The Regime ဇာတ်လမ်းတွဲမှာတွေ့မြင်ရမယ့် ကိတ်ဝင်းစလက်

မင်းသမီးကြီးကိတ်ဝင်းစလက်သရုပ်ဆောင်မယ့် ဇာတ်လမ်းတွဲ The Regime ကို HBO က ၂၀၂၄ ခုနစ်အတွင်းမှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။ ကိတ်ဝင်းစလက်ဟာဒီဇာတ်လမ်းတွဲမှာဝန်ကြီးချုပ်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့အာဏာကျဆင်းလာရပြီး ဒီအတွေ့အကြုံကြောင့်ဘယ်သူ့ကိုမှမယုံကြည်နိုင်သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမယုံကြည်တဲ့
တစ်ဦးတည်းသောသူဟာ သူ့ကိုယ်သူမည်သူမည်ဝါမှန်းမသိတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။

Trailer ထဲမှာသူက “မင်းက ဘယ်သူမှဟုတ်မနေလို့ဒီမှာရှိနေရတာ။ မင်းဟာဘယ်သူမှမဟုတ်ဘူး၊အဲဒါကြောင့်မင်းကို ငါယုံကြည်တာ”ဆိုတဲ့စကားကိုသူနဲ့အနီးကပ်ရှိနေတဲ့စစ်သားကိုပြောနေတာဖြစ်ပါတယ်။ ဒီစီးရီးမှာ သူမရဲ့ဒေါသကြီးပြီးမာထန်တဲ့ဟန်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Episode ၆ ခုပါမယ့်ဒီဇာတ်လမ်းတွဲကို Will Tracy ကရေးသားတာဖြစ်ပြီး ဒါရိုက်တာကတော့ Stephen Frears နဲ့ Jessica Hobbs ဖြစ်ပါတယ်။ ဒီစီးရီးဟာခေတ်သစ်ဥရောပအစိုးရရဲ့တစ်စစပျက်စီးမှုတစ်နှစ်တာကာလကို ဖော်ပြရိုက်ကူးထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ ကိတ်ဝင်းစလက်နဲ့အတူ သရုပ်ဆောင် Guillaume Gallienne ၊ Andrea Riseborough ၊ Martha Plimpton နဲ့ Hugh Grant တို့ပါဝင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကို HBO ကနေ ၂၀၂၄ ခုနစ်၊ မတ်လ ၃ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

မင္းသမီးႀကီးကိတ္ဝင္းစလက္သ႐ုပ္ေဆာင္မယ့္ ဇာတ္လမ္းတြဲ The Regime ကို HBO က ၂၀၂၄ ခုနစ္အတြင္းမွာ ထုတ္လႊင့္ျပသမယ္လို႔သိရပါတယ္။ ကိတ္ဝင္းစလက္ဟာဒီဇာတ္လမ္းတြဲမွာဝန္ႀကီးခ်ဳပ္အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။သူ႔ရဲ႕လုပ္ပိုင္ခြင့္နဲ႔အာဏာက်ဆင္းလာရၿပီး ဒီအေတြ႕အႀကဳံေၾကာင့္ဘယ္သူ႔ကိုမွမယုံၾကည္ႏိုင္သူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။ သူမယုံၾကည္တဲ့
တစ္ဦးတည္းေသာသူဟာ သူ႔ကိုယ္သူမည္သူမည္ဝါမွန္းမသိတဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္ပါတယ္။

Trailer ထဲမွာသူက “မင္းက ဘယ္သူမွဟုတ္မေနလို႔ဒီမွာရွိေနရတာ။ မင္းဟာဘယ္သူမွမဟုတ္ဘူး၊အဲဒါေၾကာင့္မင္းကို ငါယုံၾကည္တာ”ဆိုတဲ့စကားကိုသူနဲ႔အနီးကပ္ရွိေနတဲ့စစ္သားကိုေျပာေနတာျဖစ္ပါတယ္။ ဒီစီးရီးမွာ သူမရဲ႕ေဒါသႀကီးၿပီးမာထန္တဲ့ဟန္ကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။ Episode ၆ ခုပါမယ့္ဒီဇာတ္လမ္းတြဲကို Will Tracy ကေရးသားတာျဖစ္ၿပီး ဒါ႐ိုက္တာကေတာ့ Stephen Frears နဲ႔ Jessica Hobbs ျဖစ္ပါတယ္။ ဒီစီးရီးဟာေခတ္သစ္ဥေရာပအစိုးရရဲ႕တစ္စစပ်က္စီးမႈတစ္ႏွစ္တာကာလကို ေဖာ္ျပ႐ိုက္ကူးထားတာျဖစ္ပါတယ္။သ႐ုပ္ေဆာင္ေတြအေနနဲ႔ ကိတ္ဝင္းစလက္နဲ႔အတူ သ႐ုပ္ေဆာင္ Guillaume Gallienne ၊ Andrea Riseborough ၊ Martha Plimpton နဲ႔ Hugh Grant တို႔ပါဝင္မွာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲကို HBO ကေန ၂၀၂၄ ခုနစ္၊ မတ္လ ၃ ရက္ေန႔မွာ စတင္ျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*