SM Entertainment နဲ့သုံးကြိမ်မြောက်စာချုပ်ဆက်ချုပ်တဲ့ YoonA

Girls’ Generation ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အပြင် သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်ပါအောင်မြင်နေတဲ့ YoonA က သူမရဲ့ပွဲဦးထွက်အေဂျင်စီနဲ့ပဲစာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။ YoonA ရဲ့အနုပညာသက်တမ်း ၁၇ နှစ်အတွင်းမှာ SM နဲ့ ၃ ကြိမ်မြောက်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနစ်က Girls’ Generation အဖွဲ့ဝင်အဖြစ်ပွဲဦးထွက်ခဲ့တဲ့ YoonA ဟာ SM Entertainment အောက်မှာပဲ ၁၇ နှစ်ကြာရှိနေခဲ့တာဖြစ်ပါတယ်။ သူမဟာဘက်စုံတော်တဲ့အနုပညာရှင်ဆိုတဲ့ခေါင်းစဉ်အောက်ကနေပဲ SM နဲ့ဆက်ပြီးအလုပ်တွေလုပ်ဆောင်သွားမှာပါ။

YoonA ဟာ ၂၀၂၄ နှစ်ဝက်ထောက်အထိ Asia Fan Meeting Tour ပြုလုပ်မှာဖြစ်ပြီး ဒီ Tour ကို YOONITE လို့နာမည်ပေးထားပါတယ်။ YOONITE Tour ကို ဇန်နဝါရီလ ၆ နဲ့ ၇ ရက်တွေမှာဆိုးလ်မြို့ကနေစတင်မှာဖြစ်ပြီး ဟောင်ကောင်၊ မကာအို၊ တိုင်ပေ၊ ယိုကိုဟားမား၊ ဗန်ကောက်၊ မနီလာ၊ဂျာကာတာမြို့တွေဆီ ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။လတ်တလောမှာ သူမရဲ့ 2 O’ Clock Date ဆိုတဲ့အချစ်ဟာသရုပ်ရှင်ကားလည်း ရုံတင်ဖို့ရှိနေပါတယ်။

Ju Ju

zawgyi

Girls’ Generation ရဲ႕ အဖြဲ႕ဝင္ျဖစ္တဲ့အျပင္ သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ပါေအာင္ျမင္ေနတဲ့ YoonA က သူမရဲ႕ပြဲဦးထြက္ေအဂ်င္စီနဲ႔ပဲစာခ်ဳပ္အသစ္ထပ္မံခ်ဳပ္ဆိုလိုက္တယ္လို႔သိရပါတယ္။ YoonA ရဲ႕အႏုပညာသက္တမ္း ၁၇ ႏွစ္အတြင္းမွာ SM နဲ႔ ၃ ႀကိမ္ေျမာက္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ၂၀၀၇ ခုနစ္က Girls’ Generation အဖြဲ႕ဝင္အျဖစ္ပြဲဦးထြက္ခဲ့တဲ့ YoonA ဟာ SM Entertainment ေအာက္မွာပဲ ၁၇ ႏွစ္ၾကာရွိေနခဲ့တာျဖစ္ပါတယ္။ သူမဟာဘက္စုံေတာ္တဲ့အႏုပညာရွင္ဆိုတဲ့ေခါင္းစဥ္ေအာက္ကေနပဲ SM နဲ႔ဆက္ၿပီးအလုပ္ေတြလုပ္ေဆာင္သြားမွာပါ။

YoonA ဟာ ၂၀၂၄ ႏွစ္ဝက္ေထာက္အထိ Asia Fan Meeting Tour ျပဳလုပ္မွာျဖစ္ၿပီး ဒီ Tour ကို YOONITE လို႔နာမည္ေပးထားပါတယ္။ YOONITE Tour ကို ဇန္နဝါရီလ ၆ နဲ႔ ၇ ရက္ေတြမွာဆိုးလ္ၿမိဳ႕ကေနစတင္မွာျဖစ္ၿပီး ေဟာင္ေကာင္၊ မကာအို၊ တိုင္ေပ၊ ယိုကိုဟားမား၊ ဗန္ေကာက္၊ မနီလာ၊ဂ်ာကာတာၿမိဳ႕ေတြဆီ ဆက္လက္သြားေရာက္မွာျဖစ္ပါတယ္။လတ္တေလာမွာ သူမရဲ႕ 2 O’ Clock Date ဆိုတဲ့အခ်စ္ဟာသ႐ုပ္ရွင္ကားလည္း ႐ုံတင္ဖို႔ရွိေနပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*