6 မိနစ်အတွင်းလက်မှတ်အားလုံးရောင်းကုန်သွားတဲ့ Wheein ရဲ့ဖျော်ဖြေပွဲ

Mamamoo အဖွဲ့ဝင် Wheein ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲဟာ လက်မှတ်ရောင်းချိန် 6 မိနစ်မပြည့်ခင်မှာတင် လက်မှတ်အားလုံးရောင်းကုန်သွားခဲ့တယ်လို့သိရပါတယ်။သူမရဲ့ဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၄ နဲ့ ၂၅ မှာ ဆိုးလ်မှာရှိတဲ့ Blue Square MasterCard Hall မှာပြုလုပ်မှာဖြစ်ပြီး ဒါဟာသူမရဲ့တစ်ကိုယ်တော် World Tour အစပြုခြင်းလည်းဖြစ်ပါတယ်။သူမရဲ့ပထမဆုံး World Tour နာမည်ကို Wheein The Mood လို့ပေးထားပါတယ်။

ဒီလိုလက်မှတ်တွေအားလုံးရောင်းကုန်သွားခဲ့ပေမယ့် သူမရဲ့ပရိသတ်တွေကတော့ ပြန်လည်ရောင်းချမယ့်လက်မှတ်တွေကိုဆက်လက်မျှော်လင့်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။ပျားရည်လိုချိုတဲ့အသံပိုင်ရှင်လို့တင်စားခံရတဲ့ Wheein ဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၄ ခုနစ်မှာ Mamamoo ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကိုစတင်ခဲ့တာဖြစ်ပါတယ်။ 2021 ခုနစ်မှာ သူမရဲ့တစ် ကိုယ်တော် EP ဖြစ်တဲ့ Redd ကိုထုတ်ဝေခဲ့ပြီး ၂၀၂၂ ခုနစ်မှာတော့ဒုတိယမြောက် EP- Whee ကိုထုတ်ဝေခဲ့ပါတယ်။ Hospital Playlist ဇာတ်လမ်းတွဲထဲကသူမသီဆိုထားတဲ့ဇာတ်ဝင်သီချင်း With My Tears ဟာလည်းတော်တော်လေးလူကြိုက်များခဲ့တာကိုတွေ့ရပါတယ်။

Ju Ju

zawgyi

Mamamoo အဖြဲ႕ဝင္ Wheein ရဲ႕တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲဟာ လက္မွတ္ေရာင္းခ်ိန္ 6 မိနစ္မျပည့္ခင္မွာတင္ လက္မွတ္အားလုံးေရာင္းကုန္သြားခဲ့တယ္လို႔သိရပါတယ္။သူမရဲ႕ေဖ်ာ္ေျဖပြဲကို ဇန္နဝါရီ ၂၄ နဲ႔ ၂၅ မွာ ဆိုးလ္မွာရွိတဲ့ Blue Square MasterCard Hall မွာျပဳလုပ္မွာျဖစ္ၿပီး ဒါဟာသူမရဲ႕တစ္ကိုယ္ေတာ္ World Tour အစျပဳျခင္းလည္းျဖစ္ပါတယ္။သူမရဲ႕ပထမဆုံး World Tour နာမည္ကို Wheein The Mood လို႔ေပးထားပါတယ္။

ဒီလိုလက္မွတ္ေတြအားလုံးေရာင္းကုန္သြားခဲ့ေပမယ့္ သူမရဲ႕ပရိသတ္ေတြကေတာ့ ျပန္လည္ေရာင္းခ်မယ့္လက္မွတ္ေတြကိုဆက္လက္ေမွ်ာ္လင့္ေနၾကဆဲျဖစ္တယ္လို႔သိရပါတယ္။ပ်ားရည္လိုခ်ိဳတဲ့အသံပိုင္ရွင္လို႔တင္စားခံရတဲ့ Wheein ဟာ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္ၿပီး ၂၀၁၄ ခုနစ္မွာ Mamamoo ရဲ႕အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ အႏုပညာလႈပ္ရွားမႈေတြကိုစတင္ခဲ့တာျဖစ္ပါတယ္။ 2021 ခုနစ္မွာ သူမရဲ႕တစ္ ကိုယ္ေတာ္ EP ျဖစ္တဲ့ Redd ကိုထုတ္ေဝခဲ့ၿပီး ၂၀၂၂ ခုနစ္မွာေတာ့ဒုတိယေျမာက္ EP- Whee ကိုထုတ္ေဝခဲ့ပါတယ္။ Hospital Playlist ဇာတ္လမ္းတြဲထဲကသူမသီဆိုထားတဲ့ဇာတ္ဝင္သီခ်င္း With My Tears ဟာလည္းေတာ္ေတာ္ေလးလူႀကိဳက္မ်ားခဲ့တာကိုေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*