အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတဲ့ ဂျင်းနီနဲ့ဟိုယွန်း

ဂီတနယ်ပယ်ကဂျင်းနီနဲ့ မော်ဒယ်လ်၊သရုပ်ဆောင်အဖြစ်ရပ်တည်နေတဲ့ ဟိုယွန်းတို့ကဖြတ်သန်းနေကြတဲ့ Field မတူပေမယ့်အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိနေကြတာဖြစ်ပါတယ်။ Jennie (Black Pink) နဲ့ Squid Game ကနေပိုပြီးအောင်မြင်မှုရလာတဲ့ ဟိုယွန်းတို့ဟာ သူငယ်ချင်းဖြစ်ခဲ့တာနှစ်များစွာကြာခဲ့ပြီလို့ဟိုယွန်းကTeen Vogue မှာအင်တာဗျူးဖြေခဲ့ဖူးပါတယ်။ သရုပ်ဆောင်မလုပ်ခင်စူပါမော်ဒယ်လ်အဖြစ်နဲ့ရပ်တည်ခဲ့ဖူးတဲ့ဟိုယွန်းက သူတို့နှစ်ဦးဟာ Fashion Show တစ်ခုမှာခင်မင်သွားခဲ့တာလို့ဆိုပါတယ်။“ဂျင်းနီနဲ့က Paris Fashion Week မှာဆုံကြတာပါ။ သူက Chanel Show ကိုပွဲတက်အတွက်လာတယ်။ကျွန်မက အဲပွဲမှာ Show လျှောက်တယ်လေ။ ဂျင်းနီရဲ့ Stylist ကကျွန်မတို့နှစ်ယောက်လုံးနဲ့ခင်တယ်။အဲဒီကနေ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ရင်းခင်သွားကြတာပါ” လို့ပြောခဲ့ပါတယ်။

သူမတို့နှစ်ယောက်ဟာ အသက်အရွယ်လည်းတူ၊ Lifestyle လည်းတူတာမို့ မကြာခဏတွေ့ဆုံဖြစ်ရင်းအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ် လာကြတယ်လို့ဆိုပါတယ်။ ဟိုယွန်းဇာတ်ကားရိုက်ကူးနေချိန်မှာဂျင်းနီက အဖွဲ့သားအားလုံးအတွက် Coffee Truck ပို့ပေးပြီး သူမရဲ့ချစ်ခင်မှုကိုဖော်ပြခဲ့ပါသေးတယ်။“သူက ကျွန်မသရုပ်ဆောင်လုပ်တာကိုအရမ်းအားပေးတယ်။ ရိုက်ကူးရေးရှိတုန်း ကော်ဖီပို့ပေးတယ်။
Squid Game စထွက်တော့ သူမရဲ့ Instagram Story မှာတင်ပေးသေးတယ်။ဂျင်းနီကကျွန်မအတွက်နတ်သမီးတစ်ပါးပါ၊ ဘယ်လိုပြောရမှန်းမသိအောင်သူမကိုကျေးဇူးတင်မိတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ဂီတနယ္ပယ္ကဂ်င္းနီနဲ႔ ေမာ္ဒယ္လ္၊သ႐ုပ္ေဆာင္အျဖစ္ရပ္တည္ေနတဲ့ ဟိုယြန္းတို႔ကျဖတ္သန္းေနၾကတဲ့ Field မတူေပမယ့္အခ်စ္ဆုံးသူငယ္ခ်င္းေတြအျဖစ္ရွိေနၾကတာျဖစ္ပါတယ္။ Jennie (Black Pink) နဲ႔ Squid Game ကေနပိုၿပီးေအာင္ျမင္မႈရလာတဲ့ ဟိုယြန္းတို႔ဟာ သူငယ္ခ်င္းျဖစ္ခဲ့တာႏွစ္မ်ားစြာၾကာခဲ့ၿပီလို႔ဟိုယြန္းကTeen Vogue မွာအင္တာဗ်ဴးေျဖခဲ့ဖူးပါတယ္။ သ႐ုပ္ေဆာင္မလုပ္ခင္စူပါေမာ္ဒယ္လ္အျဖစ္နဲ႔ရပ္တည္ခဲ့ဖူးတဲ့ဟိုယြန္းက သူတို႔ႏွစ္ဦးဟာ Fashion Show တစ္ခုမွာခင္မင္သြားခဲ့တာလို႔ဆိုပါတယ္။“ဂ်င္းနီနဲ႔က Paris Fashion Week မွာဆုံၾကတာပါ။ သူက Chanel Show ကိုပြဲတက္အတြက္လာတယ္။ကြၽန္မက အဲပြဲမွာ Show ေလွ်ာက္တယ္ေလ။ ဂ်င္းနီရဲ႕ Stylist ကကြၽန္မတို႔ႏွစ္ေယာက္လုံးနဲ႔ခင္တယ္။အဲဒီကေန တစ္ေယာက္နဲ႔တစ္ေယာက္မိတ္ဆက္ရင္းခင္သြားၾကတာပါ” လို႔ေျပာခဲ့ပါတယ္။

သူမတို႔ႏွစ္ေယာက္ဟာ အသက္အ႐ြယ္လည္းတူ၊ Lifestyle လည္းတူတာမို႔ မၾကာခဏေတြ႕ဆုံျဖစ္ရင္းအရင္းႏွီးဆုံးသူငယ္ခ်င္းေတြျဖစ္ လာၾကတယ္လို႔ဆိုပါတယ္။ ဟိုယြန္းဇာတ္ကား႐ိုက္ကူးေနခ်ိန္မွာဂ်င္းနီက အဖြဲ႕သားအားလုံးအတြက္ Coffee Truck ပို႔ေပးၿပီး သူမရဲ႕ခ်စ္ခင္မႈကိုေဖာ္ျပခဲ့ပါေသးတယ္။“သူက ကြၽန္မသ႐ုပ္ေဆာင္လုပ္တာကိုအရမ္းအားေပးတယ္။ ႐ိုက္ကူးေရးရွိတုန္း ေကာ္ဖီပို႔ေပးတယ္။
Squid Game စထြက္ေတာ့ သူမရဲ႕ Instagram Story မွာတင္ေပးေသးတယ္။ဂ်င္းနီကကြၽန္မအတြက္နတ္သမီးတစ္ပါးပါ၊ ဘယ္လိုေျပာရမွန္းမသိေအာင္သူမကိုေက်းဇူးတင္မိတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*