အသက် ၃၀ အရွယ်မှာ သိထားသင့်တဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (၅) ချက်

အသက် ၃၀ အရွယ်မှာ ဘဝဟာအနည်းငယ်ရှုပ်ထွေးတဲ့အနေအထားမှာ ရှိနေပါတယ်။လူ့သက်တမ်းတစ်ဝက်ကျိုးပြီဆိုတဲ့အတွေး၊ Career အပြောင်းအလဲ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့စဉ်းစားချိန်၊အိမ်ထောင်ပြုဖို့၊ မိသားစုဘဝတည်ဆောက်ဖို့ စတဲ့ စတဲ့ စဉ်းစားတွေးတောစရာတွေ အများကြီးကြုံရတဲ့အနေအထားပါ။ဒီအနေအထားတွေကို လှလှပပကိုင်တွယ်နိုင်ဖို့အရေးဟာ ငွေကြေးအပေါ်မှာလည်းအများကြီးအခြေခံသွားသလို အခြေခံငွေကြေးစီမံခန့်ခွဲမှုကိုလည်းမဖြစ်မနေနိုင်နင်းရတော့မယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်လည်း ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ရင် ကျွမ်းကျင်ပညာရှင်အဖြစ်လုပ်ကိုင်နေသူ၊ Beyond Your Hammock ရဲ့တည်ထောင်သူ Eric Roberge က အ သက် ၃၀ အရွယ်မှာသိသင့်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ အချက် (၅) ချက်ကိုမျှဝေပေးထားပါတယ်။ သူ့ရဲ့ Professional အရသိထားတဲ့အတွေ့အကြုံ၊ လက်တွေ့ဘဝမှာကြုံရတဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးအရေးကြီးတဲ့အချက် (၅) ချက်ကိုထုတ်နုတ်ဖော်ပြပေးထားတာဖြစ်ပါတယ်။

ဝင်ငွေနဲ့ထွက်ငွေကြား အဟကွာအောင်လုပ်ပါ
သူက ဝင်ငွေနဲ့ထွက်ငွေကြားများများ Gap ဖြစ်လေကောင်းလေပါပဲလို့ဆိုပါတယ်။ တစ်လမှာငွေဆယ်သိန်းဝင်တယ်ဆိုရင် ကိုးသိန်းသုံးလိုက်တာကသင့်အတွက်အဆင်ပြေတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် သင်ရှာနိုင်တာထက်ပိုမသုံးလို့ပါပဲ။တကယ် တမ်း သင်ဟာငွေကြေးနဲ့ပတ်သက်ပြီး ရင်းနှီးငွေရအောင်စုဆောင်းမယ်ဆိုရင်တော့ ဝင်ငွေနဲ့ထွက်ငွေရဲ့ကြားအကွာအဝေးကို ကျဲသထက်ကျဲစေရပါမယ်။ငွေဆယ်သိန်းဝင်ရင် ၅ သိန်း ပဲသုံးပြီး ၅ သိန်းကို စုဆောင်းနိုင်တယ်ဆိုမှသာ အဆင်ပြေပါလိမ့်မယ်။ဒီတော့ ငွေများများဝင်အောင်ကြိုးစားပြီး ချွေတာသုံးဖို့လိုပါတယ်။

ရာခိုင်နှုန်းကိုစုပါ
လစဉ်ငွေစုတယ်ဆိုတဲ့နေရာမှာ ပိုက်ဆံပမာဏကို မစုပါနဲ့။ ရာခိုင်နှုန်းကို စုပါတဲ့။ ၅ သိန်းဝင်ချိန်မှာစုငွေက၅ သောင်း၊ ၇ သိန်းဝင်ချိန်မှာလည်း ၅ သောင်းစုနေလို့မရပါဘူး။ ဒါကြောင့် ကိုယ့်ဝင်ငွေရဲ့ဘယ်နှရာခိုင်နှုန်းကိုစုမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ငွေကိုစုပါ။ ဒါမှသာ သင့်ဝင် ငွေတိုးလာတာနဲ့အမျှစုတဲ့ပမာဏကတိုးလာမှာပါ။

အရိပ်တကြည့်ကြည်ရှိပါစေ
လူတော်တော်များများက ငွေများများစုထားပြီးရင် ငါ့ဘဏ်စာအုပ်ထဲငွေရှိတာပဲဆိုတဲ့ အတွေးနဲ့ကိုယ်ဝယ်ချင်တာ သုံးချင်တာသေးသေးမှစ ကြီးကြီးအထိ သုံးမိကြပါတယ်။ ဒီလိုနဲ့ စုငွေတွေဟာဆီလိုအပေါက်ရှာထွက်သွားတတ်ကြပါတယ်။ ငွေကိုအရိပ်တကြည့်ကြည့်နဲ့တွက်ဆမနေဘူးဆိုရင်သူကလည်းကိုယ့်ကိုမကြည့်ပါဘူး။ ဒါကြောင့် နေ့စဉ်၊ အပတ်စဉ်ဝင်ငွေထွက်ငွေစစ်တာမျိုး၊ ပြက္ခဒိန်မှာရက်တစ်ရက်မှတ်ထားပြီး ကိုယ့်သုံးငွေကိုတစ်ရက်အချိန်ပေးစစ်တာမျိုးပြုလုပ်ဖို့လိုပါတယ်။

ပိုမသုံးပါနဲ့ ရှယ်သုံးပါ
ငွေများများရှာနိုင်ရင် များများသုံးနိုင်ပြီလို့ အားလုံးကတွေးပါတယ်။ တကယ်တမ်းမှာတော့ငွေပိုသုံးတာထက် ငွေကိုဘယ်နေရာတွေမှာ သုံးမလဲဆိုတာက အရေးကြီးပါတယ်။ ငွေအပိုရလာရင်ကိုယ်ပျော်ရွှင်မှုရဖို့၊ စိတ်ကျေနပ်မှုရဖို့၊ ကိုယ့်ဝါသနာအတွက် အထောက်အပံ့ဖြစ်စေဖို့ စတဲ့နေရာတွေမှာသုံးပါ။ ကင်မရာဝယ်ချင်ခဲ့ပေမယ့် မဝယ်နိုင်ခဲ့ဘူး၊ တူရိယာပစ္စည်းတစ်ခုခုဝယ်ချင်ခဲ့ပေမယ့်မဝယ်နိုင်ခဲ့ဘူးဆိုရင် ငွေပိုသုံးလာနိုင်ချိန်မှာ ဝယ်လိုက်တာက စမတ်ကျတဲ့သုံးစွဲနည်းဖြစ်ပါတယ်။

ရည်မှန်းချက်ရှင်းရှင်းထားပါ
သာမန်လူအတွက်တော့ လုပ်ငန်းကြီးတွေလိုမျိုးငွေကြေးအတွက်များမြောင်လှတဲ့ စီမံခန့်ခွဲမှုတွေ၊ Goal တွေမလိုပါဘူး။ ဒါကြောင့်ရိုးရှင်းတဲ့ ရည်မှန်းချက်ပဲ ထားရှိပါ။ သင့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကို ဂရုစိုက်ပါ။ငွေကြေးချမ်းသာဖို့ဖြတ်လမ်းနည်းကို မလိုက်ပါနဲ့။ ရက်ပိုင်း လပိုင်းနဲ့ ချမ်းသာခြင်းကိုမတည်ဆောက်နိုင်ပါဘူး။ဒါတွေကတော့ Eric Roberge ရဲ့အကြံပြုချက်တွေပါ။ ငွေရှာနိုင်လာချိန်မှာစမတ်ကျတဲ့ငွေ ကြေးသုံးစွဲတတ်သူတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်တွေကိုသိထားဖို့လိုပါတယ်။

Ju Ju

zawgyi

အသက္ ၃၀ အ႐ြယ္မွာ ဘဝဟာအနည္းငယ္ရႈပ္ေထြးတဲ့အေနအထားမွာ ရွိေနပါတယ္။လူ႔သက္တမ္းတစ္ဝက္က်ိဳးၿပီဆိုတဲ့အေတြး၊ Career အေျပာင္းအလဲ၊ ကိုယ္ပိုင္လုပ္ငန္းလုပ္ဖို႔စဥ္းစားခ်ိန္၊အိမ္ေထာင္ျပဳဖို႔၊ မိသားစုဘဝတည္ေဆာက္ဖို႔ စတဲ့ စတဲ့ စဥ္းစားေတြးေတာစရာေတြ အမ်ားႀကီးႀကဳံရတဲ့အေနအထားပါ။ဒီအေနအထားေတြကို လွလွပပကိုင္တြယ္ႏိုင္ဖို႔အေရးဟာ ေငြေၾကးအေပၚမွာလည္းအမ်ားႀကီးအေျခခံသြားသလို အေျခခံေငြေၾကးစီမံခန႔္ခြဲမႈကိုလည္းမျဖစ္မေနႏိုင္နင္းရေတာ့မယ့္အခ်ိန္ျဖစ္ပါတယ္။ဒါေၾကာင့္လည္း ေငြေၾကးစီမံခန႔္ခြဲမႈနဲ႔ပတ္သက္ရင္ ကြၽမ္းက်င္ပညာရွင္အျဖစ္လုပ္ကိုင္ေနသူ၊ Beyond Your Hammock ရဲ႕တည္ေထာင္သူ Eric Roberge က အ သက္ ၃၀ အ႐ြယ္မွာသိသင့္တဲ့ေငြေၾကးနဲ႔ပတ္သက္တဲ့ အခ်က္ (၅) ခ်က္ကိုမွ်ေဝေပးထားပါတယ္။ သူ႔ရဲ႕ Professional အရသိထားတဲ့အေတြ႕အႀကဳံ၊ လက္ေတြ႕ဘဝမွာႀကဳံရတဲ့အေတြ႕အႀကဳံေတြနဲ႔ေပါင္းစပ္ၿပီးအေရးႀကီးတဲ့အခ်က္ (၅) ခ်က္ကိုထုတ္ႏုတ္ေဖာ္ျပေပးထားတာျဖစ္ပါတယ္။

ဝင္ေငြနဲ႔ထြက္ေငြၾကား အဟကြာေအာင္လုပ္ပါ
သူက ဝင္ေငြနဲ႔ထြက္ေငြၾကားမ်ားမ်ား Gap ျဖစ္ေလေကာင္းေလပါပဲလို႔ဆိုပါတယ္။ တစ္လမွာေငြဆယ္သိန္းဝင္တယ္ဆိုရင္ ကိုးသိန္းသုံးလိုက္တာကသင့္အတြက္အဆင္ေျပတယ္လို႔ထင္ေကာင္းထင္ပါလိမ့္မယ္။ ဘာလို႔လဲဆိုရင္ သင္ရွာႏိုင္တာထက္ပိုမသုံးလို႔ပါပဲ။တကယ္ တမ္း သင္ဟာေငြေၾကးနဲ႔ပတ္သက္ၿပီး ရင္းႏွီးေငြရေအာင္စုေဆာင္းမယ္ဆိုရင္ေတာ့ ဝင္ေငြနဲ႔ထြက္ေငြရဲ႕ၾကားအကြာအေဝးကို က်ဲသထက္က်ဲေစရပါမယ္။ေငြဆယ္သိန္းဝင္ရင္ ၅ သိန္း ပဲသုံးၿပီး ၅ သိန္းကို စုေဆာင္းႏိုင္တယ္ဆိုမွသာ အဆင္ေျပပါလိမ့္မယ္။ဒီေတာ့ ေငြမ်ားမ်ားဝင္ေအာင္ႀကိဳးစားၿပီး ေခြၽတာသုံးဖို႔လိုပါတယ္။

ရာခိုင္ႏႈန္းကိုစုပါ
လစဥ္ေငြစုတယ္ဆိုတဲ့ေနရာမွာ ပိုက္ဆံပမာဏကို မစုပါနဲ႔။ ရာခိုင္ႏႈန္းကို စုပါတဲ့။ ၅ သိန္းဝင္ခ်ိန္မွာစုေငြက၅ ေသာင္း၊ ၇ သိန္းဝင္ခ်ိန္မွာလည္း ၅ ေသာင္းစုေနလို႔မရပါဘူး။ ဒါေၾကာင့္ ကိုယ့္ဝင္ေငြရဲ႕ဘယ္ႏွရာခိုင္ႏႈန္းကိုစုမယ္ဆိုတဲ့ဆုံးျဖတ္ခ်က္နဲ႔ ေငြကိုစုပါ။ ဒါမွသာ သင့္ဝင္ ေငြတိုးလာတာနဲ႔အမွ်စုတဲ့ပမာဏကတိုးလာမွာပါ။

အရိပ္တၾကည့္ၾကည္ရွိပါေစ
လူေတာ္ေတာ္မ်ားမ်ားက ေငြမ်ားမ်ားစုထားၿပီးရင္ ငါ့ဘဏ္စာအုပ္ထဲေငြရွိတာပဲဆိုတဲ့ အေတြးနဲ႔ကိုယ္ဝယ္ခ်င္တာ သုံးခ်င္တာေသးေသးမွစ ႀကီးႀကီးအထိ သုံးမိၾကပါတယ္။ ဒီလိုနဲ႔ စုေငြေတြဟာဆီလိုအေပါက္ရွာထြက္သြားတတ္ၾကပါတယ္။ ေငြကိုအရိပ္တၾကည့္ၾကည့္နဲ႔တြက္ဆမေနဘူးဆိုရင္သူကလည္းကိုယ့္ကိုမၾကည့္ပါဘူး။ ဒါေၾကာင့္ ေန႔စဥ္၊ အပတ္စဥ္ဝင္ေငြထြက္ေငြစစ္တာမ်ိဳး၊ ျပကၡဒိန္မွာရက္တစ္ရက္မွတ္ထားၿပီး ကိုယ့္သုံးေငြကိုတစ္ရက္အခ်ိန္ေပးစစ္တာမ်ိဳးျပဳလုပ္ဖို႔လိုပါတယ္။

ပိုမသုံးပါနဲ႔ ရွယ္သုံးပါ
ေငြမ်ားမ်ားရွာႏိုင္ရင္ မ်ားမ်ားသုံးႏိုင္ၿပီလို႔ အားလုံးကေတြးပါတယ္။ တကယ္တမ္းမွာေတာ့ေငြပိုသုံးတာထက္ ေငြကိုဘယ္ေနရာေတြမွာ သုံးမလဲဆိုတာက အေရးႀကီးပါတယ္။ ေငြအပိုရလာရင္ကိုယ္ေပ်ာ္႐ႊင္မႈရဖို႔၊ စိတ္ေက်နပ္မႈရဖို႔၊ ကိုယ့္ဝါသနာအတြက္ အေထာက္အပံ့ျဖစ္ေစဖို႔ စတဲ့ေနရာေတြမွာသုံးပါ။ ကင္မရာဝယ္ခ်င္ခဲ့ေပမယ့္ မဝယ္ႏိုင္ခဲ့ဘူး၊ တူရိယာပစၥည္းတစ္ခုခုဝယ္ခ်င္ခဲ့ေပမယ့္မဝယ္ႏိုင္ခဲ့ဘူးဆိုရင္ ေငြပိုသုံးလာႏိုင္ခ်ိန္မွာ ဝယ္လိုက္တာက စမတ္က်တဲ့သုံးစြဲနည္းျဖစ္ပါတယ္။

ရည္မွန္းခ်က္ရွင္းရွင္းထားပါ
သာမန္လူအတြက္ေတာ့ လုပ္ငန္းႀကီးေတြလိုမ်ိဳးေငြေၾကးအတြက္မ်ားေျမာင္လွတဲ့ စီမံခန႔္ခြဲမႈေတြ၊ Goal ေတြမလိုပါဘူး။ ဒါေၾကာင့္႐ိုးရွင္းတဲ့ ရည္မွန္းခ်က္ပဲ ထားရွိပါ။ သင့္ရဲ႕ဝင္ေငြနဲ႔ထြက္ေငြကို ဂ႐ုစိုက္ပါ။ေငြေၾကးခ်မ္းသာဖို႔ျဖတ္လမ္းနည္းကို မလိုက္ပါနဲ႔။ ရက္ပိုင္း လပိုင္းနဲ႔ ခ်မ္းသာျခင္းကိုမတည္ေဆာက္ႏိုင္ပါဘူး။ဒါေတြကေတာ့ Eric Roberge ရဲ႕အႀကံျပဳခ်က္ေတြပါ။ ေငြရွာႏိုင္လာခ်ိန္မွာစမတ္က်တဲ့ေငြ ေၾကးသုံးစြဲတတ္သူတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ေတာ့ ဒီအခ်က္ေတြကိုသိထားဖို႔လိုပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*