အိပ်မက်အမျိုးအစား (၅) မျိုး

တခါတလေ အိပ်မက်တွေ မက်ကြတယ်မဟုတ်လား။ အိပ်မက်တွေသာ မက်နေတာ၊အိပ်မက်တွေက ဘယ်လိုအမျိုးအစားတွေလဲဆိုတာတော့ တခါမှသေသေချာချာမသိခဲ့ဘူးမဟုတ်လား။ အိပ်မက်တွေမှာ အနက်အဓိပ္ပာယ်တွေရှိပါတယ်။ဘာလဲတွေလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။

သတင်းစကားအိပ်မက်

ဒီအိပ်မက်တွေက ကိုယ့်ကို သတင်းစကားပေးချင်တဲ့အခါမှာ မက်လေ့ရှိပါတယ်။ တခါတလေမှာအနာဂတ်မှာကြိုတင်ဖြစ်လာမယ့်အရာကို မက်လေ့ရှိတဲ့ အိပ်မက်မျိုးပါ။ ဥပမာဘေးအန္တရာယ်တခုခု ကြုံရတာမျိုးအတွက်လည်း ကိုယ့်ကိုကြိုတင်ပြီးအိပ်မက်ပေးတတ်ပါတယ်။ ဒီလိုအိပ်မက်မျိုးကို သတင်းစကားပေးတဲ့ အိပ်မက်လို့သတ်မှတ်ကြပါတယ်။ ဒီလိုသတင်းစကားတွေထဲမှာ အချစ်ရေး၊ စီးပွားရေး၊ ဘာသာရေး၊နိုင်ငံရေးနဲ့အခြား အရေးပြဿနာတွေပါဝင်နိုင်ပါတယ်။

သတိပေးချက် အိပ်မက်

ဒီအိပ်မက်ကလည်း အပေါ်ကအိပ်မက်မျိုးနဲ့ဆင်တူပါတယ်။ ခရီးတခုသွားမယ်ဆိုရင်အန္တရာယ်ကြုံရမယ့် ခရီးဆိုရင် ဒီခရီးကိုမထွက်ပါနဲ့ဆိုတာမျိုး အိပ်မက်မက်လေ့ရှိကြပါတယ်။အစားအသောက်ဆိုရင်လည်း ဒီအစားအစာကိုတော့မစားပါနဲ့ဆိုတာမျိုးပါ။ တချို့ဆိုရင်ဘာအသားကိုတော့ မစားနဲ့ဆိုတာမျိုး အိပ်မက်မက်လေ့ရှိကြပါတယ်။ ဒါကြောင့်ဒီလိုအိပ်မက်မျိုးကို သတိပေးချက်အိပ်မက်လို့ခေါ်ကြပါတယ်။

လမ်းညွှန်အကြံပေးတဲ့ အိပ်မက်

အိပ်မက်ထဲမှာ ဒါကိုတော့လုပ်ပါ၊ ဒီအရာကိုတော့မလုပ်ပါနဲ့ဆိုတာမျိုး အိပ်မက်မက်တတ်ကြပါတယ်။ ဒီလိုအိပ်မက်မျိုးကို လမ်းညွှန်အိပ်မက်လို့သတ်မှတ်ပါတယ်။တချို့အိပ်မက်တွေက နိုးနိုးချင်းချက်ခြင်း သတိရတတ်ပြီး၊ တချို့အိပ်မက်တွေကတော့ချက်ခြင်းသတိမရတတ်ပါဘူး။ အကြောင်းတိုက်ဆိုင်မှုရှိမှ ဒီအိပ်မက်မျိုးကိုငါမက်ဖူးတာပဲဆိုတာမျိုး သတိရကြပါတယ်။

ပြဿနာတွေကိုဖြေးရှင်းတဲ့အိပ်မက်

ဒီအိပ်မက်ကတော့ ရိုးရှင်းတဲ့ ဒါမှမဟုတ် အင်မတန်စိတ်ကူးယဉ်ဆန်တဲ့အိပ်မက်များဖြစ်နိုင်ပါတယ်။ တခါတလေမှာ သင့်ဦးနှောက်နဲ့
နှလုံးသားရုန်းကန်နေရတဲ့အချိန်မျိုးမှာ ဒီလိုအိပ်မက်မျိုးမက်တတ်ပါတယ်။ ကိုယ့်စိတ်ကိုသေသေချာချာသိနိုင်တဲ့ အိပ်မက်မျိုးပေါ့။ တခါတလေ လူတွေကကိုယ့်စိတ်ကိုသိတယ်ထင်နေပေမဲ့ တကယ်မသိနိုင်တာမျိုးရှိပါတယ်။ အိပ်မက်တွေကတော့ကိုယ့်စိတ်အတွင်းပိုင်းအထိ သိကြပါတယ်။

ကြိုတင်သိမြင်တဲ့ အိပ်မက်များ

အဖြစ်အပျက်တခုကို ကြိုတင်ပြီး အိပ်မက်မက်တာမျိုးပါ။ အိပ်မက်တွေက ထူးဆန်းပါတယ်။တခါတလေမှာ ကိုယ်ကိုယ်တိုင်တခါမှမရောက်ဖူးတဲ့နေရာတွေကိုလည်းအိပ်မက်တွေထဲကနေရောက်ရှိနိုင်ပါတယ်။ အိပ်မက်တွေက တိုက်ဆိုင်တာမျိုးမရှိပါဘူး။ တခါတလေစိတ်စွဲလန်းမှုနဲ့မက်တတ်ပေမဲ့ မကြာခဏဆိုလို အကြောင်းအရင်းခိုင်ခိုင်မာမာနဲ့လည်း မက်နိုင်ပါတယ်။

MYit

zawgyi


သတင်းစကားအိပ်မက်


သတိပေးချက် အိပ်မက်








MYit

Be the first to comment

Leave a Reply

Your email address will not be published.


*