Introvert တစ်ယောက်အနေနဲ့ Network ရှာဖွေတဲ့အခါ

အရင်တုန်းကတော့အေးအေးနေတတ်တဲ့ Introvert တစ်ယောက်ဟာ Socialအပိုင်းမှာမအောင်မြင်နိုင်ဘူး၊ မိတ်ဆွေအလွယ်တကူမရနိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါဟာတကယ်တော့ တရားသေမှတ်ယူလို့ မရတဲ့ယူဆချက်ဖြစ်ပါတယ်။ Introvert တစ်ယောက်ဟာသူ့နည်းသူဟန်နဲ့ မိတ်ဆွေဖွဲ့တတ်သလိုခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်လည်း စွမ်းအားတွေရှိကြပါတယ်။ Introvert တစ်ယောက်အနေနဲ့ ဒီကောင်းကွက်တွေကြောင့် မိတ်ဆွေတွေရနိုင်ပါတယ်။

လေ့လာအားကောင်းသူတွေ
Introvert တစ်ယောက်ဟာ စကားပြောနေတဲ့ အုပ်စုတစ်စု ဒါမှမဟုတ် လူတစ်ယောက်ဆီကိုဘယ်တော့မှအလွယ်တကူတိုးဝင်လေ့မရှိပါဘူး။ စကားသွားမပြောခင်ကတည်းက သူကဘယ်သူ၊ဘယ်လိုပြုမူတတ်တာ၊ ဘယ်လိုပုံစံကိုသဘောကျနိုင်လဲဆိုတာမျိုးကိုလေ့လာပြီးသားဖြစ်နေတတ်ပါတယ်။ဒါကြောင့်လည်း လူတွေနဲ့ဆုံတဲ့အခါ သူကစိတ်သက်သာအောင်အရင်လုပ်ဆောင်တတ်သလိုအခြေအနေကြည့်ပြီးပြောဆိုတဲ့နေရာမှာလည်း အားသာချက်ရှိတာကိုတွေ့မြင်ရတတ်ပါတယ်။

စကားကိုဂရုတစိုက်ပြောတတ်သူ
Introvert တွေရဲ့ကောင်းတဲ့အချက်ထဲမှာ စကားကိုပေါက်ပေါက်ဖောက်သလိုမပြောဘဲသေသေချာချာစဉ်းစားပြီး ပြောတတ်ခြင်းလည်းပါဝင်ပါတယ်။ သူတို့ပြောချင်တဲ့ အကြောင်းအရာ၊ဆိုလိုရင်းအဓိပ္ပါယ်နဲ့ ဦးတည်ချက်ကို ရှင်းအောင်ပြောတတ်သူတွေမို့တစ်ဖက်လူနဲ့ပြောဆိုဆွေးနွေးရာမှာပိုပြီးအလုပ်တွင်ကျယ်ပါတယ်။

နားထောင်ပေးတတ်သူတွေ
တစ်ဖက်လူပြောသမျှကို စိတ်ရှည်စွာနဲ့ဂရုစိုက်နားထောင်ပေးနိုင်သူတွေဟာ Introvert တွေဖြစ်တတ်ကြပါတယ်။ ဒီလို နားထောင်ပေးနိုင်ခြင်းကတစ်ဖက်လူနဲ့သူ့ကြားအဓိပ္ပါယ်ပြည့်ဝတဲ့ဆက်ဆံရေးကို ရရှိစေပါတယ်။သူတို့ကတိတ်တိတ်နေတတ်ကြပြီး တစ်ဖက်လူကိုလည်း Space ပေးတတ်တာမို့အချင်းချင်းစကားပြောဆိုရာမှာ ချောမွေ့ပြီး နက်ရှိုင်းတဲ့ဆက်သွယ်မှုကိုဖြစ်တည်စေပါတယ်။မိတ်ဆွဖွဲ့တဲ့နေရာမှာ ဒီအချက်တွေက Introvert တွေရဲ့အဓိကအားသာချက်တွေပါ။ကိုယ်က Introvert တစ်ယောက်ဖြစ်နေခဲ့ရင် လူတွေများတဲ့ပွဲတစ်ခုကိုသွားရတော့မယ့်အခါဒါလေးတွေကြိုတင်ပြင်ဆင်ပါ။ဒီအခမ်းအနားတက်ရခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာစဉ်းစားပါ။ ဒီပွဲမှာကိုယ်ဘာတွေသင်ယူချင်တာလဲ၊ အကြံဉာဏ်တစ်ခုခုတောင်းချင်တာမျိုးရှိလား၊ ကိုယ်ကရောဘာတွေShare ပေးချင်လဲ၊ ဘယ်လိုလူ မျိုးတွေနဲ့ Connect လုပ်ချင်လဲ၊ ဘယ်နှယောက်နဲ့ Connect လုပ်ချင်လဲဆိုတာတွေကိုစဉ်းစားသင့်ပါတယ်။အခမ်းအနားမှာ ကိုယ်အဓိ ကပြောဆိုဆွေးနွေးချင်တဲ့ အကြောင်းအရာ၊ ခေါင်းစဉ်တွေကိုလည်းစဉ်းစားထားနိုင်ပါတယ်။ ကိုယ်မေးချင်တဲ့မေးခွန်းတွေကို ချရေးထားပြီး တစ်ခုချင်းထမေးတာမျိုးလည်းလုပ်နိုင်ပါတယ်။

Introvert တွေစုနေတဲ့ပွဲမျိုးဆိုရင်တော့ ကိုယ်က Host လုပ်လိုက်ပါ။နောက်ဆုံးတစ်ချက်ကတော့ လူတစ်ယောက်ကိုကိုယ်ကစပြီးနှုတ် ဆက်ရမှာစိုးရွံ့နေတယ်ဆိုရင်အသိမိတ်ဆွေတစ်ယောက်ယောက်ကိုအကူအညီတောင်းပြီးကိုယ်နဲ့မိတ်ဆက်ပေးဖို့တောင်းဆိုနိုင်ပါတယ်။
Introvert တစ်ယောက်ဟာလည်း လူမှုဆက်ဆံရေးပိုင်းမှာအားသာချက်တွေအများကြီးနဲ့မို့ Network ကောင်းကောင်းတည်ဆောက်နိုင်တယ်ဆိုတာကို ယုံကြည်ထားပါနော်။

Ju Ju

zawgyi

အရင္တုန္းကေတာ့ေအးေအးေနတတ္တဲ့ Introvert တစ္ေယာက္ဟာ Socialအပိုင္းမွာမေအာင္ျမင္ႏိုင္ဘူး၊ မိတ္ေဆြအလြယ္တကူမရႏိုင္ဘူးလို႔ ေျပာခဲ့ၾကပါတယ္။ ဒါဟာတကယ္ေတာ့ တရားေသမွတ္ယူလို႔ မရတဲ့ယူဆခ်က္ျဖစ္ပါတယ္။ Introvert တစ္ေယာက္ဟာသူ႔နည္းသူဟန္နဲ႔ မိတ္ေဆြဖြဲ႕တတ္သလိုခိုင္မာတဲ့ဆက္ဆံေရးတစ္ခုကိုတည္ေဆာက္ဖို႔အတြက္လည္း စြမ္းအားေတြရွိၾကပါတယ္။ Introvert တစ္ေယာက္အေနနဲ႔ ဒီေကာင္းကြက္ေတြေၾကာင့္ မိတ္ေဆြေတြရႏိုင္ပါတယ္။

ေလ့လာအားေကာင္းသူေတြ
Introvert တစ္ေယာက္ဟာ စကားေျပာေနတဲ့ အုပ္စုတစ္စု ဒါမွမဟုတ္ လူတစ္ေယာက္ဆီကိုဘယ္ေတာ့မွအလြယ္တကူတိုးဝင္ေလ့မရွိပါဘူး။ စကားသြားမေျပာခင္ကတည္းက သူကဘယ္သူ၊ဘယ္လိုျပဳမူတတ္တာ၊ ဘယ္လိုပုံစံကိုသေဘာက်ႏိုင္လဲဆိုတာမ်ိဳးကိုေလ့လာၿပီးသားျဖစ္ေနတတ္ပါတယ္။ဒါေၾကာင့္လည္း လူေတြနဲ႔ဆုံတဲ့အခါ သူကစိတ္သက္သာေအာင္အရင္လုပ္ေဆာင္တတ္သလိုအေျခအေနၾကည့္ၿပီးေျပာဆိုတဲ့ေနရာမွာလည္း အားသာခ်က္ရွိတာကိုေတြ႕ျမင္ရတတ္ပါတယ္။

စကားကိုဂ႐ုတစိုက္ေျပာတတ္သူ
Introvert ေတြရဲ႕ေကာင္းတဲ့အခ်က္ထဲမွာ စကားကိုေပါက္ေပါက္ေဖာက္သလိုမေျပာဘဲေသေသခ်ာခ်ာစဥ္းစားၿပီး ေျပာတတ္ျခင္းလည္းပါဝင္ပါတယ္။ သူတို႔ေျပာခ်င္တဲ့ အေၾကာင္းအရာ၊ဆိုလိုရင္းအဓိပၸါယ္နဲ႔ ဦးတည္ခ်က္ကို ရွင္းေအာင္ေျပာတတ္သူေတြမို႔တစ္ဖက္လူနဲ႔ေျပာဆိုေဆြးေႏြးရာမွာပိုၿပီးအလုပ္တြင္က်ယ္ပါတယ္။

နားေထာင္ေပးတတ္သူေတြ
တစ္ဖက္လူေျပာသမွ်ကို စိတ္ရွည္စြာနဲ႔ဂ႐ုစိုက္နားေထာင္ေပးႏိုင္သူေတြဟာ Introvert ေတြျဖစ္တတ္ၾကပါတယ္။ ဒီလို နားေထာင္ေပးႏိုင္ျခင္းကတစ္ဖက္လူနဲ႔သူ႔ၾကားအဓိပၸါယ္ျပည့္ဝတဲ့ဆက္ဆံေရးကို ရရွိေစပါတယ္။သူတို႔ကတိတ္တိတ္ေနတတ္ၾကၿပီး တစ္ဖက္လူကိုလည္း Space ေပးတတ္တာမို႔အခ်င္းခ်င္းစကားေျပာဆိုရာမွာ ေခ်ာေမြ႕ၿပီး နက္ရႈိင္းတဲ့ဆက္သြယ္မႈကိုျဖစ္တည္ေစပါတယ္။မိတ္ဆြဖြဲ႕တဲ့ေနရာမွာ ဒီအခ်က္ေတြက Introvert ေတြရဲ႕အဓိကအားသာခ်က္ေတြပါ။ကိုယ္က Introvert တစ္ေယာက္ျဖစ္ေနခဲ့ရင္ လူေတြမ်ားတဲ့ပြဲတစ္ခုကိုသြားရေတာ့မယ့္အခါဒါေလးေတြႀကိဳတင္ျပင္ဆင္ပါ။ဒီအခမ္းအနားတက္ရျခင္းရဲ႕ ရည္႐ြယ္ခ်က္ကဘာလဲဆိုတာစဥ္းစားပါ။ ဒီပြဲမွာကိုယ္ဘာေတြသင္ယူခ်င္တာလဲ၊ အႀကံဉာဏ္တစ္ခုခုေတာင္းခ်င္တာမ်ိဳးရွိလား၊ ကိုယ္ကေရာဘာေတြShare ေပးခ်င္လဲ၊ ဘယ္လိုလူ မ်ိဳးေတြနဲ႔ Connect လုပ္ခ်င္လဲ၊ ဘယ္ႏွေယာက္နဲ႔ Connect လုပ္ခ်င္လဲဆိုတာေတြကိုစဥ္းစားသင့္ပါတယ္။အခမ္းအနားမွာ ကိုယ္အဓိ ကေျပာဆိုေဆြးေႏြးခ်င္တဲ့ အေၾကာင္းအရာ၊ ေခါင္းစဥ္ေတြကိုလည္းစဥ္းစားထားႏိုင္ပါတယ္။ ကိုယ္ေမးခ်င္တဲ့ေမးခြန္းေတြကို ခ်ေရးထားၿပီး တစ္ခုခ်င္းထေမးတာမ်ိဳးလည္းလုပ္ႏိုင္ပါတယ္။

Introvert ေတြစုေနတဲ့ပြဲမ်ိဳးဆိုရင္ေတာ့ ကိုယ္က Host လုပ္လိုက္ပါ။ေနာက္ဆုံးတစ္ခ်က္ကေတာ့ လူတစ္ေယာက္ကိုကိုယ္ကစၿပီးႏႈတ္ ဆက္ရမွာစိုး႐ြံ႕ေနတယ္ဆိုရင္အသိမိတ္ေဆြတစ္ေယာက္ေယာက္ကိုအကူအညီေတာင္းၿပီးကိုယ္နဲ႔မိတ္ဆက္ေပးဖို႔ေတာင္းဆိုႏိုင္ပါတယ္။
Introvert တစ္ေယာက္ဟာလည္း လူမႈဆက္ဆံေရးပိုင္းမွာအားသာခ်က္ေတြအမ်ားႀကီးနဲ႔မို႔ Network ေကာင္းေကာင္းတည္ေဆာက္ႏိုင္တယ္ဆိုတာကို ယုံၾကည္ထားပါေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*