ထိရောက်တဲ့ ညှိနှိုင်းမှုအတွက် အကြံပြုချက် (၆)ချက်

ထိရောက်တဲ့ညှိနှိုင်းမှုကလည်း ဘယ်လိုနယ်ပယ်မှာမဆို လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကိုရရှိနိုင်ဖို့အတွက် ကိုယ့်မှာ ညှိနှိုင်းရေးစွမ်းရည်ကောင်းကောင်းရှိဖို့လိုပါတယ်။ဒီအချက်တွေကတော့ အဲဒီလိုညှိနှိုင်းရေးမှာ သိသင့်တဲ့ထိရောက်တဲ့အကြံပြုချက်တွေဖြစ်ပါတယ်။။

ယုံကြည်မှုရှိပါ

ပထမအရေးကြီးဆုံးအချက်ကတော့ ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကညှိနှိုင်းရေးမှာ အဓိက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုစေ့စပ်ညှိနှိုင်းရေးမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ မျက်လုံးချင်းဆုံးပြီး ကြည့်ဖို့မမေ့ပါနဲ့။

လေးစားမှုရှိပါ

ညှိနှိုင်းရေးမှာ ဒုတိယအရေးကြီးတဲ့အချက်ကတော့ အပြန်အလှန်လေးစားမှုပါ။ကိုယ့်ရဲ့တောင်းဆိုမှုအတွက် မာနရှိပါ။ ဒါပေမဲ့ တဖက်မှာလည်း လေးစားမှုပါပါစေ။စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားကို ပြောဆိုတာရှောင်ပြီး တဖက်သားပြောတာကိုလည်းလေးလေးစား စားနားထောင်တတ်ပါစေ။

သုတေသနလုပ်ပါ

ဒီအချက်ကတော့ ညှိနှိုင်းရေးလုပ်တဲ့အခါမှာ အကြီးမားဆုံးကာကွယ်ရေးလက်နက်ဖြစ်ပါတယ်။စေ့စပ်ညှိနှိုင်းမှုမျိုးမစတင်မီ သုတေသနလုပ်ပါ။ လစာညှိနှိုင်းရေးအတွက်လည်းသုတေသနလုပ်တာက သင့်အတွက်ကောင်းမွန်တဲ့အထောက်အကူဖြစ်စေပါတယ်။ဈေးကွက်အတွင်းမှာရှိတဲ့ တန်ဖိုးကို သုတေသနလုပ်ထားမှသာ ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်။

ပထမကမ်းလှမ်းချက်ကိုလုပ်ပါ

စေ့စပ်ညှိနှိုင်းရေးလုပ်တဲ့အခါမှာ အလျှော့အတင်းနဲ့ စားပွဲဝိုင်းကို ထိန်းချုပ်ဖို့ဆိုရင်ပထမကမ်းလှမ်းချက်နည်းလမ်းပဲဖြစ်ပါတယ်။ ပုံမှန်အနေနဲ့ ဘယ်သူကမှပထမကမ်းလှမ်းချက်ကိုလက်မခံကြပေမဲ့ အဖွင့်ကမ်းလှမ်းချက်က ကောင်းမွန်တဲ့အစပျိုးချက်ဖြစ်ပြီး တခြားတန် ပြန်ကမ်းလှမ်းချက်ကို လွှမ်းမိုးနိုင်ပါတယ်။

တဖက်က ပထမကမ်းလှမ်းချက်ကိုမယူပါနဲ့

တကယ်လို့သင်က ပထမဆုံးကမ်းလှမ်းချက်ကိုပြုလုပ်ဖို့ အခွင့်ကောင်းမရခဲ့ဘဲ သူတို့ဘက်ကပထမကမ်းလှမ်းချက်ကို လက်ခံလိုက်တာက မှားယွင်းစေနိုင်ပါတယ်။ သင်ကအတွေ့အကြုံမရှိတဲ့ ညှိနှိုင်းဆွေးနွေးသူတယောက်ဆိုရင် ပထမကမ်းလှမ်းချက်ကိုလက်ခံမယ်လို့ ထင်ရနိုင်ပေမဲ့ တန်ပြန်ကမ်းလှမ်းမှုတခုလုပ်ဖို့ ကြိုးစားစေချင်ပါတယ်။

အဖွင့်မေးခွန်းများမေးပါ

မေးခွန်းများက စေ့စပ်ညှိနှိုင်းမှုအတွက်အကျိုးရှိတဲ့အချက်အလက်တွေကိုဖော်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် မေးခွန်းမေးတဲ့အခါမှာ
အပိတ်မေးခွန်းမဟုတ်ဘဲ ဖွင့်ပေးတဲ့မေးခွန်းမျိုးနဲ့စတင်ပါ။ အဖွင့်မေးခွန်းဆိုတာ သူ့ဘက်ကဟုတ်တယ်၊ မဟုတ်ဘူးဆိုတာမျိုးဖြေလို့ရတဲ့မေးခွန်းမျိုးမဟုတ်ဘဲသေသေချာချာပြည့်ပြည့်စုံစုံဖြေရမယ့် မေးခွန်းမျိုးကိုဆိုလိုတာပါ။ဒီအချက်တွေကတော့ သင့်အတွက်အထောက်အ ကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။ဆွေးနွေးညှိနှိုင်းရေး စွမ်းရည်ကလည်း Soft Skills တခုပဲဖြစ်တာဖြစ်လို့ သေချာလေးပြင်ဆင်ထားဖို့လိုပါတယ်။

MYit

zawgyi

ထိေရာက္တဲ့ညႇိႏႈိင္းမႈကလည္း ဘယ္လိုနယ္ပယ္မွာမဆို လိုအပ္ပါတယ္။ ကိုယ္လိုခ်င္တဲ့အရာကိုရရွိႏိုင္ဖို႔အတြက္ ကိုယ့္မွာ ညႇိႏႈိင္းေရးစြမ္းရည္ေကာင္းေကာင္းရွိဖို႔လိုပါတယ္။ဒီအခ်က္ေတြကေတာ့ အဲဒီလိုညႇိႏႈိင္းေရးမွာ သိသင့္တဲ့ထိေရာက္တဲ့အႀကံျပဳခ်က္ေတြျဖစ္ပါတယ္။။

ယုံၾကည္မႈရွိပါ

ပထမအေရးႀကီးဆုံးအခ်က္ကေတာ့ ယုံၾကည္မႈရွိဖို႔ပါပဲ။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိဖို႔ကညႇိႏႈိင္းေရးမွာ အဓိက အေရးပါတဲ့အခ်က္ျဖစ္ပါတယ္။ ဒီအခ်က္ကိုေစ့စပ္ညႇိႏႈိင္းေရးမလုပ္ခင္မွာ ႀကိဳတင္ျပင္ဆင္ဖို႔လိုပါတယ္။မ်က္ႏွာခ်င္းဆိုင္စကားေျပာတဲ့အခါ မ်က္လုံးခ်င္းဆုံးၿပီး ၾကည့္ဖို႔မေမ့ပါနဲ႔။

ေလးစားမႈရွိပါ

ညႇိႏႈိင္းေရးမွာ ဒုတိယအေရးႀကီးတဲ့အခ်က္ကေတာ့ အျပန္အလွန္ေလးစားမႈပါ။ကိုယ့္ရဲ႕ေတာင္းဆိုမႈအတြက္ မာနရွိပါ။ ဒါေပမဲ့ တဖက္မွာလည္း ေလးစားမႈပါပါေစ။စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ စကားကို ေျပာဆိုတာေရွာင္ၿပီး တဖက္သားေျပာတာကိုလည္းေလးေလးစား စားနားေထာင္တတ္ပါေစ။

သုေတသနလုပ္ပါ

ဒီအခ်က္ကေတာ့ ညႇိႏႈိင္းေရးလုပ္တဲ့အခါမွာ အႀကီးမားဆုံးကာကြယ္ေရးလက္နက္ျဖစ္ပါတယ္။ေစ့စပ္ညႇိႏႈိင္းမႈမ်ိဳးမစတင္မီ သုေတသနလုပ္ပါ။ လစာညႇိႏႈိင္းေရးအတြက္လည္းသုေတသနလုပ္တာက သင့္အတြက္ေကာင္းမြန္တဲ့အေထာက္အကူျဖစ္ေစပါတယ္။ေဈးကြက္အတြင္းမွာရွိတဲ့ တန္ဖိုးကို သုေတသနလုပ္ထားမွသာ ပိုမိုသိရွိႏိုင္မွာျဖစ္ပါတယ္။

ပထမကမ္းလွမ္းခ်က္ကိုလုပ္ပါ

ေစ့စပ္ညႇိႏႈိင္းေရးလုပ္တဲ့အခါမွာ အေလွ်ာ့အတင္းနဲ႔ စားပြဲဝိုင္းကို ထိန္းခ်ဳပ္ဖို႔ဆိုရင္ပထမကမ္းလွမ္းခ်က္နည္းလမ္းပဲျဖစ္ပါတယ္။ ပုံမွန္အေနနဲ႔ ဘယ္သူကမွပထမကမ္းလွမ္းခ်က္ကိုလက္မခံၾကေပမဲ့ အဖြင့္ကမ္းလွမ္းခ်က္က ေကာင္းမြန္တဲ့အစပ်ိဳးခ်က္ျဖစ္ၿပီး တျခားတန္ ျပန္ကမ္းလွမ္းခ်က္ကို လႊမ္းမိုးႏိုင္ပါတယ္။

တဖက္က ပထမကမ္းလွမ္းခ်က္ကိုမယူပါနဲ႔

တကယ္လို႔သင္က ပထမဆုံးကမ္းလွမ္းခ်က္ကိုျပဳလုပ္ဖို႔ အခြင့္ေကာင္းမရခဲ့ဘဲ သူတို႔ဘက္ကပထမကမ္းလွမ္းခ်က္ကို လက္ခံလိုက္တာက မွားယြင္းေစႏိုင္ပါတယ္။ သင္ကအေတြ႕အႀကဳံမရွိတဲ့ ညႇိႏႈိင္းေဆြးေႏြးသူတေယာက္ဆိုရင္ ပထမကမ္းလွမ္းခ်က္ကိုလက္ခံမယ္လို႔ ထင္ရႏိုင္ေပမဲ့ တန္ျပန္ကမ္းလွမ္းမႈတခုလုပ္ဖို႔ ႀကိဳးစားေစခ်င္ပါတယ္။

အဖြင့္ေမးခြန္းမ်ားေမးပါ

ေမးခြန္းမ်ားက ေစ့စပ္ညႇိႏႈိင္းမႈအတြက္အက်ိဳးရွိတဲ့အခ်က္အလက္ေတြကိုေဖာ္ထုတ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေမးခြန္းေမးတဲ့အခါမွာ
အပိတ္ေမးခြန္းမဟုတ္ဘဲ ဖြင့္ေပးတဲ့ေမးခြန္းမ်ိဳးနဲ႔စတင္ပါ။ အဖြင့္ေမးခြန္းဆိုတာ သူ႔ဘက္ကဟုတ္တယ္၊ မဟုတ္ဘူးဆိုတာမ်ိဳးေျဖလို႔ရတဲ့ေမးခြန္းမ်ိဳးမဟုတ္ဘဲေသေသခ်ာခ်ာျပည့္ျပည့္စုံစုံေျဖရမယ့္ ေမးခြန္းမ်ိဳးကိုဆိုလိုတာပါ။ဒီအခ်က္ေတြကေတာ့ သင့္အတြက္အေထာက္အ ကူျဖစ္ေစမယ္လို႔ယုံၾကည္ပါတယ္။ေဆြးေႏြးညႇိႏႈိင္းေရး စြမ္းရည္ကလည္း Soft Skills တခုပဲျဖစ္တာျဖစ္လို႔ ေသခ်ာေလးျပင္ဆင္ထားဖို႔လိုပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*