ကိုယ့်လုပ်ငန်းခွင်အတွက်သိထားသင့်တဲ့ Personality Disorder များ

လူတွေမှာစိတ်ဝင်စားစရာကောင်းတဲ့ စိတ်ရောင်စုံတွေရှိနေတတ်ပါတယ်။ တစ်ခါတလေမှာသူကတော့တစ်မျိုးကြီးပဲ ငါ့ Type နဲ့မကိုက်ဘူးလို့ပြောဖြစ်ကြတာကဒီလိုအနေအထားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာဖြစ်တတ်တဲ့စိတ်အခြေအနေတွေကိုသိရင် မိသားစုမှာပဲဖြစ်ဖြစ် ၊အလုပ်ခွင်မှာပဲဖြစ်ဖြစ်သူ့ကိုနားလည်မှုတွေပေးနိုင်မှာဖြစ်သလို ဘယ်လိုပုံစံပေါင်းသင်းပြီးတာဝန်တွေပေးအပ်ရမလဲဆိုတဲ့အချက်တွေကိုလည်းသိနိုင်မှာပါ။ Disorder တွေအများကြီးရှိတဲ့အထဲကတချို့ကိုဖော်ပြပေးရမယ်ဆိုရင်…

Paranoid Personality Disorder
ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကိုတောင် မယုံတတ်သူ၊ တစ်ယောက်ယောက်က ငါ့ကိုတော့လုပ်ကြံမှာပဲလို့ထင်နေတတ်သူတွေဖြစ်တတ်ကြပါတယ်။ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုပြောဆိုဆက်ဆံပုံကိုကြည့်ပြီးတော့ သိနိုင်ပါတယ်။

Schizotypal Personality Disorder
တချို့တွေက သူစိမ်းတွေသာမက ကိုယ့်မိသားစုနဲ့ပါ နွေးနွေးထွေးထွေးနေဖို့ စိတ်မဝင်စားကြပါဘူး။တစ်ကိုယ်တည်း ကိုယ့်အတွေးနဲ့ကိုယ်နေချင်ကြသူတွေဖြစ်ပါတယ်။လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကိုတောင် လွတ်လပ်မှုဆုံးရှုံးတယ်လို့ ထင်နေတတ်သူတွေဖြစ်ပြီးအေး တိအေးစက် တုံ့ပြန်တတ်သူတွေပါ။ ဘဝမှာပျော်ရွှင်မှုနည်းကြပါတယ်။ ပြီးတော့ လိင်ကိစ္စကိုလည်းစိတ်မဝင်စားတတ်သူတွေပါ။

Histrionic Personality Disorder
လူတချို့က တစ်ခုခုဆိုသည်းခံနိုင်စွမ်းမရှိ ဆတ်ဆတ်ထိမခံဆိုတဲ့အနေအထားလေးတွေရှိကြပါတယ်။တခြားသူတွေထက်ပိုပြီးတော့လည်း ဂရုစိုက်ခံချင်ကြပါတယ်။ သူတို့ပြောတဲ့စကားတွေကဇာတ်ဆန်နေတာမျိုး စိတ်ခံစားမှုအိုဗာဖြစ်လွန်းတာမျိုးတွေရှိတတ်ပါတယ်။ တခြားသူတွေအပေါ်အလွယ်တကူလွှမ်းမိုးချင်စိတ်ရှိကြပြီး သူတစ်ပါးရဲ့မှတ်ချက်တွေ ပြောစကားတွေအပေါ်အရမ်းခံစားတတ်ကြပါတယ်။

Narcisstic Personality Disorder
သာမန်ထက် လွန်လွန်ကဲကဲ ဘဝင်မြင့်လွန်းသူ၊ ကိုယ့်ကိုယ်ကိုယ် အလွန်အရေးပါတယ်လို့ထင်နေတတ်သူတွေက Narcisstic Personality Disorder ရှိနေနိုင်ပါတယ်။ ဒီအခြေအနေမှာသူကတခြားသူတွေနဲ့မတူဘူးလို့ထင်နေတာမျိုး၊ သူ့ကိုအရေးမပေးရင် စိတ်မသက်မသာဖြစ်တာမျိုး၊တခြားသူတွေအပေါ်မှာ အနိုင်ယူချင်တာမျိုး၊ တစ်ကိုယ်ကောင်းဆန်တာမျိုးတွေ ပါဝင်ပါတယ်။

Obessive Compulsive Personality Disorder
အလွန်အမင်းကပ်စေးနှဲလွန်းသူ၊ အလွန်အမင်းတိကျလွန်းသူ၊ ဘာကိုပဲဖြစ်ဖြစ်ကိုယ်တိုင်လုပ်ဆောင်ရမှကျေနပ်သူ ခေါင်းမာလွန်းသူတွေဖြစ်ကြပါတယ်။ လိုတာထက်ပိုပြီးအသေးစိတ်စစ်ဆေးရမှကျေနပ်သလို ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါပိုက်ဆံသုံးဖို့စေးနှဲလွန်းသူတွေဖြစ်ကြပါတယ်။

Dependent Personality Disorder
နောက်ထပ် Personality Disorder တစ်ခုကတော့ Dependent Personality Disorder လို့ခေါ်ပါတယ်။သူတို့တွေဟာ အလိုလိုအား ငယ်နေတတ် အမြဲတမ်းအကူအညီလိုအပ်နေတတ်သူတွေဖြစ်တတ်ပါတယ်။ကိုယ်တိုင်မဆုံးဖြတ်ရဲဘဲ ဘဝတစ်လျှောက်လုံးတစ်ပါးသူကို မှီခိုနေတတ်သူ တစ်ယောက်တည်းနေရမှာကြောက်တတ်သူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းမရှိကြပါဘူး။ဒါတွေက တော့ လူတွေမှာဖြစ်ပွားလေ့ရှိကြတဲ့ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ Personality Disorder တွေဖြစ်ပါတယ်။ ဖော်ပြထားတဲ့ Disorder တွေထဲကတစ်ခုခုနဲ့ကိုက်ညီမှုရှိတဲ့သူကိုတွေ့ရင်၊ဆိုးဆိုးရွားရွားဖြစ်နေခဲ့ရင် အရင်ဆုံးနားလည်ပေးပြီးကျွမ်းကျင်ပညာရှင်နဲ့ဆွေးနွေးနိုင်ဖို့ကူညီပေးသင့်ပါတယ်။

Ju Ju

zawgyi

လူေတြမွာစိတ္ဝင္စားစရာေကာင္းတဲ့ စိတ္ေရာင္စုံေတြရွိေနတတ္ပါတယ္။ တစ္ခါတေလမွာသူကေတာ့တစ္မ်ိဳးႀကီးပဲ ငါ့ Type နဲ႔မကိုက္ဘူးလို႔ေျပာျဖစ္ၾကတာကဒီလိုအေနအထားေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ တခ်ိဳ႕လူေတြမွာျဖစ္တတ္တဲ့စိတ္အေျခအေနေတြကိုသိရင္ မိသားစုမွာပဲျဖစ္ျဖစ္ ၊အလုပ္ခြင္မွာပဲျဖစ္ျဖစ္သူ႔ကိုနားလည္မႈေတြေပးႏိုင္မွာျဖစ္သလို ဘယ္လိုပုံစံေပါင္းသင္းၿပီးတာဝန္ေတြေပးအပ္ရမလဲဆိုတဲ့အခ်က္ေတြကိုလည္းသိႏိုင္မွာပါ။ Disorder ေတြအမ်ားႀကီးရွိတဲ့အထဲကတခ်ိဳ႕ကိုေဖာ္ျပေပးရမယ္ဆိုရင္…

Paranoid Personality Disorder
ကိုယ့္သူငယ္ခ်င္းအရင္းေခါက္ေခါက္ကိုေတာင္ မယုံတတ္သူ၊ တစ္ေယာက္ေယာက္က ငါ့ကိုေတာ့လုပ္ႀကံမွာပဲလို႔ထင္ေနတတ္သူေတြျဖစ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ေန႔စဥ္လႈပ္ရွားမႈေျပာဆိုဆက္ဆံပုံကိုၾကည့္ၿပီးေတာ့ သိႏိုင္ပါတယ္။

Schizotypal Personality Disorder
တခ်ိဳ႕ေတြက သူစိမ္းေတြသာမက ကိုယ့္မိသားစုနဲ႔ပါ ေႏြးေႏြးေထြးေထြးေနဖို႔ စိတ္မဝင္စားၾကပါဘူး။တစ္ကိုယ္တည္း ကိုယ့္အေတြးနဲ႔ကိုယ္ေနခ်င္ၾကသူေတြျဖစ္ပါတယ္။လူေတြနဲ႔ေပါင္းသင္းဆက္ဆံရတာကိုေတာင္ လြတ္လပ္မႈဆုံးရႈံးတယ္လို႔ ထင္ေနတတ္သူေတြျဖစ္ၿပီးေအး တိေအးစက္ တုံ႔ျပန္တတ္သူေတြပါ။ ဘဝမွာေပ်ာ္႐ႊင္မႈနည္းၾကပါတယ္။ ၿပီးေတာ့ လိင္ကိစၥကိုလည္းစိတ္မဝင္စားတတ္သူေတြပါ။

Histrionic Personality Disorder
လူတခ်ိဳ႕က တစ္ခုခုဆိုသည္းခံႏိုင္စြမ္းမရွိ ဆတ္ဆတ္ထိမခံဆိုတဲ့အေနအထားေလးေတြရွိၾကပါတယ္။တျခားသူေတြထက္ပိုၿပီးေတာ့လည္း ဂ႐ုစိုက္ခံခ်င္ၾကပါတယ္။ သူတို႔ေျပာတဲ့စကားေတြကဇာတ္ဆန္ေနတာမ်ိဳး စိတ္ခံစားမႈအိုဗာျဖစ္လြန္းတာမ်ိဳးေတြရွိတတ္ပါတယ္။ တျခားသူေတြအေပၚအလြယ္တကူလႊမ္းမိုးခ်င္စိတ္ရွိၾကၿပီး သူတစ္ပါးရဲ႕မွတ္ခ်က္ေတြ ေျပာစကားေတြအေပၚအရမ္းခံစားတတ္ၾကပါတယ္။

Narcisstic Personality Disorder
သာမန္ထက္ လြန္လြန္ကဲကဲ ဘဝင္ျမင့္လြန္းသူ၊ ကိုယ့္ကိုယ္ကိုယ္ အလြန္အေရးပါတယ္လို႔ထင္ေနတတ္သူေတြက Narcisstic Personality Disorder ရွိေနႏိုင္ပါတယ္။ ဒီအေျခအေနမွာသူကတျခားသူေတြနဲ႔မတူဘူးလို႔ထင္ေနတာမ်ိဳး၊ သူ႔ကိုအေရးမေပးရင္ စိတ္မသက္မသာျဖစ္တာမ်ိဳး၊တျခားသူေတြအေပၚမွာ အႏိုင္ယူခ်င္တာမ်ိဳး၊ တစ္ကိုယ္ေကာင္းဆန္တာမ်ိဳးေတြ ပါဝင္ပါတယ္။

Obessive Compulsive Personality Disorder
အလြန္အမင္းကပ္ေစးႏွဲလြန္းသူ၊ အလြန္အမင္းတိက်လြန္းသူ၊ ဘာကိုပဲျဖစ္ျဖစ္ကိုယ္တိုင္လုပ္ေဆာင္ရမွေက်နပ္သူ ေခါင္းမာလြန္းသူေတြျဖစ္ၾကပါတယ္။ လိုတာထက္ပိုၿပီးအေသးစိတ္စစ္ေဆးရမွေက်နပ္သလို ကိုယ့္အတြက္ေရာ သူတစ္ပါးအတြက္ပါပိုက္ဆံသုံးဖို႔ေစးႏွဲလြန္းသူေတြျဖစ္ၾကပါတယ္။

Dependent Personality Disorder
ေနာက္ထပ္ Personality Disorder တစ္ခုကေတာ့ Dependent Personality Disorder လို႔ေခၚပါတယ္။သူတို႔ေတြဟာ အလိုလိုအား ငယ္ေနတတ္ အၿမဲတမ္းအကူအညီလိုအပ္ေနတတ္သူေတြျဖစ္တတ္ပါတယ္။ကိုယ္တိုင္မဆုံးျဖတ္ရဲဘဲ ဘဝတစ္ေလွ်ာက္လုံးတစ္ပါးသူကို မွီခိုေနတတ္သူ တစ္ေယာက္တည္းေနရမွာေၾကာက္တတ္သူေတြျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈလည္းမရွိၾကပါဘူး။ဒါေတြက ေတာ့ လူေတြမွာျဖစ္ပြားေလ့ရွိၾကတဲ့ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာ Personality Disorder ေတြျဖစ္ပါတယ္။ ေဖာ္ျပထားတဲ့ Disorder ေတြထဲကတစ္ခုခုနဲ႔ကိုက္ညီမႈရွိတဲ့သူကိုေတြ႕ရင္၊ဆိုးဆိုး႐ြား႐ြားျဖစ္ေနခဲ့ရင္ အရင္ဆုံးနားလည္ေပးၿပီးကြၽမ္းက်င္ပညာရွင္နဲ႔ေဆြးေႏြးႏိုင္ဖို႔ကူညီေပးသင့္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*