Justin Timberlake နဲ့ကိုယ်ဝန်ရခဲ့ဖူးတယ်လို့ဖွင့်ဟပြီးနောက်ပိုင်း အရောင်းရဆုံးနံပါတ် ၁ ဖြစ်လာတဲ့ Britney Spears ရဲ့စာအုပ်

ပေါ့ပ်ဘုရင်မ Britney Spears ရဲ့ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်တဲ့ The Woman In Me ဟာ Amazon မှာ အရောင်းရဆုံးနံပါတ် ၁ နေရာကိုယူထားတယ်လို့သိရပါတယ်။ သူမရဲ့စာအုပ်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှစတင်ဖြန့်ချိမှာဖြစ်ပေမယ့် စာအုပ်ကြိုတင်မှာယူမှုတွေနဲ့တင် နံပါတ် ၁ နေရာကိုရောက်နေခဲ့တာဖြစ်ပါတယ်။ဒီလိုဝယ်လိုအားတက်လာခြင်းဟာ သူမနဲ့ Justin Timberlake အကြောင်းကိုကောက်နုတ်ဖော်ပြအပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာခဲ့တာပါ။ Britney Spears က “ကျွန်မသူ့ကိုအရမ်းချစ်ခဲ့ပါတယ်။

သူနဲ့အတူတစ်နေ့မှာ မိသားစုလေးတစ်ခုထူထောင်ချင်စိတ်လည်းရှိခဲ့ပါတယ်။ကျွန်မသူနဲ့ကိုယ်ဝန်ရသွားတဲ့အခါကျတော့ Justin ကမပျော်တော့ပါဘူး။ အဲဒီအချိန်တုန်းကကျွန်မအသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ သူကကျွန်မတို့နှစ်ယောက်လုံးငယ်သေးတယ်၊ကလေးတစ်ယောက်ကိုစောင့်ရှောက်ဖို့မဖြစ်နိုင်သေးဘူး။ လူတွေကလည်းဒါမျိုးကိုကြိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ကျွန်မတစ်ယောက်တည်းနဲ့
ဒါကိုဆုံးဖြတ်ချက်ချဖို့မဖြစ်နိုင်ခဲ့ပါဘူး။ သူက လုံးဝကိုအဖေတစ်ယောက်မဖြစ်ချင်သေးတာပါ။ဒါကြောင့် ကိုယ်ဝန်ဖျက်ချခဲ့တယ်” လို့ဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုသူမအတွက်စိတ်အညစ်ရဆုံးအပိုင်းတွေထဲကတစ်ခုအဖြစ်နဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ေပါ့ပ္ဘုရင္မ Britney Spears ရဲ႕ကိုယ္ေတြ႕မွတ္တမ္းစာအုပ္ျဖစ္တဲ့ The Woman In Me ဟာ Amazon မွာ အေရာင္းရဆုံးနံပါတ္ ၁ ေနရာကိုယူထားတယ္လို႔သိရပါတယ္။ သူမရဲ႕စာအုပ္ကို ေအာက္တိုဘာလ ၂၄ ရက္ေန႔မွစတင္ျဖန႔္ခ်ိမွာျဖစ္ေပမယ့္ စာအုပ္ႀကိဳတင္မွာယူမႈေတြနဲ႔တင္ နံပါတ္ ၁ ေနရာကိုေရာက္ေနခဲ့တာျဖစ္ပါတယ္။ဒီလိုဝယ္လိုအားတက္လာျခင္းဟာ သူမနဲ႔ Justin Timberlake အေၾကာင္းကိုေကာက္ႏုတ္ေဖာ္ျပအၿပီးေနာက္ပိုင္းမွာျဖစ္ေပၚလာခဲ့တာပါ။ Britney Spears က “ကြၽန္မသူ႔ကိုအရမ္းခ်စ္ခဲ့ပါတယ္။

သူနဲ႔အတူတစ္ေန႔မွာ မိသားစုေလးတစ္ခုထူေထာင္ခ်င္စိတ္လည္းရွိခဲ့ပါတယ္။ကြၽန္မသူနဲ႔ကိုယ္ဝန္ရသြားတဲ့အခါက်ေတာ့ Justin ကမေပ်ာ္ေတာ့ပါဘူး။ အဲဒီအခ်ိန္တုန္းကကြၽန္မအသက္ ၁၉ ႏွစ္ပဲရွိပါေသးတယ္။ သူကကြၽန္မတို႔ႏွစ္ေယာက္လုံးငယ္ေသးတယ္၊ကေလးတစ္ေယာက္ကိုေစာင့္ေရွာက္ဖို႔မျဖစ္ႏိုင္ေသးဘူး။ လူေတြကလည္းဒါမ်ိဳးကိုႀကိဳက္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။ ကြၽန္မတစ္ေယာက္တည္းနဲ႔
ဒါကိုဆုံးျဖတ္ခ်က္ခ်ဖို႔မျဖစ္ႏိုင္ခဲ့ပါဘူး။ သူက လုံးဝကိုအေဖတစ္ေယာက္မျဖစ္ခ်င္ေသးတာပါ။ဒါေၾကာင့္ ကိုယ္ဝန္ဖ်က္ခ်ခဲ့တယ္” လို႔ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ဒီအေၾကာင္းအရာကိုသူမအတြက္စိတ္အညစ္ရဆုံးအပိုင္းေတြထဲကတစ္ခုအျဖစ္နဲ႔ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*