Doona ဇာတ်လမ်းတွဲထဲကဝန်ဂျွန်းကိုချစ်တယ်ဆိုရင်ထပ်ကြည့်သင့်တဲ့ဇာတ်ကားများ

Doona ဇာတ်လမ်းတွဲထဲမှာ Bae Suzy နဲ့တွဲဖက်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုပိုပြီးရရှိလာသူကတော့သရုပ် ဆောင်ရန်ဆယ်ဂျောင်ပဲဖြစ်ပါတယ်။မမနဲ့မောင်လေးတို့ရဲ့အချစ်၊အလွမ်းမှာပျော်ဝင်ခံစားရင်း သရုပ်ဆောင်ရန်ဆယ်ဂျောင်ရဲ့သရုပ်ဆောင်မှုတွေကိုထပ်ပြီး အားပေးချင်တယ်ဆိုရင်တော့သူ့ရဲ့ကြည့်သင့်တဲ့ဇာတ်ကားလေးတွေရှိပါတယ်။အဲဒါတွေကတော့ Dr. Romantic ၊ Degree of love ၊ My Country: The New Age နဲ့ 30 But 17 တို့ပဲဖြစ်ပါတယ်။ Dr. Romantic ကတော့ ရန်ဆယ်ဂျောင်ရဲ့ပွဲဦးထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားမှာသူ့အနေနဲ့ဇာတ်ပို့အဖြစ်ပဲပါဝင်ရပေမယ့် သူ့ရဲ့သရုပ်ဆောင်မှုတွေပီပြင်တာကိုတွေ့မြင်ရမှာပါ။အထူး သဖြင့် Season 2 မှာနေရာပိုရလာပြီး အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနစ်ကထွက်ရှိခဲ့တဲ့ Degree of love ဇာတ်လမ်းတွဲကလည်း မမနဲ့မောင်လေးအချစ်ဇာတ်လမ်းလေးပါပဲ။ဒီဇာတ်လမ်းတွဲနဲ့သူက Best New Actor ဆုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ My Country: The New Age ဟာခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်ရတဲ့သူ့ရဲ့ဒုတိယမြောက်သမိုင်းနောက်ခံဇာတ်ကားဖြစ်ပါတယ်။ ရန်ဆယ်ဂျောင်ကိုအောင်မြင်မှုအကြီးကြီးရစေခဲ့တဲ့ဇာတ်လမ်းတွဲထဲမှာ 30 But 17 လည်းပါဝင်ပါတယ်။ ဝမ်းနည်းရသလိုရယ်မောစရာတွေလည်းပါတဲ့ဒီဇာတ်လမ်းတွဲကိုရန်ဆယ်ဂျောင်ရဲ့ပရိသတ်တွေတိုင်းမဖြစ်မနေကြည့်သင့်ပါတယ်။

Ju Ju

zawgyi

Doona ဇာတ္လမ္းတြဲထဲမွာ Bae Suzy နဲ႔တြဲဖက္သ႐ုပ္ေဆာင္ရင္းပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုပိုၿပီးရရွိလာသူကေတာ့သ႐ုပ္ ေဆာင္ရန္ဆယ္ေဂ်ာင္ပဲျဖစ္ပါတယ္။မမနဲ႔ေမာင္ေလးတို႔ရဲ႕အခ်စ္၊အလြမ္းမွာေပ်ာ္ဝင္ခံစားရင္း သ႐ုပ္ေဆာင္ရန္ဆယ္ေဂ်ာင္ရဲ႕သ႐ုပ္ေဆာင္မႈေတြကိုထပ္ၿပီး အားေပးခ်င္တယ္ဆိုရင္ေတာ့သူ႔ရဲ႕ၾကည့္သင့္တဲ့ဇာတ္ကားေလးေတြရွိပါတယ္။အဲဒါေတြကေတာ့ Dr. Romantic ၊ Degree of love ၊ My Country: The New Age နဲ႔ 30 But 17 တို႔ပဲျဖစ္ပါတယ္။ Dr. Romantic ကေတာ့ ရန္ဆယ္ေဂ်ာင္ရဲ႕ပြဲဦးထြက္ဇာတ္ကားပဲျဖစ္ပါတယ္။ ဒီကားမွာသူ႔အေနနဲ႔ဇာတ္ပို႔အျဖစ္ပဲပါဝင္ရေပမယ့္ သူ႔ရဲ႕သ႐ုပ္ေဆာင္မႈေတြပီျပင္တာကိုေတြ႕ျမင္ရမွာပါ။အထူး သျဖင့္ Season 2 မွာေနရာပိုရလာၿပီး ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုနစ္ကထြက္ရွိခဲ့တဲ့ Degree of love ဇာတ္လမ္းတြဲကလည္း မမနဲ႔ေမာင္ေလးအခ်စ္ဇာတ္လမ္းေလးပါပဲ။ဒီဇာတ္လမ္းတြဲနဲ႔သူက Best New Actor ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ My Country: The New Age ဟာေခါင္းေဆာင္မင္းသားအေနနဲ႔ပါဝင္ရတဲ့သူ႔ရဲ႕ဒုတိယေျမာက္သမိုင္းေနာက္ခံဇာတ္ကားျဖစ္ပါတယ္။ ရန္ဆယ္ေဂ်ာင္ကိုေအာင္ျမင္မႈအႀကီးႀကီးရေစခဲ့တဲ့ဇာတ္လမ္းတြဲထဲမွာ 30 But 17 လည္းပါဝင္ပါတယ္။ ဝမ္းနည္းရသလိုရယ္ေမာစရာေတြလည္းပါတဲ့ဒီဇာတ္လမ္းတြဲကိုရန္ဆယ္ေဂ်ာင္ရဲ႕ပရိသတ္ေတြတိုင္းမျဖစ္မေနၾကည့္သင့္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*