အဆိုတော်လီယမ် ပိန်းရဲ့ ကိုယ်ထဲမှာ ကိုကင်းရှိနေတယ်လို့ ကနဦးဆေးစစ်ချက်ရလဒ်ထွက်ပေါ်လာခဲ့

ပေါ့ပ်စတားအဆိုတော် လီယမ် ပိန်းရဲ့ ကနဦး ဆေးစစ်ချက် အစီရင်ခံစာမှာ ဟိုတယ်အခန်းတတိယထပ် ဝရံတာကနေ ပြုတ်ကျသေဆုံးချိန်မှာ သူ့ရဲ့ကိုယ်တွင်းစနစ်ထဲမှာကိုကင်းပါရှိနေတယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။နောက်ဆုံး အဆိပ်ဗေဒ အစီရင်ခံစာ တွေ့ ရှိချက်များကို ရက်သတ္တပတ် အနည်းငယ်ကြာထုတ်ပြန်ဖွယ် မရှိသေးပေမဲ့ ကနဦး အစီရင်ခံစာမှာ “ကိုကင်းနဲ့ ထိတွေ့မှုအထောက်အထားများ” လို့ အမည်မဖော်လိုသူ အာဂျင်တီးနား အရာရှိတစ်ဦးကို ကိုးကားပြီး AP က ဖော်ပြထားပါတယ်။

ဗျူနိုအေးရိစ်ရှိ CasaSur Palermo ဟိုတယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က One Direction ကြယ်ပွင့်ဟောင်း သေဆုံးခဲ့တဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး အာဏာပိုင်များကစုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။“ပြုတ်ကျတဲ့အချိန်မှာ ဂီတသမားက တစ်ယောက်တည်းရှိနေတယ်ဆိုတာကို အရာအားလုံးကညွှန်ပြနေပါတယ်”လို့ အာဂျင်တီးနားရှိ အစိုးရရှေ့နေရုံးက ကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။

ဗျူနိုအေးရိစ်မှာ ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ ပိန်းရဲ့ ဟိုတယ်ခန်းရှိစားပွဲတလုံးမှာ အမည်မသိ အဖြူရောင်မှုန့်၊ ကြေမွနေတဲ့ tinfoil တခုနဲ့မီးခြစ်တလုံးအပါအဝင်ပစ္စည်းများ ပြန့်ကျဲနေတဲ့ စားပွဲတလုံးကို ပြသခဲ့ပါတယ်။ မီးလောင်းကျွမ်းနေတဲ့အ မှတ်အသားတချို့ကိုလည်း စားပွဲပေါ်မှာ မြင်တွေ့ရပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က One Direction ထောက်ခံသူတွေက ကမ္ဘာတဝှမ်းက ကျင်းပတဲ့အောက်မေ့ဖွယ် အခမ်းအနားတွေနဲ့ အဆိုတော်ကို ဂုဏ်ပြုခဲ့ကြပါတယ်။ပိန်းက အဆိုတော် Cheryl Cole နဲ့ Bearလို့ခေါ်တဲ့ အသက် ၇နှစ်အရွယ်သားလေးတဦးကျန်ရစ်ခဲ့ပါတယ်။

MYit

zawgyi

ေပါ့ပ္စတားအဆိုေတာ္ လီယမ္ ပိန္းရဲ႕ ကနဦး ေဆးစစ္ခ်က္ အစီရင္ခံစာမွာ ဟိုတယ္အခန္းတတိယထပ္ ဝရံတာကေန ျပဳတ္က်ေသဆုံးခ်ိန္မွာ သူ႔ရဲ႕ကိုယ္တြင္းစနစ္ထဲမွာကိုကင္းပါရွိေနတယ္လို႔ ေအပီသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ေနာက္ဆုံး အဆိပ္ေဗဒ အစီရင္ခံစာ ေတြ႕ ရွိခ်က္မ်ားကို ရက္သတၱပတ္ အနည္းငယ္ၾကာထုတ္ျပန္ဖြယ္ မရွိေသးေပမဲ့ ကနဦး အစီရင္ခံစာမွာ “ကိုကင္းနဲ႔ ထိေတြ႕မႈအေထာက္အထားမ်ား” လို႔ အမည္မေဖာ္လိုသူ အာဂ်င္တီးနား အရာရွိတစ္ဦးကို ကိုးကားၿပီး AP က ေဖာ္ျပထားပါတယ္။

ဗ်ဴႏိုေအးရိစ္ရွိ CasaSur Palermo ဟိုတယ္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က One Direction ၾကယ္ပြင့္ေဟာင္း ေသဆုံးခဲ့တဲ့ အေျခအေနမ်ားနဲ႔ ပတ္သက္ၿပီး အာဏာပိုင္မ်ားကစုံစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။“ျပဳတ္က်တဲ့အခ်ိန္မွာ ဂီတသမားက တစ္ေယာက္တည္းရွိေနတယ္ဆိုတာကို အရာအားလုံးကၫႊန္ျပေနပါတယ္”လို႔ အာဂ်င္တီးနားရွိ အစိုးရေရွ႕ေန႐ုံးက ၾကာသပေတးေန႔မွာေျပာၾကားခဲ့ပါတယ္။

ဗ်ဴႏိုေအးရိစ္မွာ ဗုဒၶဟူးေန႔က ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့တဲ့ ဓာတ္ပုံတစ္ပုံမွာ ပိန္းရဲ႕ ဟိုတယ္ခန္းရွိစားပြဲတလုံးမွာ အမည္မသိ အျဖဴေရာင္မႈန႔္၊ ေၾကမြေနတဲ့ tinfoil တခုနဲ႔မီးျခစ္တလုံးအပါအဝင္ပစၥည္းမ်ား ျပန႔္က်ဲေနတဲ့ စားပြဲတလုံးကို ျပသခဲ့ပါတယ္။ မီးေလာင္းကြၽမ္းေနတဲ့အ မွတ္အသားတခ်ိဳ႕ကိုလည္း စားပြဲေပၚမွာ ျမင္ေတြ႕ရပါတယ္။ၿပီးခဲ့တဲ့ သီတင္းပတ္က One Direction ေထာက္ခံသူေတြက ကမာၻတဝွမ္းက က်င္းပတဲ့ေအာက္ေမ့ဖြယ္ အခမ္းအနားေတြနဲ႔ အဆိုေတာ္ကို ဂုဏ္ျပဳခဲ့ၾကပါတယ္။ပိန္းက အဆိုေတာ္ Cheryl Cole နဲ႔ Bearလို႔ေခၚတဲ့ အသက္ ၇ႏွစ္အ႐ြယ္သားေလးတဦးက်န္ရစ္ခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*