ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၅)
အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုခြင်းကို Positive Affirmation လို့ခေါ်ပါတယ်။ ဘယ်သူ့ကိုကတိသစ္စာပြုသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေး ကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation ပါပဲ။ကောင်းမွန်တဲ့ ဘဝအပြောင်းအလဲအတွက် ဒီအချက်လေးတွေကို ရွတ်ဆိုကြည့်ပါ။ ကောင်းတဲ့စကားလုံးတွေ၊ ကောင်းတဲ့အတွေးတွေက ကိုယ့်ကိုရောင်ပြန်ဟပ်ပါတယ်။ အဆိုးမြင်စိတ်တွေ၊အတွေးတွေက သင့်ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်သလိုပဲ ကောင်းမွန်တဲ့အတွေးတွေ၊အပြောတွေကလည်း သင့်ရဲ့ဘဝကို ကောင်းမွန်အောင်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။တကယ်လို့သင်က အပြုသဘောဆောင်တဲ့ ကတိပြုမှုတွေကို စတင်လုပ်ဆောင်ဖို့အဆင်သင့်ပဲဆိုရင် သင့်ရဲ့အဆိုးမြင်မှုတွေး ခေါ်မှုပုံစံတွေကို ပြောင်းလဲပြီးဒီမက်ဆေ့ချ်လေးတွေကို အသုံးပြုပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတရပ်ကိုဖော်ဆောင်ကြည့်ဖို့ တိုက် တွန်းချင်ပါတယ်။
ငါ့ရဲ့အတွင်းစိတ်ကိုလက်ခံယုံကြည်ပြီး သူ့ရဲ့လမ်းညွှန်မှုတွေကိုလိုက်နာမယ်
ဒီကတိပြုချက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ကိုယ့်ရဲ့အတွင်းစိတ်ကိုယုံကြည်လိုက်နာဖို့အတွက် အကောင်းဆုံးအထောက်အကူပါပဲ။ တခုခုဆိုရင် ကိုယ့်ရဲ့အတွင်းစိတ်ကို ယုံကြည်ဖို့လိုပါတယ်။ လူတော်တော်များများက စိတ်စွမ်းအားရှိကြပါတယ်။ဘယ်လိုစိတ်စွမ်းအားလဲဆိုရင် တခုခုကိုစိတ်ထဲကနေ ထင်နေရင် မှန်နေတတ်တာမျိုးပါ။ဒါကြောင့် ကိုယ့်ရဲ့အတွင်းစိတ်က ပြောဆိုတာကိုနားထောင်ပါ။ လိုက် နာပါ။
ငါ့ရဲ့ခံစားချက်တွေကို ငါလက်ခံပြီး သူတို့ကိုဖြတ်သန်းခွင့်ပေးလိုက်မယ်
ဒီအချက်က ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိန်းညှိဖို့အတွက်သင့်ကိုအထောက်အကူဖြစ်စေပါလိမ့်မယ်။ လူတွေက နာကျင်ရတဲ့ခံစားချက်တွေကိုမေ့ချင်ယောင်ဆောင်ထားတတ်ကြပါတယ်။ မနာကျင်ရသယောင်ဟန်ဆောင်ထားတတ်ကြပါတယ်။ ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ နာကျင်ရတဲ့ပဲဖြစ်ဖြစ်၊ခါးသီးတဲ့ခံစားချက်ပဲဖြစ်ဖြစ် အရာအားလုံးကို လက်ခံလိုက်ပါ။ ဒါတွေက ဖြစ်ပြီးသွားပြီ။ဒါတွေကို လက်ခံလိုက်ဖို့လိုတယ်။ ပြီးတော့ အဲဒီခံစားချက်တွေကို လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်ပါ။ ဒီခံစားချက်တွေကို ဆုပ်ကိုင်ပြီးတော့သင့် ဘဝတခုလုံးထမ်းပိုးထားဖိုမလိုပါဘူး။ ဒီကတိသစ္စာပြုမှုကလည်းသင့်ရဲ့စိတ်ကိုထိန်းညှိဖို့များစွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ငါ က မိမိကိုယ်ကို၊ မိမိရဲ့စိတ်ကို၊ မိမိရဲ့ကိုယ်ကို၊ မိမိရဲ့ဝိညာဉ်ကို ဂရုစိုက်စောင့်ရှောက်တယ်ကိုယ့်ရဲ့စိတ်၊ ခန္ဓာနဲ့ စိတ်ဝိညာဉ်တို့ကို သက် သာရာရစေတဲ့ ဒီကတိသစ္စာပြုမှုကိုမကြာခဏပြုလုပ်ပေးခြင်းက ကိုယ့်ကိုယ်ကိုယ်ပိုပြီးချစ်တတ်လာဖို့၊ တန်ဖိုးထားလာဖို့၊ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံလာဖို့၊တန်ဖိုးထားတတ်လာဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်
ဆုံးဖြတ်ချက်ချရန် လိုအပ်တဲ့အခါ ဒါမှမဟုတ် ကိုယ့်ရဲ့စိတ်ဆုံးချက်ချနိုင်စွမ်းရည်ကိုမြှင့်တင်လိုတဲ့အခါမှာ ဒီကတိသစ္စာပြုမှုက သင့်ကိုကူညီပေးနိုင်ပါတယ်။ တခါတလေ ကိုယ်ကဆုံးဖြတ်ချက်တခုခုချဖို့ ချီတုံချတုံဖြစ်တတ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေတတ်ပါတယ်။ ဒီကတိသစ္စာပြုမူကိုနှုတ်ကနေရွတ်ဆိုကြည့်ပါ။ ကိုယ်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့သူဆိုတာကို မမေ့ဖို့ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*