ရောဘတ်ပတ်တင်ဆန်နဲ့ရတဲ့ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ ဆူကီ
မင်းသားရောဘတ်ပတ်တင်ဆန်နဲ့ သူ့ရဲ့ချစ်သူဆူကီဝါးတားဟောက်စ်တို့ဟာရင်သွေးလေးပိုင်ဆိုင်ထားနိုင်ပြီလို့သိရပါတယ်။ ဒီသတင်းကို ဆူကီက မက္ကဆီကိုမှာပြုလုပ်တဲ့ Corona Capital Music Festival ကိုတက်ရောက်ချိန်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။Daisy Jones and The Six ရဲ့မင်းသမီး ဆူကီဟာ သရုပ်ဆောင်အလုပ်အပြင် တေးရေး၊တေးဆိုနဲ့မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။ ဆူကီနဲ့ရောဘတ်ချစ်သူဖြစ်နေခဲ့တာ ၅ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ သူတို့နှစ်ဦိးဟာ ၂၀၂၂ခုနစ်၊ ဒီဇင်ဘာလကျမှ […]