ဇာတ်ကားရိုက်နေတဲ့ JiSoo အတွက် Coffee Truck ပို့ပေးတဲ့ Rose

Lee Min Ho ၊ NaNa ၊ Ahn Hyo Seop ၊ Chae Soo Bin ၊Shin Seung Ho၊ Park Ho San နဲ့ JiSoo တို့ပါဝင်သရုပ်ဆောင်မယ့် Omniscient Reader ဆိုတဲ့ဇာတ်ကားဟာ ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ပရိသတ်စိတ်ဝင်စားမှုမြင့်မားနေပါတယ်။နာမည်ကြီးဝတ္ထုဖြစ်တဲ့ Omniscient Reader’s View Point ကို အခြေခံပြီးရိုက်ကူးထားတဲ့ဒီရုပ်ရှင်ကားမှာ နာမည်ကြီးမင်းသားမင်းသမီးတွေပဲပါဝင်တာမို့ဇာတ်ကားရိုက်ကူးရေးလုပ်ကတည်းကပေါ်ပြူလာဖြစ်နေခဲ့တာပါ။ဒီကားမှာသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်တဲ့ Black Pink မှ JiSoo ကလည်းဇာတ်ကားရိုက်ကူးရေးစနေပြီဆိုတဲ့အကြောင်းကို သူမရဲ့ဆိုရှယ်မီဒီယာကနေမျှဝေထားပါတယ်။

ဒီလိုရိုက်ကူးရေးစတင်ချိန်မှာ သူမတို့အဖွဲ့သားအားလုံးအတွက် Rose(Black Pink) က Coffee Truck ပို့လိုက်တဲ့အကြောင်းကို သူမရဲ့ Instagram မှာတင်ထားခဲ့ပါတယ်။ JiSoo တင်မကရုပ်ရှင်ဒါရိုက်တာကလည်း ဒီ Coffee Truck အကြောင်းကိုအသေးစိတ်ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။“ငါ့ရဲ့ JiSoo လေးကိုဂရုစိုက်ပေးပါနော်။ ကံကောင်းပါစေ Omniscient Reader” လို့ Rose ကအမှာစကားရေးသားထားတာကို တွေ့မြင်ရပါတယ်။“ဒီလိုချမ်းအေးတဲ့အချိန်ကြီးမှာအလုပ်လုပ်နေရတဲ့ သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေ၊အဖွဲ့သားတွေအားလုံးနွေးထွေးပါစေ၊ Omniscient Reader ရေ ဖိုက်တင်းပါ။ပျော်ပျော်ရွှင်ရွှင်သုံးဆောင်ပြီးခွန်အားတွေရရှိကြပါစေ” လို့လည်းသူမရဲ့အမှာစကားကိုကားမှာဖော်ပြထားတာ တွေ့ရပါတယ်။

Ju Ju

zawgyi

Lee Min Ho ၊ NaNa ၊ Ahn Hyo Seop ၊ Chae Soo Bin ၊Shin Seung Ho၊ Park Ho San နဲ႔ JiSoo တို႔ပါဝင္သ႐ုပ္ေဆာင္မယ့္ Omniscient Reader ဆိုတဲ့ဇာတ္ကားဟာ ပါဝင္တဲ့သ႐ုပ္ေဆာင္ေတြေၾကာင့္ပရိသတ္စိတ္ဝင္စားမႈျမင့္မားေနပါတယ္။နာမည္ႀကီးဝတၳဳျဖစ္တဲ့ Omniscient Reader’s View Point ကို အေျခခံၿပီး႐ိုက္ကူးထားတဲ့ဒီ႐ုပ္ရွင္ကားမွာ နာမည္ႀကီးမင္းသားမင္းသမီးေတြပဲပါဝင္တာမို႔ဇာတ္ကား႐ိုက္ကူးေရးလုပ္ကတည္းကေပၚျပဴလာျဖစ္ေနခဲ့တာပါ။ဒီကားမွာသ႐ုပ္ေဆာင္တစ္ဦးအေနနဲ႔ပါဝင္တဲ့ Black Pink မွ JiSoo ကလည္းဇာတ္ကား႐ိုက္ကူးေရးစေနၿပီဆိုတဲ့အေၾကာင္းကို သူမရဲ႕ဆိုရွယ္မီဒီယာကေနမွ်ေဝထားပါတယ္။

ဒီလို႐ိုက္ကူးေရးစတင္ခ်ိန္မွာ သူမတို႔အဖြဲ႕သားအားလုံးအတြက္ Rose(Black Pink) က Coffee Truck ပို႔လိုက္တဲ့အေၾကာင္းကို သူမရဲ႕ Instagram မွာတင္ထားခဲ့ပါတယ္။ JiSoo တင္မက႐ုပ္ရွင္ဒါ႐ိုက္တာကလည္း ဒီ Coffee Truck အေၾကာင္းကိုအေသးစိတ္ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။“ငါ့ရဲ႕ JiSoo ေလးကိုဂ႐ုစိုက္ေပးပါေနာ္။ ကံေကာင္းပါေစ Omniscient Reader” လို႔ Rose ကအမွာစကားေရးသားထားတာကို ေတြ႕ျမင္ရပါတယ္။“ဒီလိုခ်မ္းေအးတဲ့အခ်ိန္ႀကီးမွာအလုပ္လုပ္ေနရတဲ့ သ႐ုပ္ေဆာင္ေတြ၊ ဝန္ထမ္းေတြ၊အဖြဲ႕သားေတြအားလုံးေႏြးေထြးပါေစ၊ Omniscient Reader ေရ ဖိုက္တင္းပါ။ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္သုံးေဆာင္ၿပီးခြန္အားေတြရရွိၾကပါေစ” လို႔လည္းသူမရဲ႕အမွာစကားကိုကားမွာေဖာ္ျပထားတာ ေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*