ဇာတ်လမ်းတွဲသစ်မှာပါဝင်မယ့် Kim Go Eun

Goblin မင်းသမီးလေး Kim Go Eun က Netflix ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ Two Women မှာပါဝင်မယ်လို့သိရပါတယ်။Two Women မှာသူမနဲ့အတူ Kim Gun Woo ၊ Park Ji Hyun တို့လည်းပါဝင်ကြမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ Kim Gun Woo က ဓာတ်ပုံဆရာတစ်ယောက်အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Kim Go Eun နဲ့ Park Ji Hyun တို့ကတော့ အချစ်နဲ့မနာလိုမှုကြား ကြည့်မရတဲ့မိန်းကလေးနှစ်ယောက်အဖြစ်သရုပ်ဆောင်ကြမှာပါ။

Two Women ဟာ အမျိုးသမီးနှစ်‌ယောက်ရဲ့ ကျောင်းသားဘဝကနေ အသက် ၄၂ နှစ်အရွယ်အထိဘဝဖြတ်သန်းမှုပုံစံကို ဖော်ကျူးမှာဖြစ်ပါတယ်။Kim Go Eun နဲ့ Park Ji Hyun တို့ဟာ အရွယ်ရောက်လာချိန်မှာ Screen Writer နဲ့ နာမည်ကြီး Film Director အဖြစ်ပြန် လည်တွေ့ဆုံကြပြီး ကြည့်ရတာမပျင်းရိစေမယ့်ဇာတ်လမ်းမျိုးဖြစ်တယ်လို့ Netflix ကပြောထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*