အလုပ်မှာအဆင်ပြေဖို့ ရုံးစားပွဲပေါ်ထားသင့်တဲ့အပင်လေးများ

ကိုယ့်ရဲ့ရုံးအလုပ်စားပွဲပေါ်မှာအပင်လေးတွေထားရှိတာက မျက်စိအေးစေရုံဆိုတာထက်ပိုပါတယ်။အခန်းတွင်းအလှစိုက်အပင်လေးတွေက ကိုယ့်ရဲ့ Productivity ကိုတက်စေသလိုစိတ်ကူးဉာဏ်လည်းကောင်းစေပါတယ်။ တချို့အပင်လေးတွေက လာဘ်ရွှင်‌စေပြီးကံကောင်းမှုတွေယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။ဒါ့ကြောင့်လည်း ရုံးစားပွဲအတွက်အသင့်တော်ဆုံးအပင်လေးတွေကို မျှဝေပေးချင်ပါတယ်။

Money Plant
Money Plant လေးတွေက ကိုယ့်ကိုကံကောင်းမှုတွေယူလာပေးနိုင်ပါတယ်။ ဒီအပင်ကိုကိုယ့်ရဲ့အလုပ်စားပွဲပေါ်မှာထားရင် ကိုယ့်အ တွက် Positive Vibe ဖြစ်စေပြီး ကိုယ့်ရဲ့ Career အတွက်ကောင်းမွန်သောတိုးတက်မှုတွေကိုလည်း ယူဆောင်လာပေးနိုင်ပါတယ်။
Money Plant ကို လေထုကိုသန့်စင်ပေးတဲ့အပင်အဖြစ် NASA က အသိအမှတ်ပြုထားသလိုဒီအပင်ကထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ အလုပ်လုပ်ချိန်မှာအာရုံစူးစိုက်မှုကောင်းချင်တယ်၊ လေထုကိုသန့်ရှင်းစေချင်တယ်ဆိုရင် ဒီအပင်ကိုရွေးချယ်နိုင်ပါတယ်။

Peace Lily
Peace Lily ကတော့ လှပမှုနဲ့အတူကောင်းကျိုးတွေအများကြီးရရှိစေတဲ့ အပင်လေးပါ။စိမ်းစိုနေတဲ့အရွက်ကြောင့် ကိုယ့်ရဲ့မျက်စိကိုပင် ပန်းမှုကနေပြေပျောက်စေပါတယ်။အပင်လေးတွေကိုနေရောင်တိုက်ရိုက်မကျတဲ့နေရာမှာထားပေးဖို့တော့လိုပါတယ်။ Peace Lily က
စိတ်ကြည်လင်စေပြီး အကြံဉာဏ်ကောင်းတွေထွက်ပေါ်စေတယ်လို့အယူရှိကြပါတယ်။လေထုညစ်ညမ်းမှုတွေကိုဖယ်ရှားပေးနိုင်တာက တော့ အသေအချာပါပဲ။

Snake Plant
Sansevieria Trifasciata လို့ခေါ်တဲ့ Snake Plant က အမြဲတမ်းစိမ်းလန်းနေတဲ့အပင်မျိုးဖြစ်ပါတယ်။အကောင်းဆုံး Indoor Plant တွေထဲတစ်ခုအပါအဝင်လို့ ဆိုနိုင်ပါတယ်။ အခန်းအပူချိန်လျော့နည်းတဲ့၊ Air-con ရှိတဲ့အခန်းမျိုးတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ လေထုထဲကအဆိပ်တွေကိုအသန့်စင်နိုင်ဆုံးအပင်မျိုးထဲမှာလည်းပါဝင်တာမို့ ကိုယ့်ရုံးခန်း ဒါမှမဟုတ် အိပ်ခန်းထဲမှာထားသင့်တဲ့အပင်ပါပဲနော်။

Star Cactus
ထူထူထဲထဲအသွင်အပြင်လေးနဲ့ ချစ်စရာကောင်းစွာလှပတဲ့ဒီအပင်မျိုးတွေက အလုပ်စားပွဲနဲ့အသင့်တော်ဆုံးအပင်ထဲမှာပါပါတယ်။ တစ်ခုရှိတာက သူကနေရောင်ကြိုက်တဲ့အပင်တွေမို့ကိုယ့်ရဲ့အလုပ်စားပွဲဟာ ပြတင်းပေါက်ဘေးမှာရှိတာမျိုးဆိုရင်ပိုအဆင်ပြေပါတယ်။ရေအလွန်အကျွံမလောင်းမိစေဖို့လည်း သတိပြုရမှာပါ။ ဒီအပင်လေးတွေကလူတွေကိုအပြုသဘောဆောင်တဲ့စိတ်တွေ ဖြစ်လာစေတယ်၊ စိတ်ခွန်အားတက်စေတယ်လို့ဆိုထားကြပါတယ်။

Lucky Bamboo
ကံကောင်းမှု၊ ရွှေငွေပေါကြွယ်ဝမှု၊ စိတ်ကြည်လင်အေးချမ်းမှုတွေကိုပိုင်ဆိုင်စေတဲ့နာမည်ကြီးအပင်လေးတွေထဲ Lucky Bambooလည်းပါဝင်ပါတယ်။ ဒီအပင်လေးကစားပွဲပေါ်တင်လို့လည်းကောင်း အမြင်လည်းလှတဲ့အပင်လေးပါ။ လက်ဆောင်ပေးလို့လည်းကောင်းတာမို့လူကြိုက်များတဲ့အပင်လေးလည်းဖြစ်ပါတယ်။ အလုပ်တွေပိုလုပ်နိုင်စေပြီးယုံကြည်ချက်တိုးစေဖို့အတွက်တော့ Lucky Bamboo ကိုရွေးချယ်သင့်ပါတယ်။ဒါလေးတွေကတော့ ရုံးစားပွဲပေါ်ထားရှိနိုင်တဲ့ အမြင်လည်းလှ၊ကျန်းမာရေးလည်းကောင်းစေတဲ့အပင်လေးတွေဖြစ်ပါတယ်။ ထပ်တိုးအနေနဲ့ သူတို့ဟာစိတ်ကြည်လင်မှုနဲ့ စိတ်ဖိစီးမှုကိုဖယ်ရှားနိုင်ခြင်းအစွမ်းကိုလည်းပေးနိုင်ပါသေးတယ်။

Ju Ju

zawgyi

ကိုယ့္ရဲ႕႐ုံးအလုပ္စားပြဲေပၚမွာအပင္ေလးေတြထားရွိတာက မ်က္စိေအးေစ႐ုံဆိုတာထက္ပိုပါတယ္။အခန္းတြင္းအလွစိုက္အပင္ေလးေတြက ကိုယ့္ရဲ႕ Productivity ကိုတက္ေစသလိုစိတ္ကူးဉာဏ္လည္းေကာင္းေစပါတယ္။ တခ်ိဳ႕အပင္ေလးေတြက လာဘ္႐ႊင္‌ေစၿပီးကံေကာင္းမႈေတြယူေဆာင္လာေပးႏိုင္တယ္လို႔ ယုံၾကည္လက္ခံထားၾကပါတယ္။ဒါ့ေၾကာင့္လည္း ႐ုံးစားပြဲအတြက္အသင့္ေတာ္ဆုံးအပင္ေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

Money Plant
Money Plant ေလးေတြက ကိုယ့္ကိုကံေကာင္းမႈေတြယူလာေပးႏိုင္ပါတယ္။ ဒီအပင္ကိုကိုယ့္ရဲ႕အလုပ္စားပြဲေပၚမွာထားရင္ ကိုယ့္အ တြက္ Positive Vibe ျဖစ္ေစၿပီး ကိုယ့္ရဲ႕ Career အတြက္ေကာင္းမြန္ေသာတိုးတက္မႈေတြကိုလည္း ယူေဆာင္လာေပးႏိုင္ပါတယ္။Money Plant ကို ေလထုကိုသန႔္စင္ေပးတဲ့အပင္အျဖစ္ NASA က အသိအမွတ္ျပဳထားသလိုဒီအပင္ကထိန္းသိမ္းေစာင့္ေရွာက္ရတာလည္း လြယ္ကူပါတယ္။ အလုပ္လုပ္ခ်ိန္မွာအာ႐ုံစူးစိုက္မႈေကာင္းခ်င္တယ္၊ ေလထုကိုသန႔္ရွင္းေစခ်င္တယ္ဆိုရင္ ဒီအပင္ကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။

Peace Lily
Peace Lily ကေတာ့ လွပမႈနဲ႔အတူေကာင္းက်ိဳးေတြအမ်ားႀကီးရရွိေစတဲ့ အပင္ေလးပါ။စိမ္းစိုေနတဲ့အ႐ြက္ေၾကာင့္ ကိုယ့္ရဲ႕မ်က္စိကိုပင္ ပန္းမႈကေနေျပေပ်ာက္ေစပါတယ္။အပင္ေလးေတြကိုေနေရာင္တိုက္႐ိုက္မက်တဲ့ေနရာမွာထားေပးဖို႔ေတာ့လိုပါတယ္။ Peace Lily ကစိတ္ၾကည္လင္ေစၿပီး အႀကံဉာဏ္ေကာင္းေတြထြက္ေပၚေစတယ္လို႔အယူရွိၾကပါတယ္။ေလထုညစ္ညမ္းမႈေတြကိုဖယ္ရွားေပးႏိုင္တာက ေတာ့ အေသအခ်ာပါပဲ။

Snake Plant
Sansevieria Trifasciata လို႔ေခၚတဲ့ Snake Plant က အၿမဲတမ္းစိမ္းလန္းေနတဲ့အပင္မ်ိဳးျဖစ္ပါတယ္။အေကာင္းဆုံး Indoor Plant ေတြထဲတစ္ခုအပါအဝင္လို႔ ဆိုႏိုင္ပါတယ္။ အခန္းအပူခ်ိန္ေလ်ာ့နည္းတဲ့၊ Air-con ရွိတဲ့အခန္းမ်ိဳးေတြနဲ႔ ပိုၿပီးသင့္ေတာ္ပါတယ္။ ေလထုထဲကအဆိပ္ေတြကိုအသန႔္စင္ႏိုင္ဆုံးအပင္မ်ိဳးထဲမွာလည္းပါဝင္တာမို႔ ကိုယ့္႐ုံးခန္း ဒါမွမဟုတ္ အိပ္ခန္းထဲမွာထားသင့္တဲ့အပင္ပါပဲေနာ္။

Star Cactus
ထူထူထဲထဲအသြင္အျပင္ေလးနဲ႔ ခ်စ္စရာေကာင္းစြာလွပတဲ့ဒီအပင္မ်ိဳးေတြက အလုပ္စားပြဲနဲ႔အသင့္ေတာ္ဆုံးအပင္ထဲမွာပါပါတယ္။ တစ္ခုရွိတာက သူကေနေရာင္ႀကိဳက္တဲ့အပင္ေတြမို႔ကိုယ့္ရဲ႕အလုပ္စားပြဲဟာ ျပတင္းေပါက္ေဘးမွာရွိတာမ်ိဳးဆိုရင္ပိုအဆင္ေျပပါတယ္။ေရအလြန္အကြၽံမေလာင္းမိေစဖို႔လည္း သတိျပဳရမွာပါ။ ဒီအပင္ေလးေတြကလူေတြကိုအျပဳသေဘာေဆာင္တဲ့စိတ္ေတြ ျဖစ္လာေစတယ္၊ စိတ္ခြန္အားတက္ေစတယ္လို႔ဆိုထားၾကပါတယ္။

Lucky Bamboo
ကံေကာင္းမႈ၊ ေ႐ႊေငြေပါႂကြယ္ဝမႈ၊ စိတ္ၾကည္လင္ေအးခ်မ္းမႈေတြကိုပိုင္ဆိုင္ေစတဲ့နာမည္ႀကီးအပင္ေလးေတြထဲ Lucky Bambooလည္းပါဝင္ပါတယ္။ ဒီအပင္ေလးကစားပြဲေပၚတင္လို႔လည္းေကာင္း အျမင္လည္းလွတဲ့အပင္ေလးပါ။ လက္ေဆာင္ေပးလို႔လည္းေကာင္းတာမို႔လူႀကိဳက္မ်ားတဲ့အပင္ေလးလည္းျဖစ္ပါတယ္။ အလုပ္ေတြပိုလုပ္ႏိုင္ေစၿပီးယုံၾကည္ခ်က္တိုးေစဖို႔အတြက္ေတာ့ Lucky Bamboo ကိုေ႐ြးခ်ယ္သင့္ပါတယ္။ဒါေလးေတြကေတာ့ ႐ုံးစားပြဲေပၚထားရွိႏိုင္တဲ့ အျမင္လည္းလွ၊က်န္းမာေရးလည္းေကာင္းေစတဲ့အပင္ေလးေတြျဖစ္ပါတယ္။ ထပ္တိုးအေနနဲ႔ သူတို႔ဟာစိတ္ၾကည္လင္မႈနဲ႔ စိတ္ဖိစီးမႈကိုဖယ္ရွားႏိုင္ျခင္းအစြမ္းကိုလည္းေပးႏိုင္ပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*