To My Harry နဲ့ ပရိသတ်ဆီပြန်လာမယ့် Lee Jin Wook

မင်းသား Lee Jin Wook တစ်ယောက် To My Harry ဆိုတဲ့ဇာတ်လမ်းတွဲကိုလက်ခံရိုက်ကူးမယ်လို့သိရပါတယ်။To My Harry ဟာ When The Weather is Fine ဆိုတဲ့စာအုပ်ကိုအခြေခံရိုက်ကူးတာဖြစ်ပြီး လူတစ်ကိုယ်တည်းမှာတင်စရိုက်အမျိုးမျိုး၊စိတ်အမျိုးမျိုးပြောင်းလဲတတ်တဲ့ စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ချိတ်ဆက်မှုတွေကို တင်ဆက်မှာဖြစ်ပါတယ်။
Lee Jin Wook နဲ့အတူ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် Shin Hye Sun ကပါဝင်မှာဖြစ်ပါတယ်။

Lee Jin Wook ဟာ အချစ်ဒရာမာဖြစ်တဲ့ I Need Romance မှာလည်းပါဝင်ခဲ့ပြီး Nine၊ The Time We Were Not In Love ၊ Air City ၊ Voice ၊ Sweet Home ၊Beauty Inside ၊ Doona စတဲ့ ဒရာမာတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှုရရှိထားသူဖြစ်ပါတယ်။
Squid Game 2 နဲ့ Dark Nuns မှာပါဝင်နိုင်ခဲ့တာက သူ့ရဲ့စွယ်စုံရတဲ့သရုပ်ဆောင်အရည်အချင်း‌ကြောင့်ဖြစ်တယ်လို့ မီဒီယာတွေကမှတ်ချက်ပြုထားကြပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*