ကလေးအမေဖြစ်တော့မယ့် အာဂျီးမား

နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲတွေမှာ အာဂျီးမားအဖြစ်နဲ့သရုပ်ဆောင်ပီပြင်ခဲ့ပြီးပရိသတ်အားပေးမှုရခဲ့တဲ့ ချာချောင်ဟွာတစ်ယောက်မကြာခင်မှာကလေးအမေတစ်ယောက်ဖြစ်လာတော့မယ်လို့သိရပါတယ်။ချာချောင်ဟွာဟာ အသက် 40 ကျော်မှ သူ့ထက်2 နှစ်ငယ်တဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲကို 2023 ခုနစ်၊ အောက်တိုဘာလကပြုလုပ်ခဲ့ပြီးသူ့ရဲ့ခင်ပွန်းကတော့ အနုပညာနယ်ပယ်ကမဟုတ်ပါဘူး။

သူမကဒီနှစ်အတွင်းမှာပဲ ကလေးမေမေတစ်ယောက်ဖြစ်လာတော့မယ်လို့တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ချာချောင်ဟွာဟာ 2005 ခုနစ်ကတည်းကပြဇာတ်သရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေစလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့သူမဟာဇာတ်လမ်းတွဲတွေမှာပါဝင်လာခဲ့ပြီး Crash Landing On You ၊ Mr. Queen နဲ့ Hometown Cha Cha လိုနာမည်ရဇာတ်လမ်းတွဲတွေထဲက အာဂျီးမားအဖြစ်နဲ့နာမည်ရလာခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

နာမည္ႀကီးကိုရီးယားဇာတ္လမ္းတြဲေတြမွာ အာဂ်ီးမားအျဖစ္နဲ႔သ႐ုပ္ေဆာင္ပီျပင္ခဲ့ၿပီးပရိသတ္အားေပးမႈရခဲ့တဲ့ ခ်ာေခ်ာင္ဟြာတစ္ေယာက္မၾကာခင္မွာကေလးအေမတစ္ေယာက္ျဖစ္လာေတာ့မယ္လို႔သိရပါတယ္။ခ်ာေခ်ာင္ဟြာဟာ အသက္ 40 ေက်ာ္မွ သူ႔ထက္2 ႏွစ္ငယ္တဲ့အမ်ိဳးသားတစ္ေယာက္နဲ႔လက္ထပ္ခဲ့တာျဖစ္ပါတယ္။ သူတို႔ရဲ႕လက္ထပ္ပြဲကို 2023 ခုနစ္၊ ေအာက္တိုဘာလကျပဳလုပ္ခဲ့ၿပီးသူ႔ရဲ႕ခင္ပြန္းကေတာ့ အႏုပညာနယ္ပယ္ကမဟုတ္ပါဘူး။

သူမကဒီႏွစ္အတြင္းမွာပဲ ကေလးေမေမတစ္ေယာက္ျဖစ္လာေတာ့မယ္လို႔တရားဝင္ေၾကညာခဲ့တာျဖစ္ပါတယ္။ခ်ာေခ်ာင္ဟြာဟာ 2005 ခုနစ္ကတည္းကျပဇာတ္သ႐ုပ္ေဆာင္အျဖစ္နဲ႔အႏုပညာအလုပ္ေတြစလုပ္ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့သူမဟာဇာတ္လမ္းတြဲေတြမွာပါဝင္လာခဲ့ၿပီး Crash Landing On You ၊ Mr. Queen နဲ႔ Hometown Cha Cha လိုနာမည္ရဇာတ္လမ္းတြဲေတြထဲက အာဂ်ီးမားအျဖစ္နဲ႔နာမည္ရလာခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*