ဒုတိယမြောက်ကလေးရတော့မယ့် ဂျနီဖာ လောရန့်

မင်းသမီး ဂျနီဖာ လောရန့်က မကြာခင်မှာ ကလေးနှစ်ယောက်မိခင်ဖြစ်လာတော့မှာပါ။အော်စကာဆုရှင်မင်းသမီးက သူမရဲ့ ဒုတိယမြောက်ကိုယ်ဝန်ရှိနေပြီလို့ကိုယ်စားလှယ်ဖြစ်သူတဦးက Vogue ကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။လောရန့်က သူမရဲ့ခင်ပွန်းဖြစ်သူ Art Gallery ဒါရိုက်တာ Cooke Maroney နဲ့ဒုတိယမြောက်ရင်သွေးကို ရရှိတာလည်းဖြစ်ပါတယ်။သူတို့စုံတွဲက ၂၀၁၉ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။

ပထမသားလေးကို ၂၀၂၂ မှာ မွေးဖွားပြီးနောက် လောရန့်က Vogue နဲ့အင်တာဗျူးတခုမှာမိခင်ဖြစ်ရတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ မိခင်ဖြစ်ရတာ အလွန်ကြောက်စရာကောင်းတယ်လို့ပြောခဲ့ပါတယ်။ “မိခင်ဖြစ်ရတာ တခြားသူတွေနဲ့ လုံးဝမတူတော့ဘူး” လို့ပြောခဲ့ပါတယ်။
အခုတော့သူမက ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ပါတယ်

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*