လစာညှိနှိုင်းခြင်းဆိုင်ရာ အကြံပြုချက် (၄)ချက်

အလုပ်အကိုင်ရှာဖွေနေတဲ့အချိန်မှာ နောက်ထပ်စိန်ခေါ်မှုကတော့ လစာညှိနှိုင်းမှုဖြစ်ပါတယ်။ကိုယ့်ရဲ့အရည်အချင်းတန်ဖိုးနဲ့ညီမျှတဲ့ လစာအနေအထားတခုကို တောင်းဆိုတဲ့အခါမှာတခါတလေမှာ အဆင်မပြေမှုတွေကြုံတွေ့ရတတ်ပါတယ်။ လစာညှိနှိုင်းမှုအဆင်မပြေလို့အ လုပ်မရတဲ့သူတွေရှိသလို၊ လစာညှိနှိုင်းမှုအဆင်မပြေလို့ အလုပ်မခန့်နိုင်တဲ့ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒီတော့ လစာကိုဘယ်လိုညှိနှိုင်းကြမလဲဆိုတာလေးဖော်ပြပေးချင်ပါတယ်။ ဒီအချက်လေးတွေက သင့်အတွက်အထောက်အကူဖြစ်မယ်ဆိုရင်မျှဝေရကျိုးနပ်တယ်လို့ ခံ ယူမိပါတယ်။

ကုမ္ပဏီတစ်ခုချင်းစီရဲ့ လစာပေးနှုန်းထားကို စုံစမ်းပါ

ကုမ္ပဏီအလိုက် မတူညီတဲ့လစာပေးနှုန်းထားတွေရှိတတ်ကြပါတယ်။ ဥပမာဒီကုမ္ပဏီမှာကတော့မားကက်တင်းမန်နေဂျာရာထူးကို သိန်း ၂၀ပေးပေမဲ့ နောက်ကုမ္ပဏီတခုကတော့ ၁၅သိန်းပေးတာမျိုးပါ။ ဒါက ကုမ္ပဏီအရွယ်အစားနဲ့ဆိုင်သလို၊အလုပ်တခုချင်းစီရဲ့လစာပေးနှုန်းထားနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့်အလုပ်လျှောက်ဖို့ပြင်တဲ့အခါမှာ ကုမ္ပဏီတခုချင်းစီရဲ့လစာပေးနှုန်းထားတွေကိုအရင်ဆုံးစုံစမ်းကြည့်သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့အလုပ်လျှောက်လွှာမှာမျှော်မှန်းလစာနေရာမှာ သင့်တော်တဲ့ လစာနှုန်းထားတခုကို ထည့်သွင်းဖော်ပြနိုင်မှာဖြစ်ပါတယ်။

သင်ရဲ့အရည်အချင်းများကို ပြသပါ

လစာညှိနှိုင်းမှုအကြောင်း အရင်မုလုပ်ခင်မှာ အလုပ်ခန့်ထားမယ့်သူတွေကို သိစေဖို့ကြိုးစားသင့်တဲ့အချက်က သင့်ရဲ့အရည်အချင်းတွေ၊ ဒီအလုပ်ကသင်နဲ့ဘယ်လောက်အထိကိုက်ညီပြီး သင့်တော်တယ်ဆိုတာကို သူတို့ကိုသိအောင်ကြိုးစားသင့်ပါတယ်။ သင့်ရဲ့အရည်အချင်းကိုရောင်းပြီးမှသင့်ရဲ့မျှော်မှန်းလစာကိုပြောတဲ့အခါမှာ သူတို့ဘက်ကအလွယ်တကူလိုက်လျောနိုင်မှာဖြစ်ပါတယ်။ နောက်တချက်ကတော့ သင့်ရဲ့စွမ်းဆောင်ရည်ကိုသူတို့သေချာသိအောင် ကြိုးစားပါ။ ကိုယ်အရင်လုပ်ခဲ့ဖူးတဲ့၊ အောင်မြင်ခဲ့ဖူးတဲ့အလုပ်ပရောဂျက်တွေကိုပြသပါ။ ဒီပရောဂျက်တွေက လက်မှတ်တွေမဟုတ်ဘဲတကယ်လုပ်ငန်းခွင်မှာ လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေဖြစ်တဲ့အတွက် သင့်အရည်အချင်းအ တွက်ပြီးပြည့်စုံတဲ့ သက်သေဖြစ်ပါလိမ့်မယ်။

လစာတခုထဲမကြည့်ပါနဲ့

သင်ရဲ့မျှော်မှန်းလစာမရလို့ အလုပ်ကမ်းလှမ်းချက်ကို မလုပ်နိုင်ဘူးဆိုတာမျိုးဆုံးဖြတ်ချက်မချခင်မှာ ဒီအလုပ်က ငွေကြေးမဟုတ်တဲ့ တ ခြားမက်လုံးတွေ၊ခံစားခွင့်တွေဘာတွေရှိသလဲဆိုတာ သေချာသိအောင်လုပ်ပါ။ အခမဲ့အစားအသောက်၊အားကစားခန်းမအတွက်လျှော့ ဈေးဖြစ်စေ၊ တခြားအကျိုးခံစားခွင့်များစတာတွေကိုလည်းသေချာသိအောင်လုပ်ပါ။ တခါတလေမှာ လစာကောင်းပေမဲ့လည်းတခြားအ ခွင့်အရေးတွေမရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုကြားမှာချိန်ညှိပြီးလုပ်ဖို့အကြံပြုချင်ပါတယ်။

အဝတ်အစားကို စမတ်ကျကျဝတ်ပါ

ဒီနေရာမှာပြောချင်တာက ဈေးကြီးတဲ့အဝတ်အစားကိုဆိုလိုတာမဟုတ်ပါဘူး။ကိုယ်နဲ့အံ့ဝင်ဂွင်ကျဖြစ်ပြီး သပ်သပ်ရပ်ရပ်ရှိမယ့် ဝတ်စားဆင်ယင်မှုကိုဆိုလိုပါတယ်။သင့်ရဲ့ပုံပန်းကိုကြည့်လိုက်တာနဲ့ သင်က ဒီနေရာနဲ့ထိုက်တန်တယ်ဆိုတာမျိုးဖြစ်ပါစေ။ဝတ်စားဆင်ယင်မှုကလည်း လူတယောက်အတွက်အရေးကြီးပါတယ်။ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်ရဲ့ဟိတ်ဟန်အပေါ်မှာအများကြီးသက်ရောက်နိုင်ပါတယ်။လစာညှိနှိုင်းမှုကတော့ အင်တာဗျူးကာလအတွင်းမှာတခါတလေစိတ်မသက်မသာဖြစ်ရတဲ့အကြောင်းအရာတခုဖြစ်ပါတယ်။ ဒါကြောင့် ဒီညှိနှိုင်းမှုမှာကိုယ့်ရဲ့ ညှိနှိုင်းမှုစွမ်းရည်ကိုမြှင့်တင်ဖို့အတွက် လေ့လာမှုတွေသေချာလုပ်ဖို့လိုသလိုအထက်ပါအချက်တွေကိုလည်း သေချာပြင်ဆင်သင့်ပါတယ်။

MYit

zawgyi

အလုပ္အကိုင္ရွာေဖြေနတဲ့အခ်ိန္မွာ ေနာက္ထပ္စိန္ေခၚမႈကေတာ့ လစာညႇိႏႈိင္းမႈျဖစ္ပါတယ္။ကိုယ့္ရဲ႕အရည္အခ်င္းတန္ဖိုးနဲ႔ညီမွ်တဲ့ လစာအေနအထားတခုကို ေတာင္းဆိုတဲ့အခါမွာတခါတေလမွာ အဆင္မေျပမႈေတြႀကဳံေတြ႕ရတတ္ပါတယ္။ လစာညႇိႏႈိင္းမႈအဆင္မေျပလို႔အ လုပ္မရတဲ့သူေတြရွိသလို၊ လစာညႇိႏႈိင္းမႈအဆင္မေျပလို႔ အလုပ္မခန႔္ႏိုင္တဲ့ကုမၸဏီေတြလည္းရွိပါတယ္။ ဒီေတာ့ လစာကိုဘယ္လိုညႇိႏႈိင္းၾကမလဲဆိုတာေလးေဖာ္ျပေပးခ်င္ပါတယ္။ ဒီအခ်က္ေလးေတြက သင့္အတြက္အေထာက္အကူျဖစ္မယ္ဆိုရင္မွ်ေဝရက်ိဳးနပ္တယ္လို႔ ခံ ယူမိပါတယ္။

ကုမၸဏီတစ္ခုခ်င္းစီရဲ႕ လစာေပးႏႈန္းထားကို စုံစမ္းပါ

ကုမၸဏီအလိုက္ မတူညီတဲ့လစာေပးႏႈန္းထားေတြရွိတတ္ၾကပါတယ္။ ဥပမာဒီကုမၸဏီမွာကေတာ့မားကက္တင္းမန္ေနဂ်ာရာထူးကို သိန္း ၂၀ေပးေပမဲ့ ေနာက္ကုမၸဏီတခုကေတာ့ ၁၅သိန္းေပးတာမ်ိဳးပါ။ ဒါက ကုမၸဏီအ႐ြယ္အစားနဲ႔ဆိုင္သလို၊အလုပ္တခုခ်င္းစီရဲ႕လစာေပးႏႈန္းထားနဲ႔လည္း သက္ဆိုင္ပါတယ္။ ဒါေၾကာင့္အလုပ္ေလွ်ာက္ဖို႔ျပင္တဲ့အခါမွာ ကုမၸဏီတခုခ်င္းစီရဲ႕လစာေပးႏႈန္းထားေတြကိုအရင္ဆုံးစုံစမ္းၾကည့္သင့္ပါတယ္။ ဒါမွသာ သင့္ရဲ႕အလုပ္ေလွ်ာက္လႊာမွာေမွ်ာ္မွန္းလစာေနရာမွာ သင့္ေတာ္တဲ့ လစာႏႈန္းထားတခုကို ထည့္သြင္းေဖာ္ျပႏိုင္မွာျဖစ္ပါတယ္။

သင္ရဲ႕အရည္အခ်င္းမ်ားကို ျပသပါ

လစာညႇိႏႈိင္းမႈအေၾကာင္း အရင္မုလုပ္ခင္မွာ အလုပ္ခန႔္ထားမယ့္သူေတြကို သိေစဖို႔ႀကိဳးစားသင့္တဲ့အခ်က္က သင့္ရဲ႕အရည္အခ်င္းေတြ၊ ဒီအလုပ္ကသင္နဲ႔ဘယ္ေလာက္အထိကိုက္ညီၿပီး သင့္ေတာ္တယ္ဆိုတာကို သူတို႔ကိုသိေအာင္ႀကိဳးစားသင့္ပါတယ္။ သင့္ရဲ႕အရည္အခ်င္းကိုေရာင္းၿပီးမွသင့္ရဲ႕ေမွ်ာ္မွန္းလစာကိုေျပာတဲ့အခါမွာ သူတို႔ဘက္ကအလြယ္တကူလိုက္ေလ်ာႏိုင္မွာျဖစ္ပါတယ္။ ေနာက္တခ်က္ကေတာ့ သင့္ရဲ႕စြမ္းေဆာင္ရည္ကိုသူတို႔ေသခ်ာသိေအာင္ ႀကိဳးစားပါ။ ကိုယ္အရင္လုပ္ခဲ့ဖူးတဲ့၊ ေအာင္ျမင္ခဲ့ဖူးတဲ့အလုပ္ပေရာဂ်က္ေတြကိုျပသပါ။ ဒီပေရာဂ်က္ေတြက လက္မွတ္ေတြမဟုတ္ဘဲတကယ္လုပ္ငန္းခြင္မွာ လုပ္ခဲ့ဖူးတဲ့အေတြ႕အႀကဳံေတြျဖစ္တဲ့အတြက္ သင့္အရည္အခ်င္းအ တြက္ၿပီးျပည့္စုံတဲ့ သက္ေသျဖစ္ပါလိမ့္မယ္။

လစာတခုထဲမၾကည့္ပါနဲ႔

သင္ရဲ႕ေမွ်ာ္မွန္းလစာမရလို႔ အလုပ္ကမ္းလွမ္းခ်က္ကို မလုပ္ႏိုင္ဘူးဆိုတာမ်ိဳးဆုံးျဖတ္ခ်က္မခ်ခင္မွာ ဒီအလုပ္က ေငြေၾကးမဟုတ္တဲ့ တ ျခားမက္လုံးေတြ၊ခံစားခြင့္ေတြဘာေတြရွိသလဲဆိုတာ ေသခ်ာသိေအာင္လုပ္ပါ။ အခမဲ့အစားအေသာက္၊အားကစားခန္းမအတြက္ေလွ်ာ့ ေဈးျဖစ္ေစ၊ တျခားအက်ိဳးခံစားခြင့္မ်ားစတာေတြကိုလည္းေသခ်ာသိေအာင္လုပ္ပါ။ တခါတေလမွာ လစာေကာင္းေပမဲ့လည္းတျခားအ ခြင့္အေရးေတြမရတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ခုၾကားမွာခ်ိန္ညႇိၿပီးလုပ္ဖို႔အႀကံျပဳခ်င္ပါတယ္။

အဝတ္အစားကို စမတ္က်က်ဝတ္ပါ

ဒီေနရာမွာေျပာခ်င္တာက ေဈးႀကီးတဲ့အဝတ္အစားကိုဆိုလိုတာမဟုတ္ပါဘူး။ကိုယ္နဲ႔အံ့ဝင္ဂြင္က်ျဖစ္ၿပီး သပ္သပ္ရပ္ရပ္ရွိမယ့္ ဝတ္စားဆင္ယင္မႈကိုဆိုလိုပါတယ္။သင့္ရဲ႕ပုံပန္းကိုၾကည့္လိုက္တာနဲ႔ သင္က ဒီေနရာနဲ႔ထိုက္တန္တယ္ဆိုတာမ်ိဳးျဖစ္ပါေစ။ဝတ္စားဆင္ယင္မႈကလည္း လူတေယာက္အတြက္အေရးႀကီးပါတယ္။ကိုယ့္ရဲ႕ဝတ္စားဆင္ယင္မႈက ကိုယ့္ရဲ႕ဟိတ္ဟန္အေပၚမွာအမ်ားႀကီးသက္ေရာက္ႏိုင္ပါတယ္။လစာညႇိႏႈိင္းမႈကေတာ့ အင္တာဗ်ဴးကာလအတြင္းမွာတခါတေလစိတ္မသက္မသာျဖစ္ရတဲ့အေၾကာင္းအရာတခုျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီညႇိႏႈိင္းမႈမွာကိုယ့္ရဲ႕ ညႇိႏႈိင္းမႈစြမ္းရည္ကိုျမႇင့္တင္ဖို႔အတြက္ ေလ့လာမႈေတြေသခ်ာလုပ္ဖို႔လိုသလိုအထက္ပါအခ်က္ေတြကိုလည္း ေသခ်ာျပင္ဆင္သင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*