မင်းသားကြီးချွဲမင်ရှစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Music Video

မင်းသားကြီးချွဲမင်ရှစ်ဟာ ဒိတ်ဒိတ်ကြဲနာမည်ကြီးအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပြီးချွဲမင်ရှစ်ပါဝင်တဲ့ဇာတ်ကားဆိုရင်တကူးတ ကကြည့်ရတဲ့အထိ အနုပညာစွမ်းဆောင်ရည်မြင့်မားတဲ့သရုပ်ဆောင်တစ်ဦးပါ။ Old Boy ၊ I Saw The Devil ၊ Brotherhood ၊ Nameless Gangster စတဲ့နာမည်ကြီးကားတွေအပြင် Lucy မှာပါပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့သူဟာ Zion.T ရဲ့ Stranger ဆိုတဲ့ MV မှာပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဒီ MV ရဲ့ Teaser ဟာ နိုဝင်ဘာလ ၂၈ရက်နေ့မှာထွက်ရှိလာခဲ့ပါတယ်။ ဒီ Teaser ထဲမှာ ချွဲမင်ရှစ်ဟာကင်မရာကိုတည့်တည့်ကြည့်ပြီးသောကဖြစ်နေတဲ့မျက်နှာပုံစံနဲ့ သရုပ်ဆောင်ထားတာကို တွေ့မြင်ရပါတယ်။ Stranger သီချင်းဟာ Zion.T ရဲ့ တတိယမြောက်အယ်လ်ဘမ် Zip ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။သူ့ရဲ့ ဒီတေးအယ်လ်ဘမ်ကို ဒီဇင်ဘာလ ၆ ရက်နေ့မှာစတင်ဖြန့်ချိမယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*