သင်အချိန်ဖြုန်းမနေသင့်တဲ့ဧရိယာ 5 ခု

အချိန်နဲ့စွမ်းအင်ဆိုတာ ကြိုးစားနေတဲ့လူတစ်ယောက်အတွက်အရေးကြီးတဲ့အရာတွေပါ။အချိန်နဲ့ကိုယ့်ရဲ့ခွန်အား၊ ကိုယ့်ရဲ့ဉာဏ်ပညာကို လိုအပ်တဲ့နေရာမှာသုံးနိုင်ရင်ရည်မှန်းရာပန်းတိုင်ကိုမြန်မြန်ရောက်ရှိနိုင်သလို မလိုအပ်တဲ့နေရာမှာသုံးမိနေတယ်ဆိုရင်တော့ကိုယ့်ပန်းတိုင်ဆီရောက်ဖို့နှေးကွေးနေမှာြဖစ်ပါတယ်။ဒါ့ကြောင့်လည်း ကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေကိုအလဟဿမဖြစ်စေဖို့ ဘယ်ဧရိယာတွေမှာအ ချိန်မပေးဘဲလစ်လျူရှုသင့်တယ်ဆိုတာကိုဖော်ပြပေးချင်ပါတယ်။

အရေးမပါတဲ့အရာတွေကို စိတ်ဝင်စားနေတာ
အရေးမကြီးတဲ့အီးမေးလ်တွေ၊ အရေးမပါတဲ့သတင်းတွေအပေါ်မှာ စိတ်ဝင်စားနေတာ၊အချိန်ပေးမိနေတာက ကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်တွေကို အလဟဿဖြုန်းတီးမိနေတာပါပဲ။ဒါ့ကြောင့်လည်းတစ်ခုခုကိုစလုပ်တော့မယ်ဆိုတိုင်း ဒါက ငါနဲ့တိုက်ရိုက်သက်ဆိုင်နေလား၊ ငါ့ရဲ့အ ဓိက Goal နဲ့ Project ဖြစ်ရဲ့လားဆိုတာကိုတွေးပါ။ ဒီအရာကနောက် 6 လကနေ 1 နှစ်အတွင်းအရေးမပါနိုင်သေးဘူးလို့ထင်ရင် လုံးဝလုပ်ဖို့မလိုသေးပါဘူး။ဒါကအရေးပါတယ်ဆိုရင်တောင် ကိုယ်မဟုတ်ဘဲ တခြားတစ်ယောက်ကဒါကိုကိုင်တွယ်နိုင်မလားဆိုတာစဉ်းစားပြီး တာဝန်ခွဲပေးသင့်ပါတယ်။

နေ့စဉ်လုပ်ဆောင်ရတဲ့ကိစ္စတွေအပေါ်မှာဇာချဲ့လွန်းနေတာ
နေ့စဉ်လုပ်ဆောင်ရတဲ့အလုပ်ကိစ္စတွေကို ပြီးပြည့်စုံလွန်းချင်တာတွေကကိုယ့်ရဲ့စွမ်းအင်တွေကိုဖြုန်းတီးရာကျပါတယ်။ နေ့စဉ်ဝတ်စားတဲ့ဖက်ရှင်ကအစ အလုပ်အီးမေးလ်တွေကိုအထပ်ထပ်ပြန်ပြင်ရေးနေတာတွေက ကိုယ့်အချိန်တွေကိုမလိုအပ်ဘဲဖဲ့ပေးနေရသလိုပါပဲ။ Perfect ဖြစ်ဖို့အာရုံထားလွန်းနေတာက ဘယ်အရာကိုမှပြီးမြောက်စေမှာမဟုတ်ပါဘူး။

လူတိုင်းကိုကျေနပ်စေချင်တာ
လူအမျိုးမျိုးစိတ်အထွေထွေရှိကြတဲ့ခေတ်ကြီးမှာ ကိုယ့်ကိုလူတိုင်းကမကြိုက်နိုင်သလိုလူတိုင်းကျေနပ်ပျော်ရွှင်ဖို့ကိုလည်း ကိုယ်ကလုပ်ပေးနိုင်ဖို့မလွယ်ပါဘူး။ကိုယ့်ကိုဝေဖန်ပြောဆိုလာခဲ့ရင်လည်းစိတ်ဓာတ်ကျဖို့မလိုသလို ကိုယ့်ရဲ့ဦးတည်ချက်တွေကိုလည်းပြောင်းလဲဖို့မလိုပါဘူး။

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်စိတ်ပူနေတာ
တချို့သောအရာတွေဟာ ကိုယ်ထိန်းချုပ်လို့မရ၊ ကိုင်တွယ်လို့မရတဲ့အရာတွေမို့ ဒါတွေနဲ့ပတ်သက်ပြီးစိုးရိမ်နေတာ၊ စိတ်ပျက်နေတာတွေဟာ အလကားနဲ့ကိုယ့်ရဲ့စွမ်းအင်တွေပြုန်းတီးပါတယ်။ဥပမာ – ကပ်ဘေး၊ ကမ္ဘာ့စီးပွားရေးနဲ့ ကိုဗစ်လိုမျိုးအရာတွေဖြစ်ပါတယ်။ဒါတွေကိုကောင်းကောင်းကျော်လွှားနိုင်အောင်ကိုယ့်စိတ်ကိုသတိနဲ့ကြည့်တဲ့အကျင့်လေးလုပ်ပေးနိုင်ပါတယ်။

တခြားသူတွေနဲ့နှိုင်းယှဥ်မိခြင်း
ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့နှိုင်းယှဉ်တာက စိတ်ခွန်အားတက်လာဖို့ထက်စိတ်ပျက်အားငယ်လာဖို့ကပိုများနေပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာအကောင်းဆုံးကြိုးစားနေပြီးဘယ်သူနဲ့မှနှိုင်းယှဥ်တွေးတောတာမျိုးမလုပ်ဖို့လိုပါတယ်။ဒီအချက်တွေကို သတိထားရှောင် ရှားပြီးကိုယ်ဦးတည်ရာရည်မှန်းချက်ကိုတစိုက်မတ်မတ်လုပ်ဆောင်မယ်ဆိုရင် အချိန်၊စွမ်းအင်တွေကိုအကောင်းဆုံးအသုံးချနိုင်တဲ့ နောင် တကင်းတဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာသေချာပါတယ်။

Ju Ju

zawgyi

အခ်ိန္နဲ႔စြမ္းအင္ဆိုတာ ႀကိဳးစားေနတဲ့လူတစ္ေယာက္အတြက္အေရးႀကီးတဲ့အရာေတြပါ။အခ်ိန္နဲ႔ကိုယ့္ရဲ႕ခြန္အား၊ ကိုယ့္ရဲ႕ဉာဏ္ပညာကို လိုအပ္တဲ့ေနရာမွာသုံးႏိုင္ရင္ရည္မွန္းရာပန္းတိုင္ကိုျမန္ျမန္ေရာက္ရွိႏိုင္သလို မလိုအပ္တဲ့ေနရာမွာသုံးမိေနတယ္ဆိုရင္ေတာ့ကိုယ့္ပန္းတိုင္ဆီေရာက္ဖို႔ေႏွးေကြးေနမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ကိုယ့္ရဲ႕အခ်ိန္နဲ႔ခြန္အားေတြကိုအလဟႆမျဖစ္ေစဖို႔ ဘယ္ဧရိယာေတြမွာအ ခ်ိန္မေပးဘဲလစ္လ်ဴရႈသင့္တယ္ဆိုတာကိုေဖာ္ျပေပးခ်င္ပါတယ္။

အေရးမပါတဲ့အရာေတြကို စိတ္ဝင္စားေနတာ
အေရးမႀကီးတဲ့အီးေမးလ္ေတြ၊ အေရးမပါတဲ့သတင္းေတြအေပၚမွာ စိတ္ဝင္စားေနတာ၊အခ်ိန္ေပးမိေနတာက ကိုယ့္ရဲ႕အခ်ိန္နဲ႔စြမ္းအင္ေတြကို အလဟႆျဖဳန္းတီးမိေနတာပါပဲ။ဒါ့ေၾကာင့္လည္းတစ္ခုခုကိုစလုပ္ေတာ့မယ္ဆိုတိုင္း ဒါက ငါနဲ႔တိုက္႐ိုက္သက္ဆိုင္ေနလား၊ ငါ့ရဲ႕အ ဓိက Goal နဲ႔ Project ျဖစ္ရဲ႕လားဆိုတာကိုေတြးပါ။ ဒီအရာကေနာက္ 6 လကေန 1 ႏွစ္အတြင္းအေရးမပါႏိုင္ေသးဘူးလို႔ထင္ရင္ လုံးဝလုပ္ဖို႔မလိုေသးပါဘူး။ဒါကအေရးပါတယ္ဆိုရင္ေတာင္ ကိုယ္မဟုတ္ဘဲ တျခားတစ္ေယာက္ကဒါကိုကိုင္တြယ္ႏိုင္မလားဆိုတာစဥ္းစားၿပီး တာဝန္ခြဲေပးသင့္ပါတယ္။

ေန႔စဥ္လုပ္ေဆာင္ရတဲ့ကိစၥေတြအေပၚမွာဇာခ်ဲ႕လြန္းေနတာ
ေန႔စဥ္လုပ္ေဆာင္ရတဲ့အလုပ္ကိစၥေတြကို ၿပီးျပည့္စုံလြန္းခ်င္တာေတြကကိုယ့္ရဲ႕စြမ္းအင္ေတြကိုျဖဳန္းတီးရာက်ပါတယ္။ ေန႔စဥ္ဝတ္စားတဲ့ဖက္ရွင္ကအစ အလုပ္အီးေမးလ္ေတြကိုအထပ္ထပ္ျပန္ျပင္ေရးေနတာေတြက ကိုယ့္အခ်ိန္ေတြကိုမလိုအပ္ဘဲဖဲ့ေပးေနရသလိုပါပဲ။ Perfect ျဖစ္ဖို႔အာ႐ုံထားလြန္းေနတာက ဘယ္အရာကိုမွၿပီးေျမာက္ေစမွာမဟုတ္ပါဘူး။

လူတိုင္းကိုေက်နပ္ေစခ်င္တာ
လူအမ်ိဳးမ်ိဳးစိတ္အေထြေထြရွိၾကတဲ့ေခတ္ႀကီးမွာ ကိုယ့္ကိုလူတိုင္းကမႀကိဳက္ႏိုင္သလိုလူတိုင္းေက်နပ္ေပ်ာ္႐ႊင္ဖို႔ကိုလည္း ကိုယ္ကလုပ္ေပးႏိုင္ဖို႔မလြယ္ပါဘူး။ကိုယ့္ကိုေဝဖန္ေျပာဆိုလာခဲ့ရင္လည္းစိတ္ဓာတ္က်ဖို႔မလိုသလို ကိုယ့္ရဲ႕ဦးတည္ခ်က္ေတြကိုလည္းေျပာင္းလဲဖို႔မလိုပါဘူး။

ကိုယ္မထိန္းခ်ဳပ္ႏိုင္တဲ့အရာေတြအေပၚစိတ္ပူေနတာ
တခ်ိဳ႕ေသာအရာေတြဟာ ကိုယ္ထိန္းခ်ဳပ္လို႔မရ၊ ကိုင္တြယ္လို႔မရတဲ့အရာေတြမို႔ ဒါေတြနဲ႔ပတ္သက္ၿပီးစိုးရိမ္ေနတာ၊ စိတ္ပ်က္ေနတာေတြဟာ အလကားနဲ႔ကိုယ့္ရဲ႕စြမ္းအင္ေတြျပဳန္းတီးပါတယ္။ဥပမာ – ကပ္ေဘး၊ ကမာၻ႔စီးပြားေရးနဲ႔ ကိုဗစ္လိုမ်ိဳးအရာေတြျဖစ္ပါတယ္။ဒါေတြကိုေကာင္းေကာင္းေက်ာ္လႊားႏိုင္ေအာင္ကိုယ့္စိတ္ကိုသတိနဲ႔ၾကည့္တဲ့အက်င့္ေလးလုပ္ေပးႏိုင္ပါတယ္။

တျခားသူေတြနဲ႔ႏႈိင္းယွဥ္မိျခင္း
ကိုယ့္ကိုယ္ကိုယ္ တျခားသူေတြနဲ႔ႏႈိင္းယွဥ္တာက စိတ္ခြန္အားတက္လာဖို႔ထက္စိတ္ပ်က္အားငယ္လာဖို႔ကပိုမ်ားေနပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ဘာသာအေကာင္းဆုံးႀကိဳးစားေနၿပီးဘယ္သူနဲ႔မွႏႈိင္းယွဥ္ေတြးေတာတာမ်ိဳးမလုပ္ဖို႔လိုပါတယ္။ဒီအခ်က္ေတြကို သတိထားေရွာင္ ရွားၿပီးကိုယ္ဦးတည္ရာရည္မွန္းခ်က္ကိုတစိုက္မတ္မတ္လုပ္ေဆာင္မယ္ဆိုရင္ အခ်ိန္၊စြမ္းအင္ေတြကိုအေကာင္းဆုံးအသုံးခ်ႏိုင္တဲ့ ေနာင္ တကင္းတဲ့သူတစ္ေယာက္အျဖစ္ရပ္တည္ႏိုင္မွာေသခ်ာပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*