CV မှာမဖြစ်မနေပါသင့်တဲ့အကောင်းဆုံး Skills 10 ခု

CV တစ်စောင်ရဲ့ Skills Section မှာပြထားတဲ့ Skills တွေက အလုပ်ရှင်တွေကိုအဓိကဆွဲဆောင်တဲ့အရာတွေပါပဲ။ဖော်ပြထားတဲ့ Skills တွေကိုကြည့်ပြီး အလုပ်ရှင်က ဒီလူကိုအလုပ်ခန့်သင့်၊ မခန့်သင့်ဆုံးဖြတ်ကြတာပါ။ဒါ့ကြောင့်လည်း CV တစ်စောင်မှာပါဝင်သင့်တဲ့အကောင်းဆုံး Skills တွေကိုရွေးထုတ်ဖော်ပြပေးချင်ပါတယ်။အဲဒီ Skills တွေက ဘာတွေလဲဆိုတော့ Active Listening ၊Communication ၊ Computer Skills ၊ Customer Service ၊ Interpersonal skills ၊ Leadership ၊ Management Skills ၊ Problem – Solving ၊ Time Management ၊ Transferable Skills တွေပဲဖြစ်ပါတယ်။

ဒါတွေဖော်ပြသင့်ပေမယ့် ကိုယ့်ရဲ့အကောင်းဆုံး Skills ကဘာတွေလဲဆိုတာမသိရင်
– ကိုယ်ရခဲ့ဖူးတဲ့ ဆုတွေ၊ အောင်မြင်မှုတွေကဘာတွေလဲ
– ကိုယ့်ကျောင်းကသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကိုဘယ်အရာမှာတော်တယ်လို့ချီးကျူးသလဲဆိုတာကိုတွေးကြည့်ပါ။
– ကိုယ်လျှောက်မယ့်အလုပ်နေရာအတွက် ဘယ်လို skills တွေရှိဖို့လိုအပ်သလဲဆိုတာမျိုးကိုလက်ရှိအဲဒီနယ်ပယ်မှာလုပ်နေတဲ့ professional တွေကိုမေးပါ။ သူတို့ပြောတဲ့ skills တွေကိုယ့်မှာရှိလားစဉ်းစားပါ။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Skills ရှိနေခဲ့ရင် အဲဒါကိုထည့်ရေးပေးဖို့လိုပါတယ်။
– career ပြောင်းတဲ့သူ၊ skills နည်းတဲ့သူ၊ experience နည်းတဲ့သူတွေအနေနဲ့ ကိုယ့်မှာရှိတဲ့ Skills တွေကို CV မှာအကုန်ချရေးပါ။
– experience ရှိသူ ၊ အလုပ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ skills ရှိသူ၊ သီးသန့်ထင်ရှားစေချင်တဲ့ skills ရှိသူတွေအနေနဲ့တော့ Skills ကို section ခွဲပြီးဖော်ပြတာမျိုး လုပ်သင့်ပါတယ်။

Skills ၁၀ မျိုးကို အသေးစိတ်ဖော်ပြရမယ်ဆိုရင်…
Active Listening Skills – မေးခွန်းမေးတတ်ခြင်း၊ Note မှတ်ခြင်း၊ အကြောင်းအရာကိုစုစည်းတတ်ခြင်း၊ မှန်ကန်တိကျခြင်း၊ နှုတ်နဲ့ရော စာနဲ့ပါ ဆက်သွယ်ပြောဆိုတတ်ခြင်း

Communication Skills – Active Listening ရှိခြင်း၊ နှုတ်နဲ့ရောစာနဲ့ပါကောင်းမွန်စွာဆက်သွယ်တတ်ခြင်း၊ နှစ်ဦးချင်းရောအများနဲ့ပါအဆင်ပြေအောင်ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ဆန်းစစ်ဝေဖန်တတ်ခြင်း

Computer Skills – စာရိုက်၊ အီးမေးလ်ပို့တတ်ခြင်း ၊ Spread sheet သုံးတတ်ခြင်း၊အခြေခံကွန်ပျူတာအကြောင်းနားလည်ခြင်း

Customer service skills – Active Listening ရှိခြင်း၊ စာနာတတ်ခြင်း၊အများနဲ့ဆက်သွယ်ပြောဆိုတတ်ခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းရှိခြင်း၊ ယုံကြည်အားကိုးနိုင်ခြင်း

Interpersonal skills – Communication တော်ခြင်း ၊ ကိုယ်ချင်းစာစိတ်နဲ့စိတ်သဘောပျော့ပျောင်းမှုရှိခြင်း ၊ခေါင်းဆောင်တတ်ခြင်း၊ စိတ်ရှည်ခြင်း

Leadership skills – သင်ကြားနိုင်စွမ်း၊ စံနမူနာဖြစ်နိုင်စွမ်းရှိခြင်း၊ ချဉ်းကပ်လွယ်သူဖြစ်ခြင်း ၊သဘောထားပျော့ပျောင်းခြင်း၊ စွန့်စားရဲခြင်း၊ team ကိုစုစည်းနိုင်ခြင်း၊ အချိန်ကိုစနစ်တကျစီမံနိုင်ခြင်း

Management Skills – ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ လုပ်ငန်းကျွမ်းကျင်ခြင်း၊ပရောဂျက်ကိုဦးဆောင်နိုင်ခြင်း ၊ အဖွဲ့သားတွေနဲ့ဆက်ဆံရေးကောင်းမွန်ခြင်း၊အဖွဲ့တစ်ခုလုံးကိုဦးဆောင်နိုင်ခြင်း

Problem Solving Skills – အသေးစိတ်အာရုံစိုက်နိုင်ခြင်း ၊ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ သည်းခံနိုင်ခြင်း ၊ များများလေ့လာနိုင်ခြင်း

Time Management Skills – အလုပ်ပြီးစီးစေနိုင်ခြင်း၊ အာရုံစိုက်နိုင်စွမ်းရှိခြင်း၊ပန်းတိုင်ချမှတ်နိုင်ခြင်း၊ ဦးစားပေးရွေးထုတ်တတ်ခြင်း၊ ခြုံငုံစုစည်းနိုင်ခြင်း

Transferable skills – ရည်မှန်းချက်ရှိခြင်း၊ တီထွင်နိုင်စွမ်း၊ ကိုယ်ချင်းစာစိတ်၊ ခေါင်းဆောင်မှု၊အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်နိုင်မှု စတဲ့အရည်အချင်းများရှိခြင်းတို့ပဲဖြစ်ပါတယ်။

CV မှာ ဒါတွေကိုအားလုံးစုပြုံထည့်ရမယ်လို့မဆိုလိုပါဘူး။ ကိုယ့်ရဲ့အလုပ်နေရာ၊လုပ်ငန်းခွင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး အဓိကလိုတာကိုထည့်ပေးရမှာဖြစ်ပါတယ်။ကြော်ငြာကားမောင်းတဲ့သူနဲ့ marketing manager ဟာ လိုအပ်တဲ့ skills ကွဲပြားသလိုပဲ၊ကိုယ့်အလုပ်အတွက်ပါသင့်တဲ့ skills တွေ၊ ကိုယ့်မှာရှိပြီးသား skills တွေကိုရွေးထုတ်ပြီးထည့်ခြင်းအားဖြင့် ကိုယ့်ရဲ့ CV လေးကိုပိုမိုလှပစေနိုင်ပါတယ်။

Ju Ju

zawgyi














Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*