အပူလှိုင်းကြောင့် ထိုင်းဒူးရင်းခြံတွေ ပျက်စီး

ဒူးရင်းသီးက ထိုင်းနိုင်ငံရဲ့ အမြတ်အစွန်းများတဲ့ အဓိကပို့ကုန်တွေထဲကတခုဖြစ်ပါတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှမှာပြင်းထန်တဲ့အပူ လှိုင်းဖြတ်တာကြောင့် ဒီနှစ်မှာ ဒူးရင်းတွေ အထွက်နှုန်းနည်းပြီးကုန်ကျစရိတ်တိုးပွားလာတဲ့အခြေအနေကို ဒူးရင်းစိုက်တောင်သူတွေကြုံ တွေ့နေရပါတယ်။

ကမ္ဘာ့ကြီးပူနွေးလာမှုက စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါထိခိုက်လာပြီးဒူးရင်းစိုက်ပျိုးရောင်းချသူများအနေနဲ့ ဒီအခြေအနေကို ပိုမိုစိုးရိမ်လာကြပါတယ်။ဒီနှစ်ကတော့ အကျပ်အတည်းပါပဲ" လို့ ဒူးရင်းစိုက်တောင်သူ Busaba Nakpipat က AFP ကိုပြောပါတယ်။အ သက် ၅၄နှစ်အရွယ်အမျိုးသမီးက Chanthaburi ခရိုင်အရှေ့ပိုင်းက မိသားစုပိုင်ဒူးရင်းစိုက်ခင်းတွေကို ဆယ်စုနှစ်သုံးခုကျော် လုပ်ကိုင်လာသူပဲဖြစ်ပါတယ်။

တောင်သူများက ဒူးရင်းသီးအထွက်တိုးနိုင်တော့မှာမဟုတ်ကြောင်းကိုနောက်ပိုင်းမှာ ရာသီဥတုပူတာက ပိုဆိုးလာရင်တော့ ပြီးသွားမှာလို့
ပြောပါတယ်။ဒူးရင်းသီးရာက အများအားဖြင့်တော့ မတ်လကနေ ဇွန်လအထိ ကြာတတ်ပေမဲ့ချန်သာဘူရီမှာတော့ ပြီးခဲ့တဲ့ရက်တွေအ တွင်း ၄၀ဒီဂရီစင်တီစရိတ်အထိအပူချိန်မြင့်တက်လာပြီး နောက်ဆက်တွဲမိုးခေါင်မှုတွေကြောင့် ခူးရမယ့်အချိန်တိုးတောင်းစေခဲ့ပါတယ်။

အပူရှိန်က ဒူးရင်းသီးကို အမြန်မှည့်စေပြီး အရွယ်အစားအပြည့်မဖွံ့ဖြိုးဘဲတန်ဖိုးနည်းသွားတယ်လို Busaba ကပြောပါတယ်။သီးနှံအ တွက် ငွေနည်းရုံတင်မဟုတ်ဘဲ လုပ်ငန်းလည်ပတ်စရိတ်ကလည်းမြင့်တက်လာပါတယ်။ မတ်လကတည်းက မိုးခေါင်ရေရှာတာကြောင့်
ရေတွင်းများက ရေကိုစုပ်ယူပြီး ထရပ်ကားတွေနဲ့ရေကိုသယ်ယူပြီးဒူးရင်းပင်တွေကို လောင်းခဲ့ရတာတွေကလည်း ကုန်ကျစရိတ်ပိုမိုတိုးစေခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဒူးရင်းတင်ပို့မှုက အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိပြီး ဆန်နဲ့ ရော်ဘာတို့အပြင်တတိယမြောက်တန်ဖိုးကြီးလယ်ယာထွက်ကုန်လည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဒူးရင်းတင်ပို့မှုရဲ့ ၉၅ရာခိုင်နှုန်းက တရုတ်နိုင်ငံကိုဖြစ်ကြောင်းတရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားများအရ သိရပါတယ်။အရင်နှစ်က ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုသစ်သီးတင်ပိုမှု အမေရိကန်ဒေါ် လာ ၄ဒသမ ၆ဘီလီယံနီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

MYit

zawgyi

ဒူးရင္းသီးက ထိုင္းႏိုင္ငံရဲ႕ အျမတ္အစြန္းမ်ားတဲ့ အဓိကပို႔ကုန္ေတြထဲကတခုျဖစ္ပါတယ္။ ဒါေပမဲ့ အေရွ႕ေတာင္အာရွမွာျပင္းထန္တဲ့အပူ လႈိင္းျဖတ္တာေၾကာင့္ ဒီႏွစ္မွာ ဒူးရင္းေတြ အထြက္ႏႈန္းနည္းၿပီးကုန္က်စရိတ္တိုးပြားလာတဲ့အေျခအေနကို ဒူးရင္းစိုက္ေတာင္သူေတြႀကဳံ ေတြ႕ေနရပါတယ္။

ကမာၻ႔ႀကီးပူေႏြးလာမႈက စိုက္ပ်ိဳးေရးလုပ္ငန္းေတြကိုပါထိခိုက္လာၿပီးဒူးရင္းစိုက္ပ်ိဳးေရာင္းခ်သူမ်ားအေနနဲ႔ ဒီအေျခအေနကို ပိုမိုစိုးရိမ္လာၾကပါတယ္။ဒီႏွစ္ကေတာ့ အက်ပ္အတည္းပါပဲ" လို႔ ဒူးရင္းစိုက္ေတာင္သူ Busaba Nakpipat က AFP ကိုေျပာပါတယ္။အ သက္ ၅၄ႏွစ္အ႐ြယ္အမ်ိဳးသမီးက Chanthaburi ခ႐ိုင္အေရွ႕ပိုင္းက မိသားစုပိုင္ဒူးရင္းစိုက္ခင္းေတြကို ဆယ္စုႏွစ္သုံးခုေက်ာ္ လုပ္ကိုင္လာသူပဲျဖစ္ပါတယ္။

ေတာင္သူမ်ားက ဒူးရင္းသီးအထြက္တိုးႏိုင္ေတာ့မွာမဟုတ္ေၾကာင္းကိုေနာက္ပိုင္းမွာ ရာသီဥတုပူတာက ပိုဆိုးလာရင္ေတာ့ ၿပီးသြားမွာလို႔
ေျပာပါတယ္။ဒူးရင္းသီးရာက အမ်ားအားျဖင့္ေတာ့ မတ္လကေန ဇြန္လအထိ ၾကာတတ္ေပမဲ့ခ်န္သာဘူရီမွာေတာ့ ၿပီးခဲ့တဲ့ရက္ေတြအ တြင္း ၄၀ဒီဂရီစင္တီစရိတ္အထိအပူခ်ိန္ျမင့္တက္လာၿပီး ေနာက္ဆက္တြဲမိုးေခါင္မႈေတြေၾကာင့္ ခူးရမယ့္အခ်ိန္တိုးေတာင္းေစခဲ့ပါတယ္။

အပူရွိန္က ဒူးရင္းသီးကို အျမန္မွည့္ေစၿပီး အ႐ြယ္အစားအျပည့္မဖြံ႕ၿဖိဳးဘဲတန္ဖိုးနည္းသြားတယ္လို Busaba ကေျပာပါတယ္။သီးႏွံအ တြက္ ေငြနည္း႐ုံတင္မဟုတ္ဘဲ လုပ္ငန္းလည္ပတ္စရိတ္ကလည္းျမင့္တက္လာပါတယ္။ မတ္လကတည္းက မိုးေခါင္ေရရွာတာေၾကာင့္
ေရတြင္းမ်ားက ေရကိုစုပ္ယူၿပီး ထရပ္ကားေတြနဲ႔ေရကိုသယ္ယူၿပီးဒူးရင္းပင္ေတြကို ေလာင္းခဲ့ရတာေတြကလည္း ကုန္က်စရိတ္ပိုမိုတိုးေစခဲ့ပါတယ္။

ထိုင္းႏိုင္ငံက ဒူးရင္းတင္ပို႔မႈက အေမရိကန္ေဒၚလာ ဘီလီယံေပါင္းမ်ားစြာတန္ဖိုးရွိၿပီး ဆန္နဲ႔ ေရာ္ဘာတို႔အျပင္တတိယေျမာက္တန္ဖိုးႀကီးလယ္ယာထြက္ကုန္လည္းျဖစ္ပါတယ္။ထိုင္းႏိုင္ငံရဲ႕ဒူးရင္းတင္ပို႔မႈရဲ႕ ၉၅ရာခိုင္ႏႈန္းက တ႐ုတ္ႏိုင္ငံကိုျဖစ္ေၾကာင္းတ႐ုတ္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းဇယားမ်ားအရ သိရပါတယ္။အရင္ႏွစ္က ထိုင္းႏိုင္ငံကေန တ႐ုတ္ႏိုင္ငံကိုသစ္သီးတင္ပိုမႈ အေမရိကန္ေဒၚ လာ ၄ဒသမ ၆ဘီလီယံနီးပါး တင္ပို႔ႏိုင္ခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*