ကားတိုက်ခံရပြီးဆေးရုံရောက်သွားတဲ့ Black Panther မင်းသမီး Carrie Bernans

The Color Purple နဲ့ Black Panther ရဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင်စတန့်သရုပ်ဆောင်လည်းဖြစ်တဲ့ Carrie Bernans ဟာ ရုတ်တရက်ကားတိုက်ခံလိုက်ရပြီးဆေးရုံတင်လိုက်ရတယ်လို့ဆိုပါတယ်။ဒီယာဉ်တိုက်မှုကြောင့် သူမဟာအရိုးတော်တော်များများကျိုးသွားခဲ့ပြီး ဒဏ်ရာများစွာရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ စိတ်ချရတဲ့အနေအထားကိုရောက်ရှိနေပြီလို့သိရပါတယ်။သူမဟာစား သောက်ဆိုင်တစ်ခုရဲ့ဆိုင်အပြင်ဘက်မှာညစာ စားနေတုန်းကားတစ်စီးကရုတ်တရက်ဝင်လာခဲ့တာဖြစ်ပါတယ်။

မိခင်ဖြစ်တာမကြာသေးတဲ့သူမကအက်ဆီးဒင့်ဖြစ်ပွားချိန်မှာတော့ ကလေးငယ်ကဘေးနားမှာရှိမနေတာမို့တစ်မျိုးကံကောင်းခဲ့တယ်လို့ဆိုရမှာပါ။အသက် ၄၄ နှစ်အရွယ်အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ အနက်ရောင်မာစီဒီးကားဟာ Parking ထိုးဖို့ ကြိုးစားနေရင်း ယာဉ်ထိန်းရဲရဲ့ညွှန်ကြားချက်ကိုမနာခံဘဲ ကားကိုချိုးကွေ့လိုက်ချိန်မှာခုလိုအက်ဆီးဒင့်ဖြစ်ပွားခဲ့တာလို့ ရဲတွေကထုတ်ပြန်ပါတယ်။ဒီအက်ဆီးဒင့်မှာ Carrie Bernans နဲ့အတူ ယာဉ်ထိန်းရဲနှစ်ယောက်လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

The Color Purple နဲ႔ Black Panther ရဲ႕မင္းသမီးတစ္ေယာက္ျဖစ္တဲ့အျပင္စတန႔္သ႐ုပ္ေဆာင္လည္းျဖစ္တဲ့ Carrie Bernans ဟာ ႐ုတ္တရက္ကားတိုက္ခံလိုက္ရၿပီးေဆး႐ုံတင္လိုက္ရတယ္လို႔ဆိုပါတယ္။ဒီယာဥ္တိုက္မႈေၾကာင့္ သူမဟာအ႐ိုးေတာ္ေတာ္မ်ားမ်ားက်ိဳးသြားခဲ့ၿပီး ဒဏ္ရာမ်ားစြာရရွိခဲ့ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ စိတ္ခ်ရတဲ့အေနအထားကိုေရာက္ရွိေနၿပီလို႔သိရပါတယ္။သူမဟာစား ေသာက္ဆိုင္တစ္ခုရဲ႕ဆိုင္အျပင္ဘက္မွာညစာ စားေနတုန္းကားတစ္စီးက႐ုတ္တရက္ဝင္လာခဲ့တာျဖစ္ပါတယ္။

မိခင္ျဖစ္တာမၾကာေသးတဲ့သူမကအက္ဆီးဒင့္ျဖစ္ပြားခ်ိန္မွာေတာ့ ကေလးငယ္ကေဘးနားမွာရွိမေနတာမို႔တစ္မ်ိဳးကံေကာင္းခဲ့တယ္လို႔ဆိုရမွာပါ။အသက္ ၄၄ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ေယာက္ေမာင္းႏွင္လာတဲ့ အနက္ေရာင္မာစီဒီးကားဟာ Parking ထိုးဖို႔ ႀကိဳးစားေနရင္း ယာဥ္ထိန္းရဲရဲ႕ၫႊန္ၾကားခ်က္ကိုမနာခံဘဲ ကားကိုခ်ိဳးေကြ႕လိုက္ခ်ိန္မွာခုလိုအက္ဆီးဒင့္ျဖစ္ပြားခဲ့တာလို႔ ရဲေတြကထုတ္ျပန္ပါတယ္။ဒီအက္ဆီးဒင့္မွာ Carrie Bernans နဲ႔အတူ ယာဥ္ထိန္းရဲႏွစ္ေယာက္လည္းထိခိုက္ဒဏ္ရာရခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*