Remote အလုပ်ရဖို့ အကြံပြုချက် (၄)ချက်

Remote Work က အနာဂတ်လုပ်သားအင်အားရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ အိမ်ကနေကိုယ့်အလုပ်ကိုယ်လုပ်နိုင်ရင် ရုံးခန်းထဲ ဘာလို့သွားဖို့လိုဦးမလဲ။ ဒါပေမဲ့ ဒီအလုပ်ကို ရရှိဖို့ဘာတွေလိုအပ်မလဲ။ Remote Work တခုရဖို့ဆိုတာ ပုံမှန်အလုပ်တခုရှာသလိုပါပဲ။သင်အလုပ်လျှောက်တာ၊ အင်တာဗျူးတွေအားလုံးက အွန်လိုင်းကလုပ်ရတာပါပဲ။ Remote Workရဖို့အတွက် အကြံပြုချက် လေးချက်ကို မျှဝေပေးချင်ပါတယ်။

သင်ရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကို ဖော်ထုတ်ပါ

သင့်ကိုယ်သင် မရှိမဖြစ်လိုအပ်တဲ့ လူတယောက်ဖြစ်ဖို့ တခြားဘယ်သူမှ မလုပ်နိုင်တဲ့အရာတခုကို လုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ သင့်ကိုခွဲခြားသိမြင်စေတဲ့အရာ၊သင့်ကိုထူးခြားတဲ့သူအဖြစ် မြင်စေတဲ့အရာ၊ သင့်ရဲ့ကျွမ်းကျင်မှုက သင့်ရဲ့ထူးခြားတဲ့အချက်ဖြစ်တာကို မမေ့ဖို့လိုပါတယ်။

သင်ရဲ့ကိုယ်ရေးအကျဉ်းနဲ့ Cover letter တို့ကို ပြင်ဆင်ပါ

ထင်ရှားတဲ့ကိုယ်ရေးရာဇဝင်က အလုပ်ခန့်ထားသူတစ်ဦးကို သင့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံအကြောင်းကို ပြောပြနိုင်ပါတယ်။ Remote Work အလုပ်သမားတယောက်အနေနဲ့အလုပ်ခန့်ထားတဲ့ မန်နေဂျာတွေက သင့်ကိုတာဝန်ထမ်းဆောင်ဖို့အတွက်အရည်အချင်းရှိကြောင်း သိဖို့လိုပါတယ်။အလုပ်ရာထူးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းအတွေ့အကြုံများနဲ့ အရည်အချင်းများကို ထည့်သွင်းပါ။Remote Work ရဲ့ သဘောသဘာဝနဲ့ ဆက်စပ်တဲ့ soft skills တွေကို ထည့်သွင်းပါ။ ဒီအထဲမှာအချိန်စီမံခန့်ခွဲမှု၊ အဖွဲ့အစည်းနဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုများလို အချက်များ အဓိကပါဝင်ရပါမယ်။ Cover letter တစောင်က သင်ဘာကြောင့် ဒီအလုပ်ကို စိတ်အားထက်သန်တယ်ဆိုတာပြသ နိုင်ပါတယ်။ ဒီအချက်က ကုမ္ပဏီအကြောင်း သင်လေ့လာထားတဲ့အချက်တွေကိုအလုပ်ရှင်ကိုပြန်လည်ပို့ပေးဖို့ အခွင့်အရေးဖြစ်ပါတယ်။ ဒီအလုပ်လုပ်ဖို့အတွက် တိကျတဲ့ဆွဲဆောင်စေတဲ့ အရာတွေနဲ့ ကုမ္ပဏီတန်ဖိုးများက သင့်အလုပ်နဲ့ ဘယ်လိုကိုက်ညီတယ်ဆိုတာကိုဖော်ပြ ဖို့မမေ့ပါနဲ့။တကယ်လို့ သင်က အရင်က Remote Work ကုမ္ပဏီများက အလုပ်လုပ်ဖူးက သင့်တာဝန်ကိုကျေပွန်အောင် ဘယ်လိုထမ်းဆောင်ခဲ့သလဲဆိုတာကို သိရှိစေဖို့အတွက် ဒီထဲမှာထည့်သွင်းပါ။

သင်ရဲ့ အွန်လိုင်းဂုဏ်သတင်းကို တည်ဆောက်ပါ

သင်ရဲ့အွန်လိုင်းဂုဏ်သတင်းက သင့်အတွက်အရေးပါပါတယ်။ အလုပ်ခန့်ထားသူများကသင့်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ်အကောင်းများမှာ သင်ဘယ်လိုလူလဲဆိုတာကိုပြန်လည်သုံးသပ်ကြပါတယ်။ LinkedIn ပရိုဖိုင်ရှိတာက ခေတ်သစ်အလုပ်ရှာဖွေသူများအတွက်မရှိမဖြစ်လိုအပ်ချက်တခုဖြစ်ပါတယ်။ အဲဒီနေရာမှာ ချိတ်ဆက်မှုများတည်ဆောက်ဖို့လိုပါတယ်။ ပရော်ဖက်ရှင်နယ် headshot ကိုသုံးပြိး ဆွဲဆောင်မှုရှိတဲ့အနှစ်ချုပ်ကို ရေးသားဖို့လိုပါတယ်။

လေ့ကျင့်ပါ၊ လေ့ကျင့်ပါ၊ လေ့ကျင့်ပါ

Remote Work အလုပ်ရှင်များဆီကို ကိုယ့်ကိုယ်ကိုယ်ရောင်းချနိုင်ဖို့လိုပါတယ်။အလုပ်ခန့်ထားတဲ့ အေးဂျင့်များကို လေ့လာပြီး သင့်ရဲ့အင်တာဗျူးစွမ်းရည်ကိုလေ့ကျင့်ပါ။အစမ်းအင်တာဗျူးများပြုလုပ်သင့်ပါတယ်။ အင်တာဗျူးအဖြေများ ပြင်ဆင်တာကသင့်ကိုယုံကြည်မှုပိုရှိပြီး စွမ်းဆောင်နိုင်တယ်လို့ ခံစားရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်အဆက်မပြတ်လေ့ကျင့်ပါ။ လေ့ကျင့်မှုက အရေးအကြီးဆုံးအပိုင်းဖြစ်ပါတယ်။

ဒီအချက်လေးချက်ကတော့ Remote Work ရရှိဖို့အတွက် အကြံပြုချက် လေးခုပဲဖြစ်ပါတယ်။

MYit

zawgyi

Remote Work က အနာဂတ္လုပ္သားအင္အားရဲ႕ အုတ္ျမစ္ျဖစ္ပါတယ္။ အိမ္ကေနကိုယ့္အလုပ္ကိုယ္လုပ္ႏိုင္ရင္ ႐ုံးခန္းထဲ ဘာလို႔သြားဖို႔လိုဦးမလဲ။ ဒါေပမဲ့ ဒီအလုပ္ကို ရရွိဖို႔ဘာေတြလိုအပ္မလဲ။ Remote Work တခုရဖို႔ဆိုတာ ပုံမွန္အလုပ္တခုရွာသလိုပါပဲ။သင္အလုပ္ေလွ်ာက္တာ၊ အင္တာဗ်ဴးေတြအားလုံးက အြန္လိုင္းကလုပ္ရတာပါပဲ။ Remote Workရဖို႔အတြက္ အႀကံျပဳခ်က္ ေလးခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။

သင္ရဲ႕ ကြၽမ္းက်င္မႈနယ္ပယ္ကို ေဖာ္ထုတ္ပါ

သင့္ကိုယ္သင္ မရွိမျဖစ္လိုအပ္တဲ့ လူတေယာက္ျဖစ္ဖို႔ တျခားဘယ္သူမွ မလုပ္ႏိုင္တဲ့အရာတခုကို လုပ္ေဆာင္ႏိုင္တာပဲျဖစ္ပါတယ္။ သင့္ကိုခြဲျခားသိျမင္ေစတဲ့အရာ၊သင့္ကိုထူးျခားတဲ့သူအျဖစ္ ျမင္ေစတဲ့အရာ၊ သင့္ရဲ႕ကြၽမ္းက်င္မႈက သင့္ရဲ႕ထူးျခားတဲ့အခ်က္ျဖစ္တာကို မေမ့ဖို႔လိုပါတယ္။

သင္ရဲ႕ကိုယ္ေရးအက်ဥ္းနဲ႔ Cover letter တို႔ကို ျပင္ဆင္ပါ

ထင္ရွားတဲ့ကိုယ္ေရးရာဇဝင္က အလုပ္ခန႔္ထားသူတစ္ဦးကို သင့္ရဲ႕အရည္အခ်င္းနဲ႔အေတြ႕အႀကဳံအေၾကာင္းကို ေျပာျပႏိုင္ပါတယ္။ Remote Work အလုပ္သမားတေယာက္အေနနဲ႔အလုပ္ခန႔္ထားတဲ့ မန္ေနဂ်ာေတြက သင့္ကိုတာဝန္ထမ္းေဆာင္ဖို႔အတြက္အရည္အခ်င္းရွိေၾကာင္း သိဖို႔လိုပါတယ္။အလုပ္ရာထူးနဲ႔သက္ဆိုင္တဲ့ လုပ္ငန္းအေတြ႕အႀကဳံမ်ားနဲ႔ အရည္အခ်င္းမ်ားကို ထည့္သြင္းပါ။Remote Work ရဲ႕ သေဘာသဘာဝနဲ႔ ဆက္စပ္တဲ့ soft skills ေတြကို ထည့္သြင္းပါ။ ဒီအထဲမွာအခ်ိန္စီမံခန႔္ခြဲမႈ၊ အဖြဲ႕အစည္းနဲ႔ ဆက္သြယ္ေရးကြၽမ္းက်င္မႈမ်ားလို အခ်က္မ်ား အဓိကပါဝင္ရပါမယ္။ Cover letter တေစာင္က သင္ဘာေၾကာင့္ ဒီအလုပ္ကို စိတ္အားထက္သန္တယ္ဆိုတာျပသ ႏိုင္ပါတယ္။ ဒီအခ်က္က ကုမၸဏီအေၾကာင္း သင္ေလ့လာထားတဲ့အခ်က္ေတြကိုအလုပ္ရွင္ကိုျပန္လည္ပို႔ေပးဖို႔ အခြင့္အေရးျဖစ္ပါတယ္။ ဒီအလုပ္လုပ္ဖို႔အတြက္ တိက်တဲ့ဆြဲေဆာင္ေစတဲ့ အရာေတြနဲ႔ ကုမၸဏီတန္ဖိုးမ်ားက သင့္အလုပ္နဲ႔ ဘယ္လိုကိုက္ညီတယ္ဆိုတာကိုေဖာ္ျပ ဖို႔မေမ့ပါနဲ႔။တကယ္လို႔ သင္က အရင္က Remote Work ကုမၸဏီမ်ားက အလုပ္လုပ္ဖူးက သင့္တာဝန္ကိုေက်ပြန္ေအာင္ ဘယ္လိုထမ္းေဆာင္ခဲ့သလဲဆိုတာကို သိရွိေစဖို႔အတြက္ ဒီထဲမွာထည့္သြင္းပါ။

သင္ရဲ႕ အြန္လိုင္းဂုဏ္သတင္းကို တည္ေဆာက္ပါ

သင္ရဲ႕အြန္လိုင္းဂုဏ္သတင္းက သင့္အတြက္အေရးပါပါတယ္။ အလုပ္ခန႔္ထားသူမ်ားကသင့္ရဲ႕ကိုယ္ေရးကိုယ္တာနဲ႔ ပေရာ္ဖက္ရွင္နယ္အေကာင္းမ်ားမွာ သင္ဘယ္လိုလူလဲဆိုတာကိုျပန္လည္သုံးသပ္ၾကပါတယ္။ LinkedIn ပ႐ိုဖိုင္ရွိတာက ေခတ္သစ္အလုပ္ရွာေဖြသူမ်ားအတြက္မရွိမျဖစ္လိုအပ္ခ်က္တခုျဖစ္ပါတယ္။ အဲဒီေနရာမွာ ခ်ိတ္ဆက္မႈမ်ားတည္ေဆာက္ဖို႔လိုပါတယ္။ ပေရာ္ဖက္ရွင္နယ္ headshot ကိုသုံးၿပိး ဆြဲေဆာင္မႈရွိတဲ့အႏွစ္ခ်ဳပ္ကို ေရးသားဖို႔လိုပါတယ္။

ေလ့က်င့္ပါ၊ ေလ့က်င့္ပါ၊ ေလ့က်င့္ပါ

Remote Work အလုပ္ရွင္မ်ားဆီကို ကိုယ့္ကိုယ္ကိုယ္ေရာင္းခ်ႏိုင္ဖို႔လိုပါတယ္။အလုပ္ခန႔္ထားတဲ့ ေအးဂ်င့္မ်ားကို ေလ့လာၿပီး သင့္ရဲ႕အင္တာဗ်ဴးစြမ္းရည္ကိုေလ့က်င့္ပါ။အစမ္းအင္တာဗ်ဴးမ်ားျပဳလုပ္သင့္ပါတယ္။ အင္တာဗ်ဴးအေျဖမ်ား ျပင္ဆင္တာကသင့္ကိုယုံၾကည္မႈပိုရွိၿပီး စြမ္းေဆာင္ႏိုင္တယ္လို႔ ခံစားရေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္အဆက္မျပတ္ေလ့က်င့္ပါ။ ေလ့က်င့္မႈက အေရးအႀကီးဆုံးအပိုင္းျဖစ္ပါတယ္။

ဒီအခ်က္ေလးခ်က္ကေတာ့ Remote Work ရရွိဖို႔အတြက္ အႀကံျပဳခ်က္ ေလးခုပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*