အနုပညာလောကကိုစွန့်ခွာမယ့်အပြင် လူမြင်ကွင်းရှေ့ထပ်မထွက်တော့ဘူးဆိုတဲ့ ဂွင်းနက်ပက်ထရို

အော်စကာဆုရ အမေရိကန်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂွင်းနက်ပက်ထရိုက သူမအနေနဲ့အနုပညာအလုပ်တွေရပ်နားမယ့်အပြင်လူမြင် ကွင်းရှေ့လည်းသိပ်မထွက်ချင်တော့ဘူးလို့ဆိုလာပါတယ်။သူမပိုင်ဆိုင်တဲ့ Goop လို့နာမည်ရတဲ့ အလှအပ၊ ဖက်ရှင်နဲ့ကျန်းမာရေးဆိုင်ရာကုမ္ပဏီကိုလည်းရောင်းချဖို့ရည်ရွယ်ထားတဲ့အပြင် ဒီကုမ္ပဏီကိုဘယ်သူ့ဆီရောင်းမယ်ဆိုပြီး တွေးထားတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။

၂၀၂၇ ခုနစ်မှာ သူမအသက် ၅၅ နှစ်ပြည့်မှာဖြစ်ပြီး အဲဒီအချိန်မှာတော့ သူမပိုင်ဆိုင်တဲ့ကုမ္ပဏီကိုအပြီးတိုင်ရောင်းချကာ လူမြင်ကွင်းရှေ့ကနေပျောက်ကွယ်သွားဖို့ရည်ရွယ်ထားတယ်လို့သူမကပြောဆိုပါတယ်။“ဘယ်သူမှ ကျွန်မကိုထပ်တွေ့ရတော့မှာမဟုတ်ဘူး” လို့ သူမကအခိုင်အမာဆိုခဲ့တာပါ။“ကျွန်မက အနုပညာလောကကိုလည်းငြီးငွေ့နေပါပြီ။ ငွေလည်းမမက်ပါဘူး။ကျွန်မရိုက်ကူးခဲ့သမျှကလည်း အင်ဒီးစ်(independent films) တွေများတာကိုသိကြမှာပါ။ငွေကကျွန်မကိုခိုင်းစေလို့မရပါဘူး” ဆိုပြီးပြောပြခဲ့တာတွေ့ရပါတယ်။သူမဟာ Shakespeare in Love ဇာတ်ကားနဲ့အော်စကာဆုနဲ့ရွှေကမ္ဘာလုံးဆုတွေကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ေအာ္စကာဆုရ အေမရိကန္မင္းသမီးတစ္လက္ျဖစ္တဲ့ ဂြင္းနက္ပက္ထ႐ိုက သူမအေနနဲ႔အႏုပညာအလုပ္ေတြရပ္နားမယ့္အျပင္လူျမင္ ကြင္းေရွ႕လည္းသိပ္မထြက္ခ်င္ေတာ့ဘူးလို႔ဆိုလာပါတယ္။သူမပိုင္ဆိုင္တဲ့ Goop လို႔နာမည္ရတဲ့ အလွအပ၊ ဖက္ရွင္နဲ႔က်န္းမာေရးဆိုင္ရာကုမၸဏီကိုလည္းေရာင္းခ်ဖို႔ရည္႐ြယ္ထားတဲ့အျပင္ ဒီကုမၸဏီကိုဘယ္သူ႔ဆီေရာင္းမယ္ဆိုၿပီး ေတြးထားတာမ်ိဳးလည္းမရွိဘူးလို႔သိရပါတယ္။

၂၀၂၇ ခုနစ္မွာ သူမအသက္ ၅၅ ႏွစ္ျပည့္မွာျဖစ္ၿပီး အဲဒီအခ်ိန္မွာေတာ့ သူမပိုင္ဆိုင္တဲ့ကုမၸဏီကိုအၿပီးတိုင္ေရာင္းခ်ကာ လူျမင္ကြင္းေရွ႕ကေနေပ်ာက္ကြယ္သြားဖို႔ရည္႐ြယ္ထားတယ္လို႔သူမကေျပာဆိုပါတယ္။“ဘယ္သူမွ ကြၽန္မကိုထပ္ေတြ႕ရေတာ့မွာမဟုတ္ဘူး” လို႔ သူမကအခိုင္အမာဆိုခဲ့တာပါ။“ကြၽန္မက အႏုပညာေလာကကိုလည္းၿငီးေငြ႕ေနပါၿပီ။ ေငြလည္းမမက္ပါဘူး။ကြၽန္မ႐ိုက္ကူးခဲ့သမွ်ကလည္း အင္ဒီးစ္(independent films) ေတြမ်ားတာကိုသိၾကမွာပါ။ေငြကကြၽန္မကိုခိုင္းေစလို႔မရပါဘူး” ဆိုၿပီးေျပာျပခဲ့တာေတြ႕ရပါတယ္။သူမဟာ Shakespeare in Love ဇာတ္ကားနဲ႔ေအာ္စကာဆုနဲ႔ေ႐ႊကမာၻလုံးဆုေတြကိုပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*