2024 အတွင်းရုပ်ရှင်ကားသစ်တစ်ကားရိုက်ကူးမယ့် ဂျနီဖာလိုပက်ဇ်

အဆိုတော်၊သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်အနေနဲ့ Kiss of the Spider Woman ဆိုတဲ့ရုပ်ရှင်ကားမှာအဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ပါဝင်ရိုက်ကူးမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ 1993 ခုနစ်ကတင်ဆက်ခဲ့တဲ့ပြဇာတ် Kiss of the Spider Woman ကိုပြုပြင်ရိုက်ကူးမယ့်ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Bill Condon ကရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။ဒါရိုက်တာ Bill Condon ဟာ Gods and Monsters ၊ Breaking Dawn Part 1,2 ၊ Beauty and the Beast နဲ့ Dream girls စတဲ့နာမည်ကြီးရုပ်ရှင်ကားတွေကိုရိုက်ကူးခဲ့သူဖြစ်ပါတယ်။ သူဟာ Gods and Monsters ဇာတ်ကား နဲ့အကယ်ဒမီဆုကိုရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ကားမှာ ဂျနီဖာလိုပက်ဇ်က အနမ်းနဲ့ လူကိုသေစေနိုင်တဲ့ Spider Woman – Aurora အဖြစ်နဲ့ပါဝင်မှာ ဖြစ်ပါတယ်။လက်ရှိရိုက် ကူးမယ့် Kiss of the Spider Woman မှာဂီတနဲ့အတူ လက်တွေ့ဘဝနဲ့ အိပ်မက်တွေကိုပါပေါင်းစပ်ပြသသွားမှာဖြစ်တယ်လို့ဒါရိုက်တာကပြောထားပါတယ်။ဒီဇာတ်လမ်းအတွက် ၂၀၂၄ ခုနစ်၊ ဖေဖော်ဝါရီလမှာ ရီဟာဇယ်ပြုလုပ်ပြီး ဧပြီလအတွင်း နယူးဂျာစီမှာစတင်ရိုက်ကူးမယ်လို့သိရပါတယ်။

Ju Ju

zawgyi

အဆိုေတာ္၊သ႐ုပ္ေဆာင္ ဂ်နီဖာလိုပက္ဇ္အေနနဲ႔ Kiss of the Spider Woman ဆိုတဲ့႐ုပ္ရွင္ကားမွာအဓိကဇာတ္ေဆာင္မင္းသမီးအေနနဲ႔ပါဝင္႐ိုက္ကူးမွာျဖစ္ပါတယ္။ဒီ႐ုပ္ရွင္ဟာ 1993 ခုနစ္ကတင္ဆက္ခဲ့တဲ့ျပဇာတ္ Kiss of the Spider Woman ကိုျပဳျပင္႐ိုက္ကူးမယ့္႐ုပ္ရွင္ျဖစ္ၿပီး ဒါ႐ိုက္တာ Bill Condon က႐ိုက္ကူးမွာျဖစ္တယ္လို႔သိရပါတယ္။ဒါ႐ိုက္တာ Bill Condon ဟာ Gods and Monsters ၊ Breaking Dawn Part 1,2 ၊ Beauty and the Beast နဲ႔ Dream girls စတဲ့နာမည္ႀကီး႐ုပ္ရွင္ကားေတြကို႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။ သူဟာ Gods and Monsters ဇာတ္ကား နဲ႔အကယ္ဒမီဆုကိုရရွိခဲ့ပါတယ္။

ဒီ႐ုပ္ရွင္ကားမွာ ဂ်နီဖာလိုပက္ဇ္က အနမ္းနဲ႔ လူကိုေသေစႏိုင္တဲ့ Spider Woman – Aurora အျဖစ္နဲ႔ပါဝင္မွာ ျဖစ္ပါတယ္။လက္ရွိ႐ိုက္ ကူးမယ့္ Kiss of the Spider Woman မွာဂီတနဲ႔အတူ လက္ေတြ႕ဘဝနဲ႔ အိပ္မက္ေတြကိုပါေပါင္းစပ္ျပသသြားမွာျဖစ္တယ္လို႔ဒါ႐ိုက္တာကေျပာထားပါတယ္။ဒီဇာတ္လမ္းအတြက္ ၂၀၂၄ ခုနစ္၊ ေဖေဖာ္ဝါရီလမွာ ရီဟာဇယ္ျပဳလုပ္ၿပီး ဧၿပီလအတြင္း နယူးဂ်ာစီမွာစတင္႐ိုက္ကူးမယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*