၆နှစ်အကြာမှ Asia Fan Meeting ပြန်လည်စတင်မယ့် YoonA

YoonA အနေနဲ့ ၂၀၂၄ ခုနစ်မှာ Asia Fan Meeting Tour ကို စတင်ပြုလုပ်မယ်လို့ SM Entertainment ကဒီဇင်ဘာလ(၄)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒီ Tour ဟာ ဆိုးလ်ကနေ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာထိသွားမှာဖြစ်ပြီး Fan Meeting ပြုလုပ်မယ့်မြို့တွေကိုလည်းစီစဉ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ ‘YoonA Fan Meeting Tour: Yoonite’လို့နာမည်ပေးထားတဲ့ ဒီ Fan Meeting Tour ကို ၂၀၂၄ ခုနစ် ဇန်နဝါရီ ၆ နဲ့ ၇ မှာဆိုးလ်မြို့ပေါ်မှာစတင်ပြုလုပ်မှာဖြစ်ပါတယ်။ သူမအနေနဲ့ ဇန်နဝါရီ ၁၃ မှာ ဟောင်ကောင်၊ ဖေဖော်ဝါရီ ၃ ရက်မှာ မကာအို၊ ဖေဖော်ဝါရီ ၄ ရက်မှာ တိုင်ပေ၊ ဖေဖော်ဝါရီ ၁၂ မှာ ယိုကိုဟားမား၊ ဖေဖော်ဝါရီ ၂၄ မှာဗန်ကောက်၊ မတ်လ ၁ ရက်နေ့မှာ မနီလာ၊ မတ်လ ၂၉ မှာ ဂျာကာတာ စတဲ့နေရာတွေမှာကျင်းပသွားမှာဖြစ်ပါတယ်။

Yoonite ဆိုတဲ့နာမည်ဟာ Yoona နဲ့ Unite တို့ကိုပေါင်းစပ်ပြီးထွက်ပေါ်လာတာဖြစ်တယ်လို့သိရပါတယ်။သူမရဲ့ဒီ Tour အတွင်းမှာသီ ချင်းသီဆိုတာအပြင် ရိုက်ကွင်းနောက်ကွယ်ကပြောစကားတွေ၊ ဂိမ်းတွေ၊Fan တွေအပေါ်သူမရဲ့ချစ်ခြင်းတရားတွေကို အကောင်းဆုံးတင်ဆက်သွားမှာြဖစ်တယ်လို့သိရပါတယ်။Girls’ Generation အဖွဲ့မှာကတည်းကနာမည်ကျော်ကြားခဲ့တဲ့သူမဟာသရုပ်ဆောင်အလုပ်လုပ် ချိန်မှာလည်း နာမည်ကြီးဇာတ်ကားများစွာကိုရိုက်ကူးနိုင်ခဲ့သူဖြစ်ပါတယ်။သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ King The Land ဇာတ် လမ်းတွဲအပြီးမှာလည်းနိုင်ငံတကာကပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

YoonA အေနနဲ႔ ၂၀၂၄ ခုနစ္မွာ Asia Fan Meeting Tour ကို စတင္ျပဳလုပ္မယ္လို႔ SM Entertainment ကဒီဇင္ဘာလ(၄)ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ဒီ Tour ဟာ ဆိုးလ္ကေန အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာကာတာထိသြားမွာျဖစ္ၿပီး Fan Meeting ျပဳလုပ္မယ့္ၿမိဳ႕ေတြကိုလည္းစီစဥ္ထားၿပီး ျဖစ္တယ္လို႔သိရပါတယ္။ ‘YoonA Fan Meeting Tour: Yoonite’လို႔နာမည္ေပးထားတဲ့ ဒီ Fan Meeting Tour ကို ၂၀၂၄ ခုနစ္ ဇန္နဝါရီ ၆ နဲ႔ ၇ မွာဆိုးလ္ၿမိဳ႕ေပၚမွာစတင္ျပဳလုပ္မွာျဖစ္ပါတယ္။ သူမအေနနဲ႔ ဇန္နဝါရီ ၁၃ မွာ ေဟာင္ေကာင္၊ ေဖေဖာ္ဝါရီ ၃ ရက္မွာ မကာအို၊ ေဖေဖာ္ဝါရီ ၄ ရက္မွာ တိုင္ေပ၊ ေဖေဖာ္ဝါရီ ၁၂ မွာ ယိုကိုဟားမား၊ ေဖေဖာ္ဝါရီ ၂၄ မွာဗန္ေကာက္၊ မတ္လ ၁ ရက္ေန႔မွာ မနီလာ၊ မတ္လ ၂၉ မွာ ဂ်ာကာတာ စတဲ့ေနရာေတြမွာက်င္းပသြားမွာျဖစ္ပါတယ္။

Yoonite ဆိုတဲ့နာမည္ဟာ Yoona နဲ႔ Unite တို႔ကိုေပါင္းစပ္ၿပီးထြက္ေပၚလာတာျဖစ္တယ္လို႔သိရပါတယ္။သူမရဲ႕ဒီ Tour အတြင္းမွာသီ ခ်င္းသီဆိုတာအျပင္ ႐ိုက္ကြင္းေနာက္ကြယ္ကေျပာစကားေတြ၊ ဂိမ္းေတြ၊Fan ေတြအေပၚသူမရဲ႕ခ်စ္ျခင္းတရားေတြကို အေကာင္းဆုံးတင္ဆက္သြားမွာျဖစ္တယ္လို႔သိရပါတယ္။Girls’ Generation အဖြဲ႕မွာကတည္းကနာမည္ေက်ာ္ၾကားခဲ့တဲ့သူမဟာသ႐ုပ္ေဆာင္အလုပ္လုပ္ ခ်ိန္မွာလည္း နာမည္ႀကီးဇာတ္ကားမ်ားစြာကို႐ိုက္ကူးႏိုင္ခဲ့သူျဖစ္ပါတယ္။သူမရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ King The Land ဇာတ္ လမ္းတြဲအၿပီးမွာလည္းႏိုင္ငံတကာကပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးမႈကိုရရွိခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*