ့ 10 ချပ်မြောက်အယ်လ်ဘမ်ဖြစ်လာမှာဖြစ်ပါတယ်။ 2023 ကထွက်ရှိခဲ့တဲ့ သူမရဲ့ Did you know that there’s a tunnel under ocean Blvd သီချင်းဟာလည်း Billboard 200 Chart မှာ နံပါတ် ၃ နေရာရယူထားတာတွေ့ရပါတယ်။ သူမဟာ အချိန်သုံးနှစ်ခွဲအတွင်းအယ်လ်ဘမ်လေးချပ်ထုတ်နိုင်ခဲ့တာမို့ ဒီနှစ်တွေအတွင်းဂီတဘက်မှာ အတော်လေးတစိုက်မတ်မတ်လုပ်နိုင်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Lana Del Rey အေနနဲ႔ Lasso လို႔အမည္ရတဲ့ေတးအယ္လ္ဘမ္ကို 2024 ခုနစ္ စက္တင္ဘာလအတြင္းျဖန႔္ခ်ိမယ္လို႔ ဂရမ္မီအႀကိဳအခမ္း အနားမွာသတင္းေပးလာခဲ့ပါတယ္။သူမရဲ႕ဒီအယ္လ္ဘမ္ကို အေကာင္းဆုံးထုတ္လုပ္သူအျဖစ္နာမည္ရလာတဲ့ Jack Antonoff နဲ႔ Babyface ကပူးေပါင္းထုတ္လုပ္မွာျဖစ္ပါတယ္။ “ကြၽန္မတို႔ Country သီခ်င္းေတြခ်ည္းဖန္တီးၾကမွာပါ။ Jack ကလည္း ကြၽန္မနဲ႔အတူလြန္ခဲ့တဲ့ေလးႏွစ္ကတည္းက Country Music ႀကီးစိုးရာေနရာေတြဆီအမ်ားႀကီးေရာက္ခဲ့ၿပီးပါၿပီ” လို႔ Lana Del Rey ကေျပာပါတယ္။

လက္ရွိသူမထုတ္လုပ္မယ့္အယ္လ္ဘမ္ဟာ သီခ်င္း 10 ပုဒ္ ဒါမွမဟုတ္ 12 ပုဒ္ပါဝင္တဲ့ Full-length album ျဖစ္မယ္လို႔ေျပာထားပါတယ္။ ဒါဟာ Lana Del Rey ရဲ႕ 10 ခ်ပ္ေျမာက္အယ္လ္ဘမ္ျဖစ္လာမွာျဖစ္ပါတယ္။ 2023 ကထြက္ရွိခဲ့တဲ့ သူမရဲ႕ Did you know that there’s a tunnel under ocean Blvd သီခ်င္းဟာလည္း Billboard 200 Chart မွာ နံပါတ္ ၃ ေနရာရယူထားတာေတြ႕ရပါတယ္။ သူမဟာ အခ်ိန္သုံးႏွစ္ခြဲအတြင္းအယ္လ္ဘမ္ေလးခ်ပ္ထုတ္ႏိုင္ခဲ့တာမို႔ ဒီႏွစ္ေတြအတြင္းဂီတဘက္မွာ အေတာ္ေလးတစိုက္မတ္မတ္လုပ္ႏိုင္လာခဲ့တယ္လို႔ဆိုရမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*