အံ့အားသင့်စရာဖြစ်ခဲ့တဲ့ Shinhwa အဖွဲ့ဝင် Eric ရဲ့ဓာတ်ပုံ

Kpop မျိုးဆက်မှာ First Generation ဖြစ်တဲ့ Shinhwa အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းနာမည်ကြီးသလိုဇာတ်လမ်းတွဲများစွာမှာသ ရုပ်ဆောင်ရင်းပိုမိုအောင်မြင်လာခဲ့တဲ့ Eric က ၂၀၂၂ မှာအေဂျင်စီနဲ့စာချုပ်ရပ်ဆိုင်းပြီး အနုပညာအလုပ်တွေရပ်နားထားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာထွက်ပေါ်လာတဲ့သူ့ရဲ့ဓာတ်ပုံကပရိသတ်တွေကို အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Eric ဟာ အကျီအမည်း၊ ဦးထုပ်အမည်းနဲ့ ကင်မရာကိုကြည့်ပြီးပြုံးပြနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပုံစံက အရင် Eric နဲ့တော်တော်လေးကွာခြားသွားတာမို့
ပရိသတ်တွေကအံဩနေခဲ့ကြတာပါ။ Eric ဟာ ၂၀၁၇ ခုနစ်က သရုပ်ဆောင်မင်းသမီး Na Hye Mi နဲ့လက်ထပ်ခဲ့ပြီး ပြီးခဲ့တဲ့မတ်လကပဲ
သားလေးတစ်ယောက်ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

Shinhwa အဖွဲ့ဝင်တွေထဲဆွဲဆောင်မှုရှိလွန်းခဲ့တဲ့ သူ့ကိုပရိသတ်တွေကအနုပညာအလုပ်တွေတစ်ဖန်ပြန်လုပ်နိုင်ဖို့မျှော်လင့်နေခဲ့ကြတယ်လို့မီဒီယာတွေကဆိုပါတယ်။ ဒါပေမဲ့လက်ရှိမှာတော့ သူဟာကျန်းမာရေးထိခိုက်နေပုံရတယ်လို့ခန့်မှန်းကြပါတယ်။သူ့ရဲ့ဓာတ်ပုံကိုမြင်ပြီးပရိသတ်တွေက “ဒါငါတို့သိခဲ့တဲ့ Eric မဟုတ်ဘူး”“သူကျန်းမာရေးကောင်းပါစေလို့ငါဆုတောင်းပါတယ်” “သူကိုယ့်ကိုယ်ကိုယ်ဂရုစိုက်သင့်တယ်”လို့မှတ်ချက်ပေးကြသလို တချို့ကလည်း “ဆယ်လီမဖြစ်ခင်က သူလည်းလူပဲလေ”“သူဝိတ်ချဖို့လိုနေတာပါ” “သူ့ကိုကြည့်ရတာသက်သောင့်သက်သာရှိပါတယ်” “သူ့ကိုကြည့်ရတာလွတ်လပ်ပါတယ်” ဆိုတဲ့ မှတ်ချက်မျိုးတွေပေးခဲ့ကြတာဖြစ်ပါတယ်။

Ju Ju

zawgyi

Kpop မ်ိဳးဆက္မွာ First Generation ျဖစ္တဲ့ Shinhwa အဖြဲ႕ရဲ႕အဖြဲ႕ဝင္တစ္ဦးအျဖစ္လည္းနာမည္ႀကီးသလိုဇာတ္လမ္းတြဲမ်ားစြာမွာသ ႐ုပ္ေဆာင္ရင္းပိုမိုေအာင္ျမင္လာခဲ့တဲ့ Eric က ၂၀၂၂ မွာေအဂ်င္စီနဲ႔စာခ်ဳပ္ရပ္ဆိုင္းၿပီး အႏုပညာအလုပ္ေတြရပ္နားထားခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာထြက္ေပၚလာတဲ့သူ႔ရဲ႕ဓာတ္ပုံကပရိသတ္ေတြကို အံ့အားသင့္စရာျဖစ္ေစခဲ့ပါတယ္။ အသက္ ၄၄ ႏွစ္ရွိၿပီျဖစ္တဲ့ Eric ဟာ အက်ီအမည္း၊ ဦးထုပ္အမည္းနဲ႔ ကင္မရာကိုၾကည့္ၿပီးၿပဳံးျပေနခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ပုံစံက အရင္ Eric နဲ႔ေတာ္ေတာ္ေလးကြာျခားသြားတာမို႔
ပရိသတ္ေတြကအံဩေနခဲ့ၾကတာပါ။ Eric ဟာ ၂၀၁၇ ခုနစ္က သ႐ုပ္ေဆာင္မင္းသမီး Na Hye Mi နဲ႔လက္ထပ္ခဲ့ၿပီး ၿပီးခဲ့တဲ့မတ္လကပဲ
သားေလးတစ္ေယာက္ဖြားျမင္ခဲ့တာျဖစ္ပါတယ္။

Shinhwa အဖြဲ႕ဝင္ေတြထဲဆြဲေဆာင္မႈရွိလြန္းခဲ့တဲ့ သူ႔ကိုပရိသတ္ေတြကအႏုပညာအလုပ္ေတြတစ္ဖန္ျပန္လုပ္ႏိုင္ဖို႔ေမွ်ာ္လင့္ေနခဲ့ၾကတယ္လို႔မီဒီယာေတြကဆိုပါတယ္။ ဒါေပမဲ့လက္ရွိမွာေတာ့ သူဟာက်န္းမာေရးထိခိုက္ေနပုံရတယ္လို႔ခန႔္မွန္းၾကပါတယ္။သူ႔ရဲ႕ဓာတ္ပုံကိုျမင္ၿပီးပရိသတ္ေတြက “ဒါငါတို႔သိခဲ့တဲ့ Eric မဟုတ္ဘူး”“သူက်န္းမာေရးေကာင္းပါေစလို႔ငါဆုေတာင္းပါတယ္” “သူကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္သင့္တယ္”လို႔မွတ္ခ်က္ေပးၾကသလို တခ်ိဳ႕ကလည္း “ဆယ္လီမျဖစ္ခင္က သူလည္းလူပဲေလ”“သူဝိတ္ခ်ဖို႔လိုေနတာပါ” “သူ႔ကိုၾကည့္ရတာသက္ေသာင့္သက္သာရွိပါတယ္” “သူ႔ကိုၾကည့္ရတာလြတ္လပ္ပါတယ္” ဆိုတဲ့ မွတ္ခ်က္မ်ိဳးေတြေပးခဲ့ၾကတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*