၂၀၂၄ မှာ HR Leader တွေသတိပြုရမယ့် Trend 3 မျိုး

မကြာခင်မှာ ၂၀၂၃ ကုန်ဆုံးတော့မှာဖြစ်တဲ့အပြင် အလုပ်လုပ်နေသူတိုင်းဟာ ၂၀၂၄ အတွက် Career Goal ချမှတ်တာ၊ အလုပ်အပြောင်း အလဲလုပ်တာ၊ Career အပြောင်းအလဲလုပ်တာ၊တိုးတက်မယ့်အခွင့်အလမ်းရှာဖွေတာစတဲ့အရာတွေကို စဉ်းစားလုပ်ဆောင်နေကြမှာပဲဖြစ်ပါတယ်။လုပ်ငန်းတစ်ခုရဲ့အရေးအကြီးဆုံးအရာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ HR ဟာလည်း ၂၀၂၄ ခုနစ်အတွက် ပြင်ဆင်မှုတွေလုပ်နေကြမှာဖြစ်သလိုခေတ်ရေစီးကိုမျက်ခြည်မပြတ်ရှိနေကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ပညာရှင်တွေကအကြံပြုထားတဲ့ ‘HR တွေသိထားသင့်တဲ့ ၂၀၂၄ ခုနစ်အတွက် Trend ၃ မျိုး’ ကိုမျှဝေပေးလိုက်ပါတယ်။

ကျွမ်းကျင်မှုကိုပျိုးထောင်ခြင်း
ပထမဆုံးတစ်ချက်ကတော့ Talent ကိုပျိုးထောင်ခြင်းပါ။ Training နဲ့ Development တွေဟာ ဘယ် Level ကဝန်ထမ်းတွေအတွက်ပဲဖြစ်ဖြစ်လိုအပ်ပါတယ်။ ဝန်ထမ်းတွေတိုင်းဟာသူတို့ကိုမှတ်ချက်ပေးတာ၊ တိုးတက်မယ့်အခွင့်အလမ်းတွေဖန်တီးပေးတာနဲ့ ခေါင်းဆောင်ပိုင်းရဲ့ပံ့ပိုးမှုတွေကို သဘောကျကြပါတယ်။ တော်တဲ့သူကိုတော်သလို ဆုချီးမြှင့်တာ၊ အလုပ်နဲ့ပတ်သက်ပြီးအကြံဉာဏ်ပေးတာ၊ အားပေးတာမျိုးတွေကို ပုံမှန်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ ၂၀၂၄ မှာလုပ်ငန်းတော်တော်များများဟာ Development Program တွေစီစဉ်တာ၊ Coach တွေငှားရမ်းပြီး Training ပေးတာမျိုးကိုပိုမိုလုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။

ပျော်စရာလုပ်ငန်းခွင်
ဒုတိယတစ်ချက်ကတော့ နေပျော်စရာလုပ်ငန်းခွင်လေးဖန်တီးခြင်းပါ။ လုပ်ငန်းခွင်ဟာပျင်းရိစရာဖြစ်မနေဘဲ ဝန်ထမ်းတွေအတွက်နားနေစရာနေရာ၊ ဝန်ထမ်းတွေရဲ့ဖန်တီးနိုင်စွမ်းကိုထောက်ပံ့ပေးတဲ့နေရာဖြစ်ဖို့လိုပါတယ်။ညှိနှိုင်းလို့ရတဲ့အလုပ်ချိန်နဲ့ Work from home လုပ် ကိုင်နိုင်မှု၊ အလုပ်ပြီးမြောက်မှုကိုဦးစားပေးခြင်း၊Virtual Meeting စတာတွေက ဆက်လက်ခေတ်စားနေဦးမှာပဲဖြစ်ပါတယ်။ ၂၀၂၄ မှာလည်း လူတွေဟာ work-life balance ဖြစ်မှုကိုပိုပြီးအလေးထားလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Marketing နဲ့ PR
ကိုယ့်ကုမ္ပဏီနဲ့ အလုပ်ရှင်ရဲ့ Brand တည်ဆောက်ဖို့က Marketing ရဲ့တာဝန်လို့ ယူဆနေရင်ဒီအချက်ကိုပြင်ဆင်လိုက်ပါလို့ ပညာရှင်တွေက အကြံပြုထားကြပါတယ်။ HR ဟာ ကုမ္ပဏီရဲ့ Brand တည်ဆောက်ခြင်းနဲ့ Talent Management မှာအထူးအရေးပါပါတယ်။
ဝန်ထမ်းတစ်ယောက်ကြောင့်ရရှိလိုက်တဲ့ Negative Review ဟာလုပ်ငန်းတစ်ခုလုံးကိုထိခိုက်စေနိုင်တယ်ဆိုတာ အမြဲတမ်းသတိချပ်ထားဖို့လိုပြီး HR ဟာ PR ၊ Marketing တွေနဲ့အမြဲတမ်းအချိတ်အဆက်မိနေဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ စည်းကမ်းတွေ၊အ လုပ်လုပ်ပုံတွေ၊ ဆုံးဖြတ်ချက်တွေက လုပ်ငန်းကောင်းတစ်ခု၊ လုပ်ငန်းရှင်ကောင်းတစ်ယောက်အဖြစ်ဖြစ်တည်လာစေနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ မေ့မထားသင့်တဲ့ AI ပဲဖြစ်ပါတယ်။ 2024 မှာ AI ရဲ့အခန်းကဏ္ဍကိုလည်းချန်ခဲ့လို့မရပါဘူး။ AI ကအချိန် ကုန်သက်သာစေတယ်၊ငွေကြေးကုန်ကျမှုသက်သာစေတယ်၊ ပိုပြီးအလုပ်တွင်တယ်၊သက်ရှိဝန်ထမ်းနေရာမှာအစားထိုးနိုင်တယ်ဆိုတာကို HR တွေကသတိပြုဖို့လိုတယ်လို့ပညာရှင်တွေကအကြံပြုထားကြပါတယ်။

Ju Ju

zawgyi

မၾကာခင္မွာ ၂၀၂၃ ကုန္ဆုံးေတာ့မွာျဖစ္တဲ့အျပင္ အလုပ္လုပ္ေနသူတိုင္းဟာ ၂၀၂၄ အတြက္ Career Goal ခ်မွတ္တာ၊ အလုပ္အေျပာင္း အလဲလုပ္တာ၊ Career အေျပာင္းအလဲလုပ္တာ၊တိုးတက္မယ့္အခြင့္အလမ္းရွာေဖြတာစတဲ့အရာေတြကို စဥ္းစားလုပ္ေဆာင္ေနၾကမွာပဲျဖစ္ပါတယ္။လုပ္ငန္းတစ္ခုရဲ႕အေရးအႀကီးဆုံးအရာေတြထဲမွာတစ္ခုအပါအဝင္ျဖစ္တဲ့ HR ဟာလည္း ၂၀၂၄ ခုနစ္အတြက္ ျပင္ဆင္မႈေတြလုပ္ေနၾကမွာျဖစ္သလိုေခတ္ေရစီးကိုမ်က္ျခည္မျပတ္ရွိေနၾကမွာလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္း ပညာရွင္ေတြကအႀကံျပဳထားတဲ့ ‘HR ေတြသိထားသင့္တဲ့ ၂၀၂၄ ခုနစ္အတြက္ Trend ၃ မ်ိဳး’ ကိုမွ်ေဝေပးလိုက္ပါတယ္။

ကြၽမ္းက်င္မႈကိုပ်ိဳးေထာင္ျခင္း
ပထမဆုံးတစ္ခ်က္ကေတာ့ Talent ကိုပ်ိဳးေထာင္ျခင္းပါ။ Training နဲ႔ Development ေတြဟာ ဘယ္ Level ကဝန္ထမ္းေတြအတြက္ပဲျဖစ္ျဖစ္လိုအပ္ပါတယ္။ ဝန္ထမ္းေတြတိုင္းဟာသူတို႔ကိုမွတ္ခ်က္ေပးတာ၊ တိုးတက္မယ့္အခြင့္အလမ္းေတြဖန္တီးေပးတာနဲ႔ ေခါင္းေဆာင္ပိုင္းရဲ႕ပံ့ပိုးမႈေတြကို သေဘာက်ၾကပါတယ္။ ေတာ္တဲ့သူကိုေတာ္သလို ဆုခ်ီးျမႇင့္တာ၊ အလုပ္နဲ႔ပတ္သက္ၿပီးအႀကံဉာဏ္ေပးတာ၊ အားေပးတာမ်ိဳးေတြကို ပုံမွန္လုပ္ေဆာင္သြားဖို႔လိုအပ္ပါတယ္။ ၂၀၂၄ မွာလုပ္ငန္းေတာ္ေတာ္မ်ားမ်ားဟာ Development Program ေတြစီစဥ္တာ၊ Coach ေတြငွားရမ္းၿပီး Training ေပးတာမ်ိဳးကိုပိုမိုလုပ္ေဆာင္ႏိုင္ဖြယ္ရွိတယ္လို႔ ပညာရွင္ေတြကခန႔္မွန္းထားၾကပါတယ္။

ေပ်ာ္စရာလုပ္ငန္းခြင္
ဒုတိယတစ္ခ်က္ကေတာ့ ေနေပ်ာ္စရာလုပ္ငန္းခြင္ေလးဖန္တီးျခင္းပါ။ လုပ္ငန္းခြင္ဟာပ်င္းရိစရာျဖစ္မေနဘဲ ဝန္ထမ္းေတြအတြက္နားေနစရာေနရာ၊ ဝန္ထမ္းေတြရဲ႕ဖန္တီးႏိုင္စြမ္းကိုေထာက္ပံ့ေပးတဲ့ေနရာျဖစ္ဖို႔လိုပါတယ္။ညႇိႏႈိင္းလို႔ရတဲ့အလုပ္ခ်ိန္နဲ႔ Work from home လုပ္ ကိုင္ႏိုင္မႈ၊ အလုပ္ၿပီးေျမာက္မႈကိုဦးစားေပးျခင္း၊Virtual Meeting စတာေတြက ဆက္လက္ေခတ္စားေနဦးမွာပဲျဖစ္ပါတယ္။ ၂၀၂၄ မွာလည္း လူေတြဟာ work-life balance ျဖစ္မႈကိုပိုၿပီးအေလးထားလာႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Marketing နဲ႔ PR
ကိုယ့္ကုမၸဏီနဲ႔ အလုပ္ရွင္ရဲ႕ Brand တည္ေဆာက္ဖို႔က Marketing ရဲ႕တာဝန္လို႔ ယူဆေနရင္ဒီအခ်က္ကိုျပင္ဆင္လိုက္ပါလို႔ ပညာရွင္ေတြက အႀကံျပဳထားၾကပါတယ္။ HR ဟာ ကုမၸဏီရဲ႕ Brand တည္ေဆာက္ျခင္းနဲ႔ Talent Management မွာအထူးအေရးပါပါတယ္။
ဝန္ထမ္းတစ္ေယာက္ေၾကာင့္ရရွိလိုက္တဲ့ Negative Review ဟာလုပ္ငန္းတစ္ခုလုံးကိုထိခိုက္ေစႏိုင္တယ္ဆိုတာ အၿမဲတမ္းသတိခ်ပ္ထားဖို႔လိုၿပီး HR ဟာ PR ၊ Marketing ေတြနဲ႔အၿမဲတမ္းအခ်ိတ္အဆက္မိေနဖို႔လိုပါတယ္။ ပြင့္လင္းျမင္သာမႈရွိတဲ့ စည္းကမ္းေတြ၊အ လုပ္လုပ္ပုံေတြ၊ ဆုံးျဖတ္ခ်က္ေတြက လုပ္ငန္းေကာင္းတစ္ခု၊ လုပ္ငန္းရွင္ေကာင္းတစ္ေယာက္အျဖစ္ျဖစ္တည္လာေစႏိုင္ပါတယ္။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ ေမ့မထားသင့္တဲ့ AI ပဲျဖစ္ပါတယ္။ 2024 မွာ AI ရဲ႕အခန္းက႑ကိုလည္းခ်န္ခဲ့လို႔မရပါဘူး။ AI ကအခ်ိန္ ကုန္သက္သာေစတယ္၊ေငြေၾကးကုန္က်မႈသက္သာေစတယ္၊ ပိုၿပီးအလုပ္တြင္တယ္၊သက္ရွိဝန္ထမ္းေနရာမွာအစားထိုးႏိုင္တယ္ဆိုတာကို HR ေတြကသတိျပဳဖို႔လိုတယ္လို႔ပညာရွင္ေတြကအႀကံျပဳထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*