Team တစ်ခုကိုပျက်စီးစေလေ့ရှိသော အရာများ

Team Building mind map business concept presentation background

အလုပ်ရှင်တွေဟာ Team တစ်ခုကိုဖွဲ့စည်းပေးလိုက်ရုံနဲ့ အဖွဲ့သားတွေအားလုံးကတက်ညီလက်ညီအလုပ်လုပ်ကြပြီး အစစအရာရာအောင်မြင်မယ်လို့ထင်နေရင်မှားသွားပါလိမ့်မယ်။အဖွဲ့တစ်ခုဟာ ခိုင်မာတဲ့ဦးတည်ချက်၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ရှင်သန်အောင်ရေလောင်းပေါင်းသင်မှုတွေ မဖြစ်မနေရှိဖို့လိုပါတယ်။ Team တစ်ခုကိုအောင်အောင်မြင်မြင်မဖြစ်ထွန်းစေဘဲ ပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့
ယေဘုယျအချက်တွေအကြောင်းကို ခေါင်းဆောင်တွေကနားလည်သိရှိထားဖို့လိုအပ်ပါတယ်။အဖွဲ့တစ်ခုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့လုပ် ဆောင်နိုင်စွမ်းတွေမထိခိုက်ခင်မှာ ဒီအချက်တွေကိုကြိုတင်ရှောင်ရှားသင့်ပါတယ်။

ရည်မှန်းချက်ဝေဝါးခြင်းနဲ့ဦးတည်ရာမရှိခြင်း
အဖွဲ့သားတွေဟာ ခေါင်းဆောင်မှုမပြတ်သားဘူး၊ ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေမရှိဘူးလို့ခံစားလာရတဲ့အခါ ပြဿနာတွေအများကြီးဖြစ်ပေါ်လာတတ်ပါတယ်။ သူတို့ကိုယ်သူတို့မေးခွန်းထုတ်လာကြပြီး အဖွဲ့အစည်းအတွက်သူတို့ရဲ့တန်ဖိုးကဘာလဲဆိုတာကိုတွေးလာကြပါတယ်။ရှင်းလင်းတဲ့ရည်ရွယ်ချက်မရှိရင် အဖွဲ့ဝင်တစ်ဦးချင်းဟာ ကိုယ့်အယူအဆနဲ့ကိုယ်အလုပ်တွေလုပ်ကြပြီးလမ်းကြောင်းလည်းတိမ်းစောင်းလာပါလိမ့်မယ်။ ဒီအခါမှာ ပူးပေါင်းဆောင်ရွက်ခြင်းထက်ပြိုင်ဆိုင်ခြင်းဘက်ကိုရောက်ရှိသွားနိုင်ပါတယ်။ရလဒ်ကောင်းတွေထွက်အောင်လုပ်ဆောင်နိုင်တဲ့အဖွဲ့တစ်ခုဟာ သူတို့ရဲ့ရည်မှန်းချက်၊သွားရမယ့်လမ်းကြောင်းတွေတူညီပြီး တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိခြင်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းဟာ ဦးတည်ထားတဲ့ရည်မှန်းချက်အပေါ်အမြဲစိတ်လှုပ်ရှားတက်ကြွမှုရှိနေပြီး ဘယ်လိုရောက်အောင်သွားရမလဲဆိုတာကိုသိမှအောင်မြင်တဲ့ Team တစ်ခုကိုရရှိနိုင်မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံကင်းမဲ့နေခြင်း
ဖွဲ့စည်းပုံပီပီပြင်ပြင်မရှိတဲ့ Team တစ်ခုဟာ ဘယ်တော့မှလိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ဘူးလို့ Business Know-How မှာဆိုထားပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ Talent ၊ Skill နဲ့ဉာဏ်ရည်ဉာဏ်သွေးအပေါ်ကိုမှီခိုတာထက် ရှင်းလင်းခိုင်မာတဲ့ဖွဲ့စည်းပုံကိုသာ
အားကိုးသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။ ရှင်းလင်းတဲ့အလုပ်တာဝန်၊ အဖွဲ့ရဲ့စည်းကမ်းနဲ့ခိုင်မာတဲ့ဦးတည်ချက်တွေမရှိရင် အဖွဲ့ဝင်တွေဟာ သူတစ်လူငါတစ်မင်းဖြစ်ပြီးနောက်ဆုံးမှာ Team တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။

ဆက်သွယ်ပြောဆိုမှုအားနည်းခြင်း
အဖွဲ့တစ်ခုမှာ Meeting တွေကိုအလေးမထား ဖျက်ချင်သလိုဖျက်တာ၊ အချိန်ဇယားတွေကိုဂရုမစိုက်တာ၊Meeting အတွင်းမှာ ဖုန်းပြောနေတာ စတဲ့ပုံစံတွေဖြစ်လာပြီဆိုရင် Team တစ်ခုလုံးမုန်တိုင်းထန်လာတော့မှာအမှန်ပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့တစ်ယောက်ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုမှုမရှိခြင်း၊ ခေါင်းဆောင်အနေနဲ့တစ်ဖွဲ့လုံးကိုထိရောက်တဲ့ဆက်သွယ်မှုမလုပ်ခြင်းတွေက မလိုလားအပ်တဲ့ကောလာဟလတွေ၊ပြဿနာတွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ Team တစ်ခုမှာဖြစ်ပေါ်လာတတ်တဲ့ပြဿနာတွေ၊သတင်းမှားတွေကိုကာကွယ်ချင်တယ်ဆိုရင် Communication ပိုင်းကိုတိုးမြှင့်ရမှာဖြစ်ပါတယ်။ Harvard Business Review ရဲ့အကြံပြုချက်ကတော့ အဖွဲ့ဝင်အချင်းချင်းရင်းနှီးချစ်ခင်ကြတဲ့ Team တစ်ခုဖြစ်ဖို့ Meeting တစ်ခုမစခင်မှာ ၁၀ မိနစ်လောက် သူ့အကြောင်းကိုယ့်အကြောင်းပြောတာ၊အတူသွားမယ့်ခရီးစဉ်တွေအကြောင်းပြောတာ၊ တစ်ဦးချင်းရဲ့ဝါသနာတွေအကြောင်းပြောတာမျိုးတွေနဲ့ဆက်သွယ်ပြောဆိုမှုကို တိုးတက်စေသင့်တယ်လို့ဆိုထားပါတယ်။

အဆိပ်အတောက်ဖြစ်စေတဲ့အဖွဲ့ဝင်တွေရှိနေခြင်း
အလုပ်ခေါ်စာတိုင်းမှာ လုပ်ငန်းခွင်အတွင်းအားလုံးနဲ့လိုက်လျောညီထွေဆက်ဆံတတ်သူဖြစ်ရမည်ဆိုတဲ့အချက်ကမဖြစ်မနေပါဝင်ပါတယ်။ ဒီလိုအားလုံးနဲ့ရောနှောနေထိုင်တတ်ပေမယ့်တစ်ပါးသူကိုအနိုင်ကျင့်၊ အကောက်ကြံတတ်သူမျိုးတွေလည်း အဖွဲ့ထဲပါလာတတ်ပါတယ်။စိတ်ဓာတ်မကောင်းတဲ့အဖွဲ့ဝင်တစ်ယောက်ရှိနေခြင်းက ကျန်တဲ့အဖွဲ့သားအားလုံးကိုစိတ်ညစ်ညူးစေပြီးတစ်ခါတလေမှာဝန်ထမ်းကောင်းတွေကိုတောင် ဆုံးရှုံးသွားရတတ်ပါတယ်။ ကိုယ့် Team မှာဒီလိုလူမျိုးရှိနေခဲ့ရင် သတိပေးပြောဆိုတာမျိုး မဖြစ်မနေလုပ်ရမှာပါ။ ဘယ်လိုမှထိန်းချုပ်မရရင်တော့အလုပ်ကနေထုတ်ပယ်လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။အခုဖော်ပြခဲ့တဲ့အချက်တွေကို အဓိကရှောင်ရှားနိုင်မယ်ဆိုရင် အောင်မြင်တဲ့ Team တစ်ခုကိုတည်ဆောက်နိုင်ဖို့ လွယ်ကူသွားမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္ရွင္ေတြဟာ Team တစ္ခုကိုဖြဲ႕စည္းေပးလိုက္႐ုံနဲ႔ အဖြဲ႕သားေတြအားလုံးကတက္ညီလက္ညီအလုပ္လုပ္ၾကၿပီး အစစအရာရာေအာင္ျမင္မယ္လို႔ထင္ေနရင္မွားသြားပါလိမ့္မယ္။အဖြဲ႕တစ္ခုဟာ ခိုင္မာတဲ့ဦးတည္ခ်က္၊ ဖြဲ႕စည္းတည္ေဆာက္ပုံနဲ႔ရွင္သန္ေအာင္ေရေလာင္းေပါင္းသင္မႈေတြ မျဖစ္မေနရွိဖို႔လိုပါတယ္။ Team တစ္ခုကိုေအာင္ေအာင္ျမင္ျမင္မျဖစ္ထြန္းေစဘဲ ျပႆနာေတြျဖစ္ေပၚေစႏိုင္တဲ့
ေယဘုယ်အခ်က္ေတြအေၾကာင္းကို ေခါင္းေဆာင္ေတြကနားလည္သိရွိထားဖို႔လိုအပ္ပါတယ္။အဖြဲ႕တစ္ခုရဲ႕ က်င့္ဝတ္ပိုင္းဆိုင္ရာနဲ႔လုပ္ ေဆာင္ႏိုင္စြမ္းေတြမထိခိုက္ခင္မွာ ဒီအခ်က္ေတြကိုႀကိဳတင္ေရွာင္ရွားသင့္ပါတယ္။

ရည္မွန္းခ်က္ေဝဝါးျခင္းနဲ႔ဦးတည္ရာမရွိျခင္း
အဖြဲ႕သားေတြဟာ ေခါင္းေဆာင္မႈမျပတ္သားဘူး၊ ရွင္းလင္းတဲ့လမ္းၫႊန္ခ်က္ေတြမရွိဘူးလို႔ခံစားလာရတဲ့အခါ ျပႆနာေတြအမ်ားႀကီးျဖစ္ေပၚလာတတ္ပါတယ္။ သူတို႔ကိုယ္သူတို႔ေမးခြန္းထုတ္လာၾကၿပီး အဖြဲ႕အစည္းအတြက္သူတို႔ရဲ႕တန္ဖိုးကဘာလဲဆိုတာကိုေတြးလာၾကပါတယ္။ရွင္းလင္းတဲ့ရည္႐ြယ္ခ်က္မရွိရင္ အဖြဲ႕ဝင္တစ္ဦးခ်င္းဟာ ကိုယ့္အယူအဆနဲ႔ကိုယ္အလုပ္ေတြလုပ္ၾကၿပီးလမ္းေၾကာင္းလည္းတိမ္းေစာင္းလာပါလိမ့္မယ္။ ဒီအခါမွာ ပူးေပါင္းေဆာင္႐ြက္ျခင္းထက္ၿပိဳင္ဆိုင္ျခင္းဘက္ကိုေရာက္ရွိသြားႏိုင္ပါတယ္။ရလဒ္ေကာင္းေတြထြက္ေအာင္လုပ္ေဆာင္ႏိုင္တဲ့အဖြဲ႕တစ္ခုဟာ သူတို႔ရဲ႕ရည္မွန္းခ်က္၊သြားရမယ့္လမ္းေၾကာင္းေတြတူညီၿပီး တစ္ဦးအေပၚတစ္ဦးနားလည္မႈရွိျခင္းေတြနဲ႔ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ အဖြဲ႕ဝင္တစ္ဦးခ်င္းဟာ ဦးတည္ထားတဲ့ရည္မွန္းခ်က္အေပၚအၿမဲစိတ္လႈပ္ရွားတက္ႂကြမႈရွိေနၿပီး ဘယ္လိုေရာက္ေအာင္သြားရမလဲဆိုတာကိုသိမွေအာင္ျမင္တဲ့ Team တစ္ခုကိုရရွိႏိုင္မွာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံကင္းမဲ့ေနျခင္း
ဖြဲ႕စည္းပုံပီပီျပင္ျပင္မရွိတဲ့ Team တစ္ခုဟာ ဘယ္ေတာ့မွလိုခ်င္တဲ့ပန္းတိုင္ကိုေရာက္မွာမဟုတ္ဘူးလို႔ Business Know-How မွာဆိုထားပါတယ္။ အဖြဲ႕ဝင္တစ္ဦးခ်င္းစီရဲ႕ Talent ၊ Skill နဲ႔ဉာဏ္ရည္ဉာဏ္ေသြးအေပၚကိုမွီခိုတာထက္ ရွင္းလင္းခိုင္မာတဲ့ဖြဲ႕စည္းပုံကိုသာ
အားကိုးသင့္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ရွင္းလင္းတဲ့အလုပ္တာဝန္၊ အဖြဲ႕ရဲ႕စည္းကမ္းနဲ႔ခိုင္မာတဲ့ဦးတည္ခ်က္ေတြမရွိရင္ အဖြဲ႕ဝင္ေတြဟာ သူတစ္လူငါတစ္မင္းျဖစ္ၿပီးေနာက္ဆုံးမွာ Team တစ္ခုလုံးပ်က္စီးသြားႏိုင္ပါတယ္။

ဆက္သြယ္ေျပာဆိုမႈအားနည္းျခင္း
အဖြဲ႕တစ္ခုမွာ Meeting ေတြကိုအေလးမထား ဖ်က္ခ်င္သလိုဖ်က္တာ၊ အခ်ိန္ဇယားေတြကိုဂ႐ုမစိုက္တာ၊Meeting အတြင္းမွာ ဖုန္းေျပာေနတာ စတဲ့ပုံစံေတြျဖစ္လာၿပီဆိုရင္ Team တစ္ခုလုံးမုန္တိုင္းထန္လာေတာ့မွာအမွန္ပါ။ အဖြဲ႕ဝင္တစ္ေယာက္နဲ႔တစ္ေယာက္ထိထိေရာက္ေရာက္ဆက္သြယ္ေျပာဆိုမႈမရွိျခင္း၊ ေခါင္းေဆာင္အေနနဲ႔တစ္ဖြဲ႕လုံးကိုထိေရာက္တဲ့ဆက္သြယ္မႈမလုပ္ျခင္းေတြက မလိုလားအပ္တဲ့ေကာလာဟလေတြ၊ျပႆနာေတြကိုျဖစ္ေပၚလာေစႏိုင္ပါတယ္။ Team တစ္ခုမွာျဖစ္ေပၚလာတတ္တဲ့ျပႆနာေတြ၊သတင္းမွားေတြကိုကာကြယ္ခ်င္တယ္ဆိုရင္ Communication ပိုင္းကိုတိုးျမႇင့္ရမွာျဖစ္ပါတယ္။ Harvard Business Review ရဲ႕အႀကံျပဳခ်က္ကေတာ့ အဖြဲ႕ဝင္အခ်င္းခ်င္းရင္းႏွီးခ်စ္ခင္ၾကတဲ့ Team တစ္ခုျဖစ္ဖို႔ Meeting တစ္ခုမစခင္မွာ ၁၀ မိနစ္ေလာက္ သူ႔အေၾကာင္းကိုယ့္အေၾကာင္းေျပာတာ၊အတူသြားမယ့္ခရီးစဥ္ေတြအေၾကာင္းေျပာတာ၊ တစ္ဦးခ်င္းရဲ႕ဝါသနာေတြအေၾကာင္းေျပာတာမ်ိဳးေတြနဲ႔ဆက္သြယ္ေျပာဆိုမႈကို တိုးတက္ေစသင့္တယ္လို႔ဆိုထားပါတယ္။

အဆိပ္အေတာက္ျဖစ္ေစတဲ့အဖြဲ႕ဝင္ေတြရွိေနျခင္း
အလုပ္ေခၚစာတိုင္းမွာ လုပ္ငန္းခြင္အတြင္းအားလုံးနဲ႔လိုက္ေလ်ာညီေထြဆက္ဆံတတ္သူျဖစ္ရမည္ဆိုတဲ့အခ်က္ကမျဖစ္မေနပါဝင္ပါတယ္။ ဒီလိုအားလုံးနဲ႔ေရာေႏွာေနထိုင္တတ္ေပမယ့္တစ္ပါးသူကိုအႏိုင္က်င့္၊ အေကာက္ႀကံတတ္သူမ်ိဳးေတြလည္း အဖြဲ႕ထဲပါလာတတ္ပါတယ္။စိတ္ဓာတ္မေကာင္းတဲ့အဖြဲ႕ဝင္တစ္ေယာက္ရွိေနျခင္းက က်န္တဲ့အဖြဲ႕သားအားလုံးကိုစိတ္ညစ္ညဴးေစၿပီးတစ္ခါတေလမွာဝန္ထမ္းေကာင္းေတြကိုေတာင္ ဆုံးရႈံးသြားရတတ္ပါတယ္။ ကိုယ့္ Team မွာဒီလိုလူမ်ိဳးရွိေနခဲ့ရင္ သတိေပးေျပာဆိုတာမ်ိဳး မျဖစ္မေနလုပ္ရမွာပါ။ ဘယ္လိုမွထိန္းခ်ဳပ္မရရင္ေတာ့အလုပ္ကေနထုတ္ပယ္လိုက္တာက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြကို အဓိကေရွာင္ရွားႏိုင္မယ္ဆိုရင္ ေအာင္ျမင္တဲ့ Team တစ္ခုကိုတည္ေဆာက္ႏိုင္ဖို႔ လြယ္ကူသြားမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*