နှစ်ဦးအလှူအဖြစ် ဒေါ်လာ ၅ သိန်းလှူဒါန်းခဲ့တဲ့ IU
IU ဟာ နှစ်သစ်အစမှာတင် ငွေကြေးလိုအပ်တဲ့နေရာမျိုးစုံကိုလှူဒါန်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅သိန်းသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ကလေးငယ်များစောင့်ရှောက်ရေးနဲ့ Single Motherတွေအတွက်သာမက မသန်စွမ်းကျောင်းတွေကိုပါလှူဒါန်းခဲ့တာပါ။ ဒါအပြင်သက်ကြီးရွယ်အိုတွေဆောင်းရာသီတစ်လျှောက်လုံးနွေးနွေးထွေးထွေးနေနိုင်ဖို့အပူပေးစနစ်အတွက်ဆီကိုလည်းလှူဒါန်းခဲ့တယ်လို့ SNS မှာဖော်ပြထားပါတယ်။“နှစ်သစ်တစ်ခုကိုတော့ရောက်လာပြန်ပြီ။ ကျွန်မတို့တွေ ၃၆၅ ရက်လုံးပျော်နေနိုင်ဖို့ဆိုတာကတော့မလွယ်ပါဘူးနော်။ ဒါပေမဲ့ ဝမ်းနည်းရတဲ့ရက်ထက် ပျော်ရွှင်ရတဲ့ရက်တွေကပိုများစေဖို့မျှော်လင့်ပါတယ်။ အားလုံးကျန်းကျန်းမာမာနေကြပါနော်” လို့သူမက ပြောခဲ့ပါတယ်။ကိုရီးယားအနုပညာရှင်တွေထဲမှာ IU […]