ဘာပဲလုပ်လုပ်အောင်မြင်တယ်ဆိုတဲ့သူဆီမှာ ဒီအကျင့် ၅ ခုရှိတယ်

အလုပ်လုပ်ကြတာချင်းအတူတူ၊ တစ်နေ့တာကို 24 နာရီပိုင်ဆိုင်ရတာချင်းအတူတူတချို့တွေကထိထိရောက်ရောက်စွမ်းဆောင်နိုင်ပြီး တ ချို့တွေကဘာ့ကြောင့်အလုပ်မဖြစ်ကြတာပါလဲ။ဒါဟာ Habit လို့ခေါ်တဲ့ အလေ့အကျင့်တွေကွာခြားနေတာကြောင့်ဖြစ်ပါတယ်။အောင် မြင်တဲ့သူတွေဆီမှာတော့ အဓိကအားဖြင့် ဒီအကျင့်တွေရှိနေပါတယ်လို့လေ့လာသူတွေကဆိုထားပါတယ်။

Habit 1 – ကိုယ်ထိန်းချုပ်နိုင်၊ ကိုင်တွယ်နိုင်တဲ့အရာတွေအပေါ်ကိုပဲ ပိုမိုအာရုံစိုက်ပြီးတော့ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေအပေါ်စိတ် ပျက်ငြီးငြူနေတာမျိုးမရှိကြပါဘူး။ဥပမာ – သဘာဝဘေးအန္တရာယ်၊ ရာသီဥတုနဲ့ ကိုဗစ်လိုဖြစ်ရပ်မျိုးတွေပါ။အောင်မြင်ချင်တဲ့သူက အ ခြေအနေတွေကိုအပြစ်တင်မနေဘူး၊ ‘ရာသီဥတုကောင်းမှ Mood ကောင်းမှာပေါ့ ၊ မိုးကအုံ့နေတော့ အလုပ်မလုပ်နိုင်ဘူး’ စတဲ့အကြောင်း ပြချက်မျိုးတွေ သူ့မှာမရှိပါဘူး။ငါအလုပ်လုပ်မယ်၊ လုပ်လို့ရတဲ့အနေအထားကနေလုပ်မယ်ဆိုတဲ့စိတ်ပဲရှိကြပါတယ်။ပတ်ဝန်းကျင်အ ခြေအနေတွေက သူ့ကိုလွှမ်းမိုးနှောင့်ယှက်နိုင်စွမ်းမရှိဘဲ သူ့ရဲ့ဆုံးဖြတ်ချက်ကသာအခရာဖြစ်ပါတယ်။

Habit 2 – နောက်တစ်ချက်က Imagination ပါ။ ကိုယ်ဘယ်လိုဘဝမျိုးမှာနေချင်တယ်၊ဘယ်လိုပုံစံအောင်မြင်ချင်တယ်ဆိုတာမျိုး စိတ် ကူးယဥ်တတ်ဖို့လိုပါတယ်။စိတ်နဲ့ဖြစ်ချင်တာတွေကိုအမြဲကြံစည်တွေးတောနေမယ်၊ ပြင်းပြတဲ့ဆန္ဒရှိမယ်၊ ဝီရိယရှိမယ်၊မှန်ကန်တဲ့အလုပ်လုပ်မယ်ဆိုရင် မုချအောင်မြင်မယ်လို့ ဘုရားကလည်းဟောထားပါတယ်။နဂိုကတည်းကစိတ်ကူးကြံစည်မှုမရှိရင် ဘာမှလုပ်ဖြစ်မှာမ ဟုတ်ပါဘူး။

Habit 3 – တတိယအကျင့်ကတော့ သူ့နေရာနဲ့သူစီမံတတ်ခြင်းပါ။ Personal Management ကောင်းခြင်းကလည်း အောင်မြင်ဖို့အတွက်လိုအပ်ပါတယ်။ ကိုယ်ကလုပ်ချင်တာပဲသိပြီးစနစ်တကျမလုပ်တတ်မစီမံတတ်ရင် အောင်မြင်မှုရမှာမဟုတ်ပါဘူး၊ အလေအလွင့်တွေနဲ့မလိုအပ်ဘဲဆုံးရှုံးရတာတွေကြုံလာမှာပါ။ ဒီနေရာမှာ ကိုယ့်ရဲ့ vision ၊ mission ၊ values ၊ roles နဲ့ priority တွေက အရေးပါလာပါတယ်။ ဘယ်အရာကိုကိုယ်က ဦးစားပေးမှာလဲ။ ငွေရဖို့လား ၊ ကိုယ့်နာမည်ရေရှည်တည်တံ့ပြီးနာမည်ကောင်းကျန်ဖို့လားဆိုတာမျိုး ခိုင်မာတဲ့အ သိရှိထားရပါမယ်။

Habit 4 – Collaborate လုပ်နိုင်ခြင်းပါ။ လူတွေရဲ့ လိုအပ်ချက်နဲ့ ထင်မြင်ယူဆချက်တွေကိုသေသေချာချာသိနားလည်ခြင်း၊ စုစည်းအားနဲ့သွားရမယ်ဆိုတာကိုနားလည်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ  Communication အားကောင်းဖို့လည်းလိုပါတယ်။ ကိုယ်ပြောချင်တာကို
သူနားလည်အောင်ပြောနိုင်ဖို့လိုသလိုသူပြောတာကိုလည်းကိုယ်ကနက်နက်ရှိုင်းရှိုင်းနားလည်နိုင်တဲ့အစွမ်းရှိဖို့လိုပါတယ်။

Habit 5 – အသစ်တွေဖန်တီးနိုင်ခြင်း၊ ပြောင်းလဲမှုတွေလုပ်နိုင်ခြင်းဆိုတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့ဓားကိုအမြဲထက်နေစေရမယ်၊ ကိုယ်စတင်ထားတဲ့အလုပ်တစ်ခုကိုနေ့စဉ်သုံးသပ်နေရမယ်ပစ်မထားရဘူးလို့ အောင်မြင်သူတွေကဆိုကြပါတယ်။ဒါတွေကတော့ အလုပ်မှာအောင်မြင်တဲ့သူတွေ၊ စွမ်းဆောင်ရည်ကောင်းတဲ့သူတွေဆီမှာတွေ့ရလေ့ရှိတဲ့အလေ့အကျင့်တွေပဲဖြစ်ပါတယ်။ ကိုယ့်ဆီမှာဒီလိုအကျင့်တွေရှိနေပြီဆိုရင်တော့ ကိုယ်ဟာလည်းတစ်နေ့မှာအောင်မြင်မှုကိုဆွတ်ခူးနိုင်တော့မယ်ဆိုတာ ယုံကြည်ထားလို့ရပါပြီ။

Ju Ju

zawgyi

အလုပ္လုပ္ၾကတာခ်င္းအတူတူ၊ တစ္ေန႔တာကို 24 နာရီပိုင္ဆိုင္ရတာခ်င္းအတူတူတခ်ိဳ႕ေတြကထိထိေရာက္ေရာက္စြမ္းေဆာင္ႏိုင္ၿပီး တ ခ်ိဳ႕ေတြကဘာ့ေၾကာင့္အလုပ္မျဖစ္ၾကတာပါလဲ။ဒါဟာ Habit လို႔ေခၚတဲ့ အေလ့အက်င့္ေတြကြာျခားေနတာေၾကာင့္ျဖစ္ပါတယ္။ေအာင္ ျမင္တဲ့သူေတြဆီမွာေတာ့ အဓိကအားျဖင့္ ဒီအက်င့္ေတြရွိေနပါတယ္လို႔ေလ့လာသူေတြကဆိုထားပါတယ္။

Habit 1 – ကိုယ္ထိန္းခ်ဳပ္ႏိုင္၊ ကိုင္တြယ္ႏိုင္တဲ့အရာေတြအေပၚကိုပဲ ပိုမိုအာ႐ုံစိုက္ၿပီးေတာ့ကိုယ္မေျပာင္းလဲႏိုင္တဲ့အရာေတြအေပၚစိတ္ ပ်က္ၿငီးျငဴေနတာမ်ိဳးမရွိၾကပါဘူး။ဥပမာ – သဘာဝေဘးအႏၲရာယ္၊ ရာသီဥတုနဲ႔ ကိုဗစ္လိုျဖစ္ရပ္မ်ိဳးေတြပါ။ေအာင္ျမင္ခ်င္တဲ့သူက အ ေျခအေနေတြကိုအျပစ္တင္မေနဘူး၊ ‘ရာသီဥတုေကာင္းမွ Mood ေကာင္းမွာေပါ့ ၊ မိုးကအုံ႔ေနေတာ့ အလုပ္မလုပ္ႏိုင္ဘူး’ စတဲ့အေၾကာင္း ျပခ်က္မ်ိဳးေတြ သူ႔မွာမရွိပါဘူး။ငါအလုပ္လုပ္မယ္၊ လုပ္လို႔ရတဲ့အေနအထားကေနလုပ္မယ္ဆိုတဲ့စိတ္ပဲရွိၾကပါတယ္။ပတ္ဝန္းက်င္အ ေျခအေနေတြက သူ႔ကိုလႊမ္းမိုးေႏွာင့္ယွက္ႏိုင္စြမ္းမရွိဘဲ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကသာအခရာျဖစ္ပါတယ္။

Habit 2 – ေနာက္တစ္ခ်က္က Imagination ပါ။ ကိုယ္ဘယ္လိုဘဝမ်ိဳးမွာေနခ်င္တယ္၊ဘယ္လိုပုံစံေအာင္ျမင္ခ်င္တယ္ဆိုတာမ်ိဳး စိတ္ ကူးယဥ္တတ္ဖို႔လိုပါတယ္။စိတ္နဲ႔ျဖစ္ခ်င္တာေတြကိုအၿမဲႀကံစည္ေတြးေတာေနမယ္၊ ျပင္းျပတဲ့ဆႏၵရွိမယ္၊ ဝီရိယရွိမယ္၊မွန္ကန္တဲ့အလုပ္လုပ္မယ္ဆိုရင္ မုခ်ေအာင္ျမင္မယ္လို႔ ဘုရားကလည္းေဟာထားပါတယ္။နဂိုကတည္းကစိတ္ကူးႀကံစည္မႈမရွိရင္ ဘာမွလုပ္ျဖစ္မွာမ ဟုတ္ပါဘူး။

Habit 3 – တတိယအက်င့္ကေတာ့ သူ႔ေနရာနဲ႔သူစီမံတတ္ျခင္းပါ။ Personal Management ေကာင္းျခင္းကလည္း ေအာင္ျမင္ဖို႔အတြက္လိုအပ္ပါတယ္။ ကိုယ္ကလုပ္ခ်င္တာပဲသိၿပီးစနစ္တက်မလုပ္တတ္မစီမံတတ္ရင္ ေအာင္ျမင္မႈရမွာမဟုတ္ပါဘူး၊ အေလအလြင့္ေတြနဲ႔မလိုအပ္ဘဲဆုံးရႈံးရတာေတြႀကဳံလာမွာပါ။ ဒီေနရာမွာ ကိုယ့္ရဲ႕ vision ၊ mission ၊ values ၊ roles နဲ႔ priority ေတြက အေရးပါလာပါတယ္။ ဘယ္အရာကိုကိုယ္က ဦးစားေပးမွာလဲ။ ေငြရဖို႔လား ၊ ကိုယ့္နာမည္ေရရွည္တည္တံ့ၿပီးနာမည္ေကာင္းက်န္ဖို႔လားဆိုတာမ်ိဳး ခိုင္မာတဲ့အ သိရွိထားရပါမယ္။

Habit 4 – Collaborate လုပ္ႏိုင္ျခင္းပါ။ လူေတြရဲ႕ လိုအပ္ခ်က္နဲ႔ ထင္ျမင္ယူဆခ်က္ေတြကိုေသေသခ်ာခ်ာသိနားလည္ျခင္း၊ စုစည္းအားနဲ႔သြားရမယ္ဆိုတာကိုနားလည္ျခင္းျဖစ္ပါတယ္။ ဒီေနရာမွာ  Communication အားေကာင္းဖို႔လည္းလိုပါတယ္။ ကိုယ္ေျပာခ်င္တာကို
သူနားလည္ေအာင္ေျပာႏိုင္ဖို႔လိုသလိုသူေျပာတာကိုလည္းကိုယ္ကနက္နက္ရႈိင္းရႈိင္းနားလည္ႏိုင္တဲ့အစြမ္းရွိဖို႔လိုပါတယ္။

Habit 5 – အသစ္ေတြဖန္တီးႏိုင္ျခင္း၊ ေျပာင္းလဲမႈေတြလုပ္ႏိုင္ျခင္းဆိုတဲ့အက်င့္တစ္ခုျဖစ္ပါတယ္။ကိုယ့္ရဲ႕ဓားကိုအၿမဲထက္ေနေစရမယ္၊ ကိုယ္စတင္ထားတဲ့အလုပ္တစ္ခုကိုေန႔စဥ္သုံးသပ္ေနရမယ္ပစ္မထားရဘူးလို႔ ေအာင္ျမင္သူေတြကဆိုၾကပါတယ္။ဒါေတြကေတာ့ အလုပ္မွာေအာင္ျမင္တဲ့သူေတြ၊ စြမ္းေဆာင္ရည္ေကာင္းတဲ့သူေတြဆီမွာေတြ႕ရေလ့ရွိတဲ့အေလ့အက်င့္ေတြပဲျဖစ္ပါတယ္။ ကိုယ့္ဆီမွာဒီလိုအက်င့္ေတြရွိေနၿပီဆိုရင္ေတာ့ ကိုယ္ဟာလည္းတစ္ေန႔မွာေအာင္ျမင္မႈကိုဆြတ္ခူးႏိုင္ေတာ့မယ္ဆိုတာ ယုံၾကည္ထားလို႔ရပါၿပီ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*