အလုပ်မှာအောင်မြင်ဖို့အတွက် ကိုယ့်ဦးနှောက်ကိုပေးအပ်သင့်တဲ့အရာများ

ကိုယ့်ရဲ့ဦးနှောက်(Brain)က ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ။ ဦးနှောက်အတွက်စဉ်းစားပြီးသူလိုတာကိုဖြည့်ဆည်းပေးနိုင်ခြင်းက ကိုယ့်ရဲ့ Career အတွက်ရော Life အတွက်ပါအောင်မြင်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။ဒါ့ကြောင့် ကိုယ့်ရဲ့ Brain အတွက်သီးသန့်လေးစဉ်းစားဖြည့်ဆည်းပေးမယ်ဆိုရင်သိပ္ပံနည်းကျလေ့လာသုံးသပ်ထားတဲ့ ဒီအရာ ၁၀ မျိုးကိုပေးစွမ်းသင့်ပါတယ်။

Green Time
ဘာ Screen မှမကြည့်ဘဲ စိမ်းလန်းတဲ့ပတ်ဝန်းကျင်ကိုကြည့်တာ၊သစ်ပင်ပန်းမန်တွေကြားထဲမှာအချိန်ဖြုန်းတာက ဦးနှောက်ရဲ့မှန်ကန်စွာတွေးတောဆင်ခြင်နိုင်စွမ်းကိုပိုတိုးလာစေပြီး ရှင်းရှင်းလင်းလင်းတွေးတတ်ခြင်းနဲ့ စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းစတာတွေကိုအား ကောင်းစေပါတယ်။

Blood flow
ကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်ဆီကိုအပြည့်အဝသွေးစီးဆင်းမှုရှိစေပြီး မေ့လွယ်တာ၊ကောင်းကောင်းမတွေးတောနိုင်ဘဲ စိတ်ဖောက် ပြန်တာတွေကို ဖြစ်ပွားနိုင်ခြေနည်းစေပါတယ်။ ဒါကြောင့်ကိုယ်လက်လှုပ်ရှားလုပ်ခြင်းက ဦးနှောက်အတွက်အရေးပါပါတယ်။

Safety
ဦးနှောက်က စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိနေမှ ကောင်းကောင်းအလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ကြောက်ရွံ့နေရတဲ့ ပတ်ဝန်းကျင်မှာဆိုရင် အ ကြံဉာဏ်ကောင်းနဲ့ Productivity ဘာမှတိုးတက်လာမှာမဟုတ်ပါဘူး။ ဆူပူမာန်မဲနေကျအလုပ်ရှင်နဲ့ဆိုရင် ဦးနှောက်ကသူအမှားမလုပ်မိဖို့ကိုသာ အာရုံစိုက်မှာဖြစ်ပြီး တခြားသောတွေးတောဆင်ခြင်နိုင်စွမ်း၊ဖန်တီးနိုင်စွမ်းတွေကိုဆုံးရှုံးစေပါတယ်။

Music
ဦးနှောက်ကဂီတကိုချစ်ပါတယ်။အဓိပ္ပါယ်ရှိတဲ့ ဂီတသံကိုထပ်ခါထပ်ခါနားထောင်တဲ့အခါ ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်းနဲ့တခြားသောလုပ် ဆောင်မှုတွေဟာလည်း တိုးတက်လာပါတယ်။ အလုပ်မှာနားကြပ်လေးနဲ့အကြိုက်ဆုံးသီချင်းလေးတွေနားထောင်တာကကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုးလာစေပါတယ်။

Sleep
ဦးနှောက်ဟာလုံလောက်တဲ့အိပ်စက်အနားယူမှုမရရင် ဆန္ဒပြပါတယ်။ အရာရာကိုအကောင်းဆုံးစဉ်းစားလုပ်ဆောင်နိုင်ဖို့၊ စိတ်ဖိစီးမှုတွေကိုခံနိုင်ရည်ရှိဖို့ကအိပ်ချိန်ပြည့်ပြည့်ဝဝလိုပါတယ်။

Novelty
အသစ်အဆန်း၊ အထူးအဆန်းလေးတွေကို ဦးနှောက်ကအရမ်းကြိုက်ပါတယ်။အသစ်အဆန်း‌လေးတွေနဲ့ထိတွေ့ပေးတာ၊ နေရာအသစ်၊ ဖန်တီးမှုအသစ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာက Brain Circuit ကို ပြန်တည်ဆောက်ပေးနိုင်ပြီး စိတ်ကူးသစ်၊ အတွေးအကြံသစ်တွေထွက်လာစေပါတယ်။

Social Connection
သူငယ်ချင်းတွေနဲ့တွေ့တာ၊ တစ်နေရာရာမှာ လုပ်အားပေးလုပ်တာမျိုးက ဦးနှောက်ကိုပိုကျန်းမာစေပြီးနေ့စဉ်လုပ်နေရတဲ့အလုပ်နဲ့ဆုံး ဖြတ်ချက်တွေအပေါ်ကောင်းမွန်တဲ့သက်ရောက်မှုကိုဖြစ်စေပါတယ်။

Micro breaks
၅ မိနစ်လောက်အနားယူပေးတာ(ဥပမာ – meditation လုပ်တာ၊ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်တာ၊အကြောဆန့်တာ၊ ပြတင်းပေါက်ကနေငေးကြည့်တာ) မျိုးတွေကို ဦးနှောက်ကသဘောကျပါတယ်။အလုပ်ချိန်အတွင်းမှာလည်း ဒီလိုအချိန်ပိုင်းလေး နားတာမျိုးမဖြစ်မနေလုပ်သင့်ပါတယ်။

Brain foods
အသား၊ နို့၊ ချိစ်၊ ကြက်ဥ၊ ငါးအမျိုးမျိုးတွေက ဦးနှောက်ကိုကျန်းမာစေပြီးစိတ်လည်းကြည်လင်စေပါတယ်။ ကောက်နှံပင်၊ ထောပတ်သီး၊ အချဉ်ဓာတ်ပါတဲ့အသီးတွေကိုလည်းဦးနှောက်အတွက်စားပေးသင့်ပါတယ်။

Brain Fitness
Puzzle ကစားတာ၊ စာဖတ်တာ၊ Skill အသစ်တစ်ခုခုကိုသင်ယူတာ စတဲ့အရာတွေကဦးနှောက်လေ့ကျင့်ခန်းတွေပါ။ ဒါတွေကအသိဉာဏ်ပိုင်းဆိုင်ရာပျက်စီးလာမှုကိုနှေးစေပြီး ဦးနှောက်ရဲ့ Function တွေယိုယွင်းလာခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အခက်အခဲတွေ၊ ပြ ဿနာတွေကိုဖြေရှင်းရတာကလည်းဦးနှောက်ကို ကျန်းမာစေတာပါပဲ။ အခက်အခဲတွေ၊ ပြဿနာတွေဖြေရှင်းပြီးချိန်မှာဦးနှောက်ပင်ပန်းမှု‌က သိသိသာသာပြေလျော့သွားစေတတ်လို့ဖြစ်ပါတယ်။ဒါကြောင့်လည်း အချိန်ပြည့်အလုပ်လုပ်နေရတဲ့ ဦးနှောက်လေးကို အစာကျွေးပါ၊ အနားပေးပါ၊သူကျန်းမာအောင်ဂရုစိုက်ပေးပါလို့ အကြံပြုချင်ပါတယ်။

Ju Ju

zawgyi

ကိုယ့္ရဲ႕ဦးေႏွာက္(Brain)က ကိုယ့္ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းပါပဲ။ ဦးေႏွာက္အတြက္စဥ္းစားၿပီးသူလိုတာကိုျဖည့္ဆည္းေပးႏိုင္ျခင္းက ကိုယ့္ရဲ႕ Career အတြက္ေရာ Life အတြက္ပါေအာင္ျမင္မႈေတြကိုေပးစြမ္းႏိုင္ပါတယ္။ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ Brain အတြက္သီးသန႔္ေလးစဥ္းစားျဖည့္ဆည္းေပးမယ္ဆိုရင္သိပၸံနည္းက်ေလ့လာသုံးသပ္ထားတဲ့ ဒီအရာ ၁၀ မ်ိဳးကိုေပးစြမ္းသင့္ပါတယ္။

Green Time
ဘာ Screen မွမၾကည့္ဘဲ စိမ္းလန္းတဲ့ပတ္ဝန္းက်င္ကိုၾကည့္တာ၊သစ္ပင္ပန္းမန္ေတြၾကားထဲမွာအခ်ိန္ျဖဳန္းတာက ဦးေႏွာက္ရဲ႕မွန္ကန္စြာေတြးေတာဆင္ျခင္ႏိုင္စြမ္းကိုပိုတိုးလာေစၿပီး ရွင္းရွင္းလင္းလင္းေတြးတတ္ျခင္းနဲ႔ စိတ္ခံစားခ်က္ကိုထိန္းခ်ဳပ္ႏိုင္ျခင္းစတာေတြကိုအား ေကာင္းေစပါတယ္။

Blood flow
ကိုယ္လက္လႈပ္ရွားမႈက ဦးေႏွာက္ဆီကိုအျပည့္အဝေသြးစီးဆင္းမႈရွိေစၿပီး ေမ့လြယ္တာ၊ေကာင္းေကာင္းမေတြးေတာႏိုင္ဘဲ စိတ္ေဖာက္ ျပန္တာေတြကို ျဖစ္ပြားႏိုင္ေျခနည္းေစပါတယ္။ ဒါေၾကာင့္ကိုယ္လက္လႈပ္ရွားလုပ္ျခင္းက ဦးေႏွာက္အတြက္အေရးပါပါတယ္။

Safety
ဦးေႏွာက္က စိတ္ပိုင္းဆိုင္ရာလုံၿခဳံမႈရွိေနမွ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္တာျဖစ္ပါတယ္။ေၾကာက္႐ြံ႕ေနရတဲ့ ပတ္ဝန္းက်င္မွာဆိုရင္ အ ႀကံဉာဏ္ေကာင္းနဲ႔ Productivity ဘာမွတိုးတက္လာမွာမဟုတ္ပါဘူး။ ဆူပူမာန္မဲေနက်အလုပ္ရွင္နဲ႔ဆိုရင္ ဦးေႏွာက္ကသူအမွားမလုပ္မိဖို႔ကိုသာ အာ႐ုံစိုက္မွာျဖစ္ၿပီး တျခားေသာေတြးေတာဆင္ျခင္ႏိုင္စြမ္း၊ဖန္တီးႏိုင္စြမ္းေတြကိုဆုံးရႈံးေစပါတယ္။

Music
ဦးေႏွာက္ကဂီတကိုခ်စ္ပါတယ္။အဓိပၸါယ္ရွိတဲ့ ဂီတသံကိုထပ္ခါထပ္ခါနားေထာင္တဲ့အခါ ဦးေႏွာက္ရဲ႕ မွတ္သားႏိုင္စြမ္းနဲ႔တျခားေသာလုပ္ ေဆာင္မႈေတြဟာလည္း တိုးတက္လာပါတယ္။ အလုပ္မွာနားၾကပ္ေလးနဲ႔အႀကိဳက္ဆုံးသီခ်င္းေလးေတြနားေထာင္တာကကိုယ့္ရဲ႕အလုပ္လုပ္ႏိုင္စြမ္းကိုတိုးလာေစပါတယ္။

Sleep
ဦးေႏွာက္ဟာလုံေလာက္တဲ့အိပ္စက္အနားယူမႈမရရင္ ဆႏၵျပပါတယ္။ အရာရာကိုအေကာင္းဆုံးစဥ္းစားလုပ္ေဆာင္ႏိုင္ဖို႔၊ စိတ္ဖိစီးမႈေတြကိုခံႏိုင္ရည္ရွိဖို႔ကအိပ္ခ်ိန္ျပည့္ျပည့္ဝဝလိုပါတယ္။

Novelty
အသစ္အဆန္း၊ အထူးအဆန္းေလးေတြကို ဦးေႏွာက္ကအရမ္းႀကိဳက္ပါတယ္။အသစ္အဆန္း‌ေလးေတြနဲ႔ထိေတြ႕ေပးတာ၊ ေနရာအသစ္၊ ဖန္တီးမႈအသစ္ေတြနဲ႔ ေတြ႕ဆုံခြင့္ေပးတာက Brain Circuit ကို ျပန္တည္ေဆာက္ေပးႏိုင္ၿပီး စိတ္ကူးသစ္၊ အေတြးအႀကံသစ္ေတြထြက္လာေစပါတယ္။

Social Connection
သူငယ္ခ်င္းေတြနဲ႔ေတြ႕တာ၊ တစ္ေနရာရာမွာ လုပ္အားေပးလုပ္တာမ်ိဳးက ဦးေႏွာက္ကိုပိုက်န္းမာေစၿပီးေန႔စဥ္လုပ္ေနရတဲ့အလုပ္နဲ႔ဆုံး ျဖတ္ခ်က္ေတြအေပၚေကာင္းမြန္တဲ့သက္ေရာက္မႈကိုျဖစ္ေစပါတယ္။

Micro breaks
၅ မိနစ္ေလာက္အနားယူေပးတာ(ဥပမာ – meditation လုပ္တာ၊ အသက္ျပင္းျပင္းရႉသြင္းရႉထုတ္တာ၊အေၾကာဆန႔္တာ၊ ျပတင္းေပါက္ကေနေငးၾကည့္တာ) မ်ိဳးေတြကို ဦးေႏွာက္ကသေဘာက်ပါတယ္။အလုပ္ခ်ိန္အတြင္းမွာလည္း ဒီလိုအခ်ိန္ပိုင္းေလး နားတာမ်ိဳးမျဖစ္မေနလုပ္သင့္ပါတယ္။

Brain foods
အသား၊ ႏို႔၊ ခ်ိစ္၊ ၾကက္ဥ၊ ငါးအမ်ိဳးမ်ိဳးေတြက ဦးေႏွာက္ကိုက်န္းမာေစၿပီးစိတ္လည္းၾကည္လင္ေစပါတယ္။ ေကာက္ႏွံပင္၊ ေထာပတ္သီး၊ အခ်ဥ္ဓာတ္ပါတဲ့အသီးေတြကိုလည္းဦးေႏွာက္အတြက္စားေပးသင့္ပါတယ္။

Brain Fitness
Puzzle ကစားတာ၊ စာဖတ္တာ၊ Skill အသစ္တစ္ခုခုကိုသင္ယူတာ စတဲ့အရာေတြကဦးေႏွာက္ေလ့က်င့္ခန္းေတြပါ။ ဒါေတြကအသိဉာဏ္ပိုင္းဆိုင္ရာပ်က္စီးလာမႈကိုေႏွးေစၿပီး ဦးေႏွာက္ရဲ႕ Function ေတြယိုယြင္းလာျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ အခက္အခဲေတြ၊ ျပ ႆနာေတြကိုေျဖရွင္းရတာကလည္းဦးေႏွာက္ကို က်န္းမာေစတာပါပဲ။ အခက္အခဲေတြ၊ ျပႆနာေတြေျဖရွင္းၿပီးခ်ိန္မွာဦးေႏွာက္ပင္ပန္းမႈ‌က သိသိသာသာေျပေလ်ာ့သြားေစတတ္လို႔ျဖစ္ပါတယ္။ဒါေၾကာင့္လည္း အခ်ိန္ျပည့္အလုပ္လုပ္ေနရတဲ့ ဦးေႏွာက္ေလးကို အစာေကြၽးပါ၊ အနားေပးပါ၊သူက်န္းမာေအာင္ဂ႐ုစိုက္ေပးပါလို႔ အႀကံျပဳခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*