Solopreneur ရဲ့ အားသာချက် (၄)ချက်

Solopreneur ကို မိမိတို့ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်ပြီး တကိုယ်တော်လုပ်ကိုင်သူလို့ Oxford Language က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ Solopreneurship မှာ အားသာချက်များနဲ့အားနည်းချက်များရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ တကိုယ်တည်းသမားဖြစ်ခြင်းရဲ့အားသာချက်များဖြစ်ပါတယ်။

လစာပိုကောင်းဖို့ အလားအလာ

သင့်ကိုယ်ပိုင်လစာကို သင်သတ်မှတ်ပြီး သင့်လုပ်ငန်းကြီး တိုးတက်လာပါက သင့်ကိုယ်သင်ပိုပေးနိုင်ပါတယ်။ တကိုယ်တော်အလုပ်ဖြစ်တဲ့အတွက် အကျိုးအမြတ်များရင် များသလိုကိုယ်အတွက်ချည်းပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ အကျိုးရလဒ်ရော၊ကျရှုံးတဲ့အကျိုးရလဒ်ရောကို တဦးတည်း ခံစားရမှာပဲဖြစ်ပါတယ်။
ကိုယ်ပိုင်အချိန်ရှိတာ

သင့်ဆီမှာ သတင်းပို့ဖို့အတွက် သူဌေးမရှိတာကြောင့် သင့်အချိန်ဇယားက သင့်အပေါ်မှာပဲရှိနေပါတယ်။ ကိုယ်ပိုင်အချိန်ဇယားကို ပိုင်ဆိုင်နိုင်ပါတယ်။ ကိုယ်ကလွတ်လပ်သူတဦးဖြစ်ပြီးအချိန်ဇယားက ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။

တခြားသူရဲ့အသက်မွေးဝမ်းကြောင်းအတွက် တာဝန်မယူရတာ

အစုစပ်တစ်ခုမှာ တည်ထောင်သူနှစ်ဦးစလုံးက အခြားတစ်ဦးကို အောင်မြင်အောင်ကူညီပေးရမှာဖြစ်ပါတယ်။ ဝန်ထမ်းများနဲ့ လုပ်ငန်းတစ်ခုမှာ သင့်ကိုစားဝတ်နေရေးအရ မှီခိုရတဲ့အဖွဲ့တခုမရှိနေတာက သင့်အတွက်ကောင်းမွန်တဲ့အချက်ပါပဲ။ Solopreneur မှာ ဒီအချက်တွေတာဝန်ယူစရာမလိုပါဘူး။ တခုခုဆိုရင် ဝန်ထမ်းတွေအတွက် တွေးပူရတာတွေ၊စိတ်ညစ်ရတာတွေ လျော့ပါးစေပါတယ်။

ပရောဂျက်အမျိုးမျိုးမှာ လုပ်ကိုင်နိုင်တာ

အမှီအခိုကင်းတဲ့ တကိုယ်တော် စွန့်ဦးတီထွင်သူများက လက်ရှိနယ်ပယ်မှာဖြစ်စေ ဒါမှမဟုတ်တခြားနယ်ပယ်ကိုဖြစ်စေ သွားလာလုပ် ကိုင်နိုင်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီးအလုပ်လုပ်ရတာ အနှောင်အဖွဲ့မရှိပိုမိုလွယ်ကူစေပါတယ်။

MYit

zawgyi









MYit

Be the first to comment

Leave a Reply

Your email address will not be published.


*