အေမီဝိုင်းဟောက်စ်ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင် Back to Black ထွက်ရှိတော့မည်

တေးရေး၊တေးဆိုအေမီဝိုင်းဟောက်စ်ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်တဲ့ Back to Black ကိုဧပြီလမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ Back to Black ရဲ့ ပထမဆုံး Trailer ဟာ ဇန်နဝါရီလ 11 ရက်နေ့မှာထွက်ရှိလာခဲ့ပါပြီ။ဒီရုပ်ရှင်ကိုဒါရိုက်တာ Sam Taylor Johnson ကရိုက်ကူးထားပြီး အေမီဝိုင်းဟောက်စ်အဖြစ်မင်းသမီး Marisa Abela ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မင်းသမီး Marisa Abela ဟာ အသက် 27 နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်မင်းသမီးတစ်ယောက်ဖြစ်ပြီး Man in the box ၊ Rogue Agent ၊ She is love နဲ့ Barbie ရုပ်ရှင်တွေမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

Back to Black ဟာ အေမီဝိုင်းဟောက်စ်ရဲ့ ဂီတသမိုင်း၊ ဘဝဖြတ်သန်းမှု၊ အချစ်ရေး၊သူမရဲ့ရွှေရောင်ကာလတွေ၊ မီဒီယာတွေနဲ့ပြောဆိုဆက်ဆံပုံ၊ အသက် 27 နှစ်မှာအရက်အလွန်အကျွံသောက်ပြီး ရုတ်တရက်သေဆုံးခဲ့တဲ့အကြောင်းတွေကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။တစ်မူထူးခြားတဲ့ Deep Voice ကြောင့်နာမည်ကြီးခဲ့တဲ့သူမဟာ 2003 ခုနစ်မှာ Frank ဆိုတဲ့တေးအယ်လ်ဘမ်နဲ့ပထမဆုံးနာမည်ရလာခဲ့ပြီး 2006 ခုနစ်မှာ Back to Black အယ်လ်ဘမ်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Back to Black ဟာဗြိတိန်သမိုင်းမှာအရောင်းရဆုံးအယ်လ်ဘမ်တစ်ချပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။အေမီဝိုင်းဟောက်စ်ဟာ 2011 ခုနစ်၊ သူမအသက် 27 နှစ်အရွယ်မှာမတော်တဆဖြစ်ပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ေတးေရး၊ေတးဆိုေအမီဝိုင္းေဟာက္စ္ရဲ႕အတၳဳပၸတၱိ႐ုပ္ရွင္ျဖစ္တဲ့ Back to Black ကိုဧၿပီလမွာ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ Back to Black ရဲ႕ ပထမဆုံး Trailer ဟာ ဇန္နဝါရီလ 11 ရက္ေန႔မွာထြက္ရွိလာခဲ့ပါၿပီ။ဒီ႐ုပ္ရွင္ကိုဒါ႐ိုက္တာ Sam Taylor Johnson က႐ိုက္ကူးထားၿပီး ေအမီဝိုင္းေဟာက္စ္အျဖစ္မင္းသမီး Marisa Abela ကသ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။ မင္းသမီး Marisa Abela ဟာ အသက္ 27 ႏွစ္ရွိၿပီျဖစ္တဲ့ ၿဗိတိန္မင္းသမီးတစ္ေယာက္ျဖစ္ၿပီး Man in the box ၊ Rogue Agent ၊ She is love နဲ႔ Barbie ႐ုပ္ရွင္ေတြမွာပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

Back to Black ဟာ ေအမီဝိုင္းေဟာက္စ္ရဲ႕ ဂီတသမိုင္း၊ ဘဝျဖတ္သန္းမႈ၊ အခ်စ္ေရး၊သူမရဲ႕ေ႐ႊေရာင္ကာလေတြ၊ မီဒီယာေတြနဲ႔ေျပာဆိုဆက္ဆံပုံ၊ အသက္ 27 ႏွစ္မွာအရက္အလြန္အကြၽံေသာက္ၿပီး ႐ုတ္တရက္ေသဆုံးခဲ့တဲ့အေၾကာင္းေတြကိုပုံေဖာ္႐ိုက္ကူးထားတာျဖစ္ပါတယ္။တစ္မူထူးျခားတဲ့ Deep Voice ေၾကာင့္နာမည္ႀကီးခဲ့တဲ့သူမဟာ 2003 ခုနစ္မွာ Frank ဆိုတဲ့ေတးအယ္လ္ဘမ္နဲ႔ပထမဆုံးနာမည္ရလာခဲ့ၿပီး 2006 ခုနစ္မွာ Back to Black အယ္လ္ဘမ္ထြက္ရွိခဲ့တာျဖစ္ပါတယ္။ Back to Black ဟာၿဗိတိန္သမိုင္းမွာအေရာင္းရဆုံးအယ္လ္ဘမ္တစ္ခ်ပ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ေအမီဝိုင္းေဟာက္စ္ဟာ 2011 ခုနစ္၊ သူမအသက္ 27 ႏွစ္အ႐ြယ္မွာမေတာ္တဆျဖစ္ၿပီးကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*