ကြည့်ရှုသူ 5 ဘီလီယံကျော်သွားတဲ့ Psy ရဲ့ Gangnam Style MV

ကိုရီးယားဂီတလောကသမိုင်းမှာ ပထမဆုံးအကြိမ် YouTube View 5 ဘီလီယံကျော်သွားတာကတော့ Psy ရဲ့ Gangnam Style MV ပဲဖြစ်ပါတယ်။ ဒီလို View 5 ဘီလီယံထိရောက်ရှိသွားခဲ့တာက ဒီဇင်ဘာလ ၃၀ ရက်နေ့ကဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့မှတ်တိုင်တစ်ခုကိုထူထောင်နိုင်ခဲ့တာဟာ Psy ရဲ့ ၄၆ နှစ်ပြည့်မွေးနေ့မတိုင်ခင်တစ်ရက်အလိုမှာဖြစ်တာမို့ သူ့အတွက်အမှတ်တရလည်းဖြစ်သွားပါတယ်။
ဒီလိုအောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်တာနဲ့ပတ်သက်ပြီး Psy က “ကျွန်တော့် MV View 1 မီလီယံပြည့်တုန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူအောင်ပွဲခံခဲ့ကြတယ်။ အဲဒီတုန်းက ၅ မီလီယံပြည့်ပါစေဆိုပြီး ဆုတောင်းခဲ့ကြတာပါ၊ အခုတော့အဲဒီတုန်းကထက်အဆ ၁၀၀ ပျော်ပါတယ်”လို့သူကပြောပါတယ်။
Gangnam Style သီချင်းဟာ Psy ရဲ့ ၆ ချပ်မြောက်အယ်လ်ဘမ်ဖြစ်တဲ့ Psy 6 (six rules part 1) ထဲက Lead Single ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ကို ၂၀၁၂ ခုနစ်၊ ဇူလိုင်လကထုတ်လုပ်ခဲ့တာပါ။ ၁၀ စုနှစ်တစ်ခုကျော်လာပြီးတာတောင် အောင်မြင်မှုရနေဆဲဒီသီချင်းဟာ Billboard Hot 100 ထဲမှာ ၇ ပတ်ဆက်တိုက်ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ YouTube View ၂.၁၅ ဘီလီယံနဲ့ ဒုတိယနေရာလိုက်နေတဲ့သီချင်းကတော့ Black Pink ရဲ့ Dhu-du-Dhu-du ပဲဖြစ်ပါတယ်။
Ju Ju

zawgyi

ကိုရီးယားဂီတေလာကသမိုင္းမွာ ပထမဆုံးအႀကိမ္ YouTube View 5 ဘီလီယံေက်ာ္သြားတာကေတာ့ Psy ရဲ႕ Gangnam Style MV ပဲျဖစ္ပါတယ္။ ဒီလို View 5 ဘီလီယံထိေရာက္ရွိသြားခဲ့တာက ဒီဇင္ဘာလ ၃၀ ရက္ေန႔ကျဖစ္ပါတယ္။ ဒီလိုႀကီးမားတဲ့မွတ္တိုင္တစ္ခုကိုထူေထာင္ႏိုင္ခဲ့တာဟာ Psy ရဲ႕ ၄၆ ႏွစ္ျပည့္ေမြးေန႔မတိုင္ခင္တစ္ရက္အလိုမွာျဖစ္တာမို႔ သူ႔အတြက္အမွတ္တရလည္းျဖစ္သြားပါတယ္။ဒီလိုေအာင္ျမင္မႈမွတ္တိုင္စိုက္ထူႏိုင္တာနဲ႔ပတ္သက္ၿပီး Psy က “ကြၽန္ေတာ့္ MV View 1 မီလီယံျပည့္တုန္းက လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူတူေအာင္ပြဲခံခဲ့ၾကတယ္။ အဲဒီတုန္းက ၅ မီလီယံျပည့္ပါေစဆိုၿပီး ဆုေတာင္းခဲ့ၾကတာပါ၊ အခုေတာ့အဲဒီတုန္းကထက္အဆ ၁၀၀ ေပ်ာ္ပါတယ္”လို႔သူကေျပာပါတယ္။
Gangnam Style သီခ်င္းဟာ Psy ရဲ႕ ၆ ခ်ပ္ေျမာက္အယ္လ္ဘမ္ျဖစ္တဲ့ Psy 6 (six rules part 1) ထဲက Lead Single ျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္ကို ၂၀၁၂ ခုနစ္၊ ဇူလိုင္လကထုတ္လုပ္ခဲ့တာပါ။ ၁၀ စုႏွစ္တစ္ခုေက်ာ္လာၿပီးတာေတာင္ ေအာင္ျမင္မႈရေနဆဲဒီသီခ်င္းဟာ Billboard Hot 100 ထဲမွာ ၇ ပတ္ဆက္တိုက္ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့သီခ်င္းလည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ YouTube View ၂.၁၅ ဘီလီယံနဲ႔ ဒုတိယေနရာလိုက္ေနတဲ့သီခ်င္းကေတာ့ Black Pink ရဲ႕ Dhu-du-Dhu-du ပဲျဖစ္ပါတယ္။
Ju Ju

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*