ဇာတ်လမ်းတွဲအသစ်မှာအတူတွဲဖက်ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

Jung So Min နဲ့ Jung Hae In တို့နှစ်ယောက်လုံးက အချစ်-ဟာသဇာတ်လမ်းတွဲလေးမှာအတူတွဲဖက်ပါဝင်ဖို့ အတည်ပြုထားတယ်လို့သိရပါတယ်။ Mom’s Friend’s Son လို့ယာယီနာမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲဟာနာမည်ကြီးအချစ်ဟာသဇာတ်လမ်းတွဲ Hometown Cha Cha Cha ကိုဖန်တီးသူတွေရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့ ကိုစိုးမိုးနိုင်လို့ မြန်မာပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Jung Hae In က ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလထဲကအတည် ပြုခဲ့တာဖြစ်ပေမယ့် ခေါင်းဆောင်မင်းသမီးနေရာကိုတော့ဇန်နဝါရီ ၃ရက်ကျမှ အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာအဆင်မပြေမှုတွေများနေတဲ့ဘဝကနေရုန်းထွက်ချင်စိတ်နဲ့ကြိုးစားနေတဲ့ကောင်မလေးတစ်ယောက်အဖြစ် Jung So Min ကသရုပ်ဆောင်မှာဖြစ်ပါတယ်။ Jung Hae In ကတော့ သူမနဲ့ငယ်ဘဝထဲကနေမတည့်တဲ့နာမည်ကြီးဗိသုကာပညာရှင်ကောင်လေးတစ်‌ယောက်အဖြစ်သ ရုပ်ဆောင်ရမှာပါ။ Mom’s Friend’s Son ဇာတ်လမ်းတွဲကိုမကြာခင်မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၄ ခုနစ်စက်တင်ဘာလလောက်မှာ ပြသနိုင်ဖို့လျာထားကြပါတယ်။

Ju Ju

zawgyi

Jung So Min နဲ႔ Jung Hae In တို႔ႏွစ္ေယာက္လုံးက အခ်စ္-ဟာသဇာတ္လမ္းတြဲေလးမွာအတူတြဲဖက္ပါဝင္ဖို႔ အတည္ျပဳထားတယ္လို႔သိရပါတယ္။ Mom’s Friend’s Son လို႔ယာယီနာမည္ေပးထားတဲ့ ဒီဇာတ္လမ္းတြဲဟာနာမည္ႀကီးအခ်စ္ဟာသဇာတ္လမ္းတြဲ Hometown Cha Cha Cha ကိုဖန္တီးသူေတြ႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲမွာပါဝင္ဖို႔ ကိုစိုးမိုးႏိုင္လို႔ ျမန္မာပရိသတ္ေတြခ်စ္စႏိုးေခၚၾကတဲ့ Jung Hae In က ၂၀၂၃ခုနစ္၊ ဒီဇင္ဘာလထဲကအတည္ ျပဳခဲ့တာျဖစ္ေပမယ့္ ေခါင္းေဆာင္မင္းသမီးေနရာကိုေတာ့ဇန္နဝါရီ ၃ရက္က်မွ အတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲမွာအဆင္မေျပမႈေတြမ်ားေနတဲ့ဘဝကေန႐ုန္းထြက္ခ်င္စိတ္နဲ႔ႀကိဳးစားေနတဲ့ေကာင္မေလးတစ္ေယာက္အျဖစ္ Jung So Min ကသ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ Jung Hae In ကေတာ့ သူမနဲ႔ငယ္ဘဝထဲကေနမတည့္တဲ့နာမည္ႀကီးဗိသုကာပညာရွင္ေကာင္ေလးတစ္‌ေယာက္အျဖစ္သ ႐ုပ္ေဆာင္ရမွာပါ။ Mom’s Friend’s Son ဇာတ္လမ္းတြဲကိုမၾကာခင္မွာ စတင္႐ိုက္ကူးမွာျဖစ္ၿပီး ၂၀၂၄ ခုနစ္စက္တင္ဘာလေလာက္မွာ ျပသႏိုင္ဖို႔လ်ာထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*