အပြုသဘောဆောင်တဲ့ ဝေဖန်မှုက လုပ်ငန်းခွင်မှာဖြစ်စေ၊ပြင်ပမိတ်ဆက်ဆက်ဆံရေးမှာဖြစ်စေ အရေးကြီးပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ဝေဖန်မှုကို ဘယ်လိုပေးမလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။
Sandwich Feedback ကို ကမ်းလှမ်းပါ
အပြုသဘောဆောင်တဲ့ဝေဖန်မှုပေးတဲ့နေရာမှာ Sandwich Feedback ကိုသုံးသင့်ပါတယ်။အဲဒီနည်းလမ်းကတော့ Positive-Improvement-Positive ကို အသုံးပြုတာပါပဲ။ကိုယ်ပြောချင်တဲ့ ဝေဖန်မှုကို အလယ်မှာထည့်ပြီး အရှေ့နဲ့အနောက်က ချီးကျူးစကား၊
ဂုဏ်ပြုစကားနဲ့ ရှေ့ပိတ်နောက်ပိတ်ပြောတာပါပဲ။ ဒါကြောင့် အဖွင့်နဲ့ အဆုံးကြားမှာကိုယ့်ရဲ့ဝေဖန်မှုကို ကြားညှပ်ပြီးအသုံးပြုတာက အ ကောင်းဆုံး အပြုသဘောဆောင်တဲ့ဝေဖန်အကြံပြုချက်ဖြစ်ပါလိမ့်မယ်။
အကြံပြုချက်ဖြင့် တိကျစွာပြောတာ
သင့်ရဲ့အကြံပြုချက်က ပိုမိုတိကျပြီး အသေးစိတ်လေလေသူ့အတွက်ပိုမိုလုပ်ဆောင်နိုင်လေလေဖြစ်ပါတယ်။ အသေးစိတ်တိကျတဲ့အ ချက်များကိုစာရင်းပြုစုပါ။ ဒီချည်းကပ်နည်းကိုအသုံးပြုတာက ဝန်ထမ်းများနဲ့လုပ်ဖော်ကိုင်ဖက်များကို ရှင်းလင်းပြတ်သားမှုကိုပေးပါတယ်။ တောင်းဆိုမှုကိုသူတို့ပိုနားလည်လေလေ အလုပ်နဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့စိုးရိမ်ပူပန်မှုနည်းပါးလေလေဖြစ်ပါတယ်။ သူတို့ဘယ်လိုပြီးမြောက်အောင်လုပ်ရမလဲဆိုတာကိုခံစားရစေပါတယ်။
တိုးတက်ရန်နည်းလမ်းများအတွက် အကြံပြုချက်များပေးတာ
တုံ့ပြန်ချက်ပေးတာရဲ့ အဓိကအကြောင်းရင်းက လူတစ်ဦးကို တိုးတက်ကောင်းမွန်အောင်ကူညီပေးရန်ဖြစ်ပါတယ်။ အကြံပြုချက်ကောင်းတခုက လက်ဆောင်တခုဖြစ်ကြောင်းသတိရပါ။ရှင်းလင်းပြတ်သားမှုနဲ့ တိကျမှုမရှိတဲ့ အကြံပြုချက်တွေက အထောက်အကူမဖြစ်စေပါဘူး။ဒါပေမဲ့ အလွန်တိကျတဲ့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြမှုတွေ သရုပ်ပြမှုတွေ၊အကြံပြုချက်တွေက သူတို့အတွက်ပိုကောင်းပါတယ်။
ယူဆချက်များကို ရှောင်တာ
မှားယွင်းတဲ့ယူဆချက်များက ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုများအဖြစ် ကြုံတွေ့ရနိုင်ပြီးဒီအချက်တွေက လုပ်ငန်းခွင်မှာ စိတ်အနှောင့် အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်ပေးတဲ့အခါမှာ ယူဆချက်များကိုရှောင်သင့်ပါတယ်။
MYit
zawgyi
အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈက လုပ္ငန္းခြင္မွာျဖစ္ေစ၊ျပင္ပမိတ္ဆက္ဆက္ဆံေရးမွာျဖစ္ေစ အေရးႀကီးပါတယ္။ ဒီလိုအျပဳသေဘာေဆာင္တဲ့ေဝဖန္မႈကို ဘယ္လိုေပးမလဲဆိုတာနဲ႔ပတ္သက္ၿပီး မွ်ေဝေပးခ်င္ပါတယ္။
Sandwich Feedback ကို ကမ္းလွမ္းပါ
အျပဳသေဘာေဆာင္တဲ့ေဝဖန္မႈေပးတဲ့ေနရာမွာ Sandwich Feedback ကိုသုံးသင့္ပါတယ္။အဲဒီနည္းလမ္းကေတာ့ Positive-Improvement-Positive ကို အသုံးျပဳတာပါပဲ။ကိုယ္ေျပာခ်င္တဲ့ ေဝဖန္မႈကို အလယ္မွာထည့္ၿပီး အေရွ႕နဲ႔အေနာက္က ခ်ီးက်ဴးစကား၊
ဂုဏ္ျပဳစကားနဲ႔ ေရွ႕ပိတ္ေနာက္ပိတ္ေျပာတာပါပဲ။ ဒါေၾကာင့္ အဖြင့္နဲ႔ အဆုံးၾကားမွာကိုယ့္ရဲ႕ေဝဖန္မႈကို ၾကားညႇပ္ၿပီးအသုံးျပဳတာက အ ေကာင္းဆုံး အျပဳသေဘာေဆာင္တဲ့ေဝဖန္အႀကံျပဳခ်က္ျဖစ္ပါလိမ့္မယ္။
အႀကံျပဳခ်က္ျဖင့္ တိက်စြာေျပာတာ
သင့္ရဲ႕အႀကံျပဳခ်က္က ပိုမိုတိက်ၿပီး အေသးစိတ္ေလေလသူ႔အတြက္ပိုမိုလုပ္ေဆာင္ႏိုင္ေလေလျဖစ္ပါတယ္။ အေသးစိတ္တိက်တဲ့အ ခ်က္မ်ားကိုစာရင္းျပဳစုပါ။ ဒီခ်ည္းကပ္နည္းကိုအသုံးျပဳတာက ဝန္ထမ္းမ်ားနဲ႔လုပ္ေဖာ္ကိုင္ဖက္မ်ားကို ရွင္းလင္းျပတ္သားမႈကိုေပးပါတယ္။ ေတာင္းဆိုမႈကိုသူတို႔ပိုနားလည္ေလေလ အလုပ္နဲ႔ပတ္သက္ၿပီး မေသခ်ာမေရရာတဲ့စိုးရိမ္ပူပန္မႈနည္းပါးေလေလျဖစ္ပါတယ္။ သူတို႔ဘယ္လိုၿပီးေျမာက္ေအာင္လုပ္ရမလဲဆိုတာကိုခံစားရေစပါတယ္။
တိုးတက္ရန္နည္းလမ္းမ်ားအတြက္ အႀကံျပဳခ်က္မ်ားေပးတာ
တုံ႔ျပန္ခ်က္ေပးတာရဲ႕ အဓိကအေၾကာင္းရင္းက လူတစ္ဦးကို တိုးတက္ေကာင္းမြန္ေအာင္ကူညီေပးရန္ျဖစ္ပါတယ္။ အႀကံျပဳခ်က္ေကာင္းတခုက လက္ေဆာင္တခုျဖစ္ေၾကာင္းသတိရပါ။ရွင္းလင္းျပတ္သားမႈနဲ႔ တိက်မႈမရွိတဲ့ အႀကံျပဳခ်က္ေတြက အေထာက္အကူမျဖစ္ေစပါဘူး။ဒါေပမဲ့ အလြန္တိက်တဲ့ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ရွင္းျပမႈေတြ သ႐ုပ္ျပမႈေတြ၊အႀကံျပဳခ်က္ေတြက သူတို႔အတြက္ပိုေကာင္းပါတယ္။
ယူဆခ်က္မ်ားကို ေရွာင္တာ
မွားယြင္းတဲ့ယူဆခ်က္မ်ားက ကိုယ္ေရးကိုယ္တာတိုက္ခိုက္မႈမ်ားအျဖစ္ ႀကဳံေတြ႕ရႏိုင္ၿပီးဒီအခ်က္ေတြက လုပ္ငန္းခြင္မွာ စိတ္အေႏွာင့္ အယွက္ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္အျပဳသေဘာေဆာင္တဲ့ ေဝဖန္အႀကံျပဳခ်က္ေပးတဲ့အခါမွာ ယူဆခ်က္မ်ားကိုေရွာင္သင့္ပါတယ္။
MYit
Leave a Reply