ဂုဏ်သတင်းကျော်ကြားမှုအဆင့်နံပါတ် ၁ မှာရပ်တည်နေတဲ့ New Jeans

October 10, 2023 Aung Khant Mon 0

၂၀၂၃ ခုနစ်၊ အောက်တိုဘာလအတွင်းလုပ်ဆောင်ခဲ့တဲ့ big data analysis အရ New Jeans အဖွဲ့ဟာနာမည်ဂုဏ်သတင်းကျော်ကြားမှုအဆင့်နံပါတ် ၁ အဖြစ်ရပ်တည်နေတယ်လို့ကိုရီးယားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ Korea Corporate Reputation Research Institute က စက်တင်ဘာလ ၉ ရက်နေ့ကနေအောက်တိုဘာလ ၉ ရက်နေ့အထိကိုရီးယား Girl […]

မိခင်ဘဝမှာအေးအေးဆေးဆေးပျော်ရွှင်နေတဲ့ ပဲရစ်ဟီလ်တန်

October 10, 2023 Aung Khant Mon 0

ပဲရစ်ဟီလ်တန်ဟာ ဟီလ်တန်ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ကွန်းရတ်ဟီလ်တန်ရဲ့မြစ်ဖြစ်တဲ့အပြင်လှပတဲ့သွင်ပြင်နဲ့အများအားကျစရသုံးဖြုန်းနိုင်မှုတွေကြောင့်ပေါ်ပြူလာဖြစ်ခဲ့သူပါ။စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ အဆိုတော်အနေနဲ့လည်းသူမကိုလူတွေကသိထားကြပါတယ်။အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့သူမဟာ လက်ရှိမှာတော့မိခင်တစ်ယောက်အဖြစ်နဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေပြီး ပျော်ရွှင်နေတယ်လို့ ENews ကိုဖွင့်ဟခဲ့ပါတယ်။ ၂၀၂၃ ခုနစ်နှစ်စပိုင်းမှာသားဖြစ်သူဖီးနစ်ကိုမွေးဖွားခဲ့ပြီး နောက်ထပ်ကလေးထပ်ယူဖို့အစီအစဉ်ရှိ၊မရှိကိုသူမကပြောပြခဲ့ပါတယ်။“ကျွန်မသမီးလေးတစ်ယောက်ထပ်လိုချင်ပါသေးတယ်။ မင်းသမီးလေးတစ်ပါးလိုချင်တဲ့အကြောင်းကျွန်မတို့တစ်ချိန်လုံးပြောဖြစ်ကြပါတယ်။ အခုသားလေးကလည်း ကျွန်မရဲ့ကမ္ဘာတစ်ခုပါ။သူကကျွန်မကိုပြည့်စုံစေတယ်။ ခင်ပွန်းကလည်း တကယ်ကိုကြင်နာတတ်ပြီးသစ္စာရှိသူမို့ကျွန်မအရမ်းပျော်ရွှင်ရပါတယ်” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ပဲရစ်ဟီလ်တန်ဟာလက်ရှိမှာ ပန်းရောင်အဆင်အသွေးနဲ့အသည်းပုံရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကိုထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ “ကျွန်မက […]

ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာ ယုံကြည်မှုရှိရှိဖြတ်သန်းနိုင်စေဖို့

October 10, 2023 Aung Khant Mon 0

ဘယ်သူမဆိုအလုပ်အသစ်မှာပထမဆုံးအလုပ်စဆင်းရပြီဆိုရင်စိတ်လှုပ်ရှားမှုအနည်းနဲ့အများရှိတတ်ကြပါတယ်။ အားလုံးကကိုယ့်ကိုနွေးနွေးထွေးထွေးကြိုဆိုပါ့မလား၊ကိုယ့်ကြောင့်အနှောင့်အယှက်ဖြစ်တာမျိုးရှိနိုင်လား၊ ဘာတွေကိုစပြီးလုပ်ရမလဲစတဲ့အတွေးတွေကြီးစိုးနေတတ်ပါတယ်။ဒီလိုစိတ်ဖိစီးမှု၊စိတ်လှုပ်ရှားမှုတွေကိုသက်သာစေဖို့ လုပ်ကိုလုပ်သင့်တဲ့အချက်လေးတွေရှိပါတယ်။ဒါလေးတွေကိုမှတ် သားပြီးလိုက်လုပ်မယ်ဆိုရင် အလုပ်ရဲ့ပထမဆုံးနေ့မှာကိုယ်ဟာယုံကြည်မှုရှိရှိနဲ့အဆင်ပြေပြေဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်ဒီကုမ္ပဏီကိုရောက်နေတာလဲပြန်တွေးကြည့်ပါ ကိုယ်ကအလုပ်အသစ်အတွက်စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုကိုခံစားနေရတယ်ဆိုရင်ငါဘာကြောင့်ဒီအလုပ်ကိုရခဲ့တာလဲ၊ ငါဘာလို့ဒီကုမ္ပဏီကိုရောက်နေတာလဲဆိုတာကိုပြန်တွေးကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ သင်ကတခြားသူတွေထက်ပိုသင့်တော်လို့သာလူတွေအများကြီးထဲကနေသင့်ကိုရွေးချယ်ခဲ့တာပါ။ အဲဒါကြောင့် စိတ်ဖိစီးနေဖို့မလိုပါဘူး။အလုပ်ရှင်ကလည်းကိုယ့်ကို အောင်မြင်တာပဲမြင်ချင်တာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ပါ အလုပ်စဝင်ရမယ့်ပထမဆုံးရက်အတွက်တော့ အားလုံးလိုလိုကကြိုတင်ပြင်ဆင်လေ့ရှိကြပါတယ်။ဝတ်မယ့်ဝတ်စုံပြင်ဆင်တာ၊ နာရီကိုနှိုးစက်ပေးတာ၊ စားစရာတစ်ခုခုထည့်ဖို့ပြင်ဆင်တာ ၊အိမ်ကနေအချိန်စောထွက်တာ စသဖြင့်ကြိုတင်ပြင်ဆင်မှုတွေ လုပ်လေ့ရှိကြပါတယ်။ဒါတွေကကောင်းတဲ့အချက်တွေပါ။ တချို့ကျတော့လည်းအလုပ်ရလို့သူငယ်ချင်းတွေနဲ့ဂုဏ်ပြုပွဲလုပ်ရင်း အိပ်ချိန်နောက်ကျတာ၊ […]

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကြောင့် ဖျော်ဖြေပွဲဖျက်လိုက်တဲ့ ဘရူနိုမားစ်

October 9, 2023 Aung Khant Mon 0

အစ္စရေးမှာပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ ဘရူနိုမားစ်ရဲ့ဖျော်ဖြေပွဲကို အခုဖြစ်ပေါ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကြောင့်ဖျက်သိမ်းလိုက်ရပါတယ်။သူဟာ အောက်တိုဘာ ၄ ရက်နေ့ကပထမဆုံး Concert ကိုကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့ကပွဲကိုတော့ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ဘရူနိုမားစ်ရဲ့ဖျော်ဖြေပွဲကို Tel Aviv မြို့ရဲ့ HaYarkon ဥယျာဉ်မှာကျင်းပခဲ့ပြီး ဒုတိယပွဲအတွက်လူ ၆‌ သောင်းကျော်ကိုလက်မှတ်တွေရောင်းချပြီးခဲ့ပါပြီ။ ဒါတွေအားလုံးအတွက်ငွေပြန်အမ်းပေးမှာဖြစ်တယ်လို့ Live Nation Israel ကကြေညာခဲ့ပါတယ်။အောက်တိုဘာ ၄ ရက်နေ့ကပွဲစဉ်မှာတော့ […]

ဝိတ်ကျပြီးအပြောင်းလဲကြီးပြောင်းလဲသွားတဲ့ Park Bom (2NE1)

October 9, 2023 Aung Khant Mon 0

ကေပေါ့ပ်ချစ်တဲ့မြန်မာပရိသတ်တွေကြား မသိသူမရှိအောင်ကျော်ကြားခဲ့ဖူးတဲ့အဖွဲ့ထဲမှာ 2NE1 ပါဝင်ပါတယ်။ I am the best ၊ Fire စတဲ့သီချင်းတွေနဲ့ ကမ္ဘာအနှံ့ကကေပေါ့ပ်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ပါ။ 2NE1 အဖွဲ့ကို ၂၀၁၆ ခုနစ်မှာရုတ်သိမ်းခဲ့ပြီးအဖွဲ့ဝင်တွေဟာလည်း တစ်ယောက်တစ်လမ်းစီလျှောက်လှမ်းခဲ့ကြတာပါ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Park Bomကတော့ သူမခံစားနေရတဲ့ Disorder တချို့ကြောင့်ကိုယ်အလေးချိန်သိသိသာသာတက်လာခဲ့ပြီးစကားပြောဆိုရာမှာလည်းအရင်နဲ့မတူတာကိုတွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ပရိသတ်တွေကတော့သူမကိုချစ်ခင်ပြီးအားပေးနေဆဲဖြစ်ပါတယ်။ […]

အလုပ်ကိစ္စအီးမေးလ်ပို့တဲ့အခါရှောင်သင့်တဲ့အသုံးအနှုန်း ၅ မျိုး

October 9, 2023 Aung Khant Mon 0

ဒီဘက်ခေတ်လုပ်ငန်းခွင်မှာ အီးမေးလ်ကိုမဖြစ်မနေအသုံးပြုနေကြရပါတယ်။ကိုယ်ကတစ်ဖက်လူနဲ့မျက်နှာချင်းဆိုင်စကားမပြောရတဲ့အခါ ကိုယ်ရေးလိုက်တဲ့စာလုံးတွေကနေတဆင့်စိတ်ကိုဖော်ပြကြရပါတယ်။ ကိုယ့်ရဲ့အသံအနေအထားနဲ့ကိုယ်အမူအရာကို မတွေ့မြင်ရတဲ့အချိန်ကိုယ်ရေးလိုက်တဲ့စကားအသုံးအနှုန်းတွေကိုကြည့်ပြီးနား လည်မှုလွဲတာလေးတွေဖြစ်တတ်ကြတာသဘာဝပါ။တချို့အသုံးအနှုန်းတွေကို ကိုယ်ကမရည်ရွယ်ဘဲသုံးလိုက်မိပေမယ့်တစ်ဖက်လူကဘာသာပြန်တာမှားယွင်းသွားနိုင်ပါတယ်။အဲဒီစကားအသုံးအနှုန်းတွေက ဘာတွေဖြစ်မလဲ။ကိုယ်ကရော ဒီစကားစုတွေကိုအီးမေးလ်ထဲမှာထည့်ရေးမိနေလားဆိုတာ ဆန်းစစ်ကြည့်ပါဦးနော်။ Per My Last Email ဒီလိုအသုံးအနှုန်းကို သုံးမိနေတယ်ဆိုရင်မြန်မြန်လေးပြင်ဆင်လိုက်တာအကောင်းဆုံးပါပဲ။ဘာကြောင့်လဲဆိုတော့ per my last email လို့သုံးတာက ရန်လိုသလိုဖြစ်စေလို့ပါ။ ဟေး ဒါကငါနောက်ဆုံးပို့ခဲ့တဲ့အီးမေးလ်ကိုပြောချင်တာ၊ ငါ့ဆီကိုမေးလ်ထပ်မပို့ခင်ငါပို့ထားတဲ့နောက်ဆုံးမေးလ်ကိုနှစ်ခါပြန်ကြည့်ဆိုတဲ့ […]

မတူညီတဲ့ Corporate Culture ၄ မျိုးထဲကကိုယ်နဲ့ဘယ်ဟာသင့်တော်မလဲ

October 8, 2023 Aung Khant Mon 0

Corporate Culture ရဲ့အနှစ်သာရကိုပြောရရင် ဝန်ထမ်းတွေဟာ အယူအဆ၊ အမြင်၊ တန်ဖိုးထားမှု၊ခံယူချက်နဲ့လုပ်ဆောင်နိုင်စွမ်းတွေတူညီကြပါတယ်။ အလုပ်ခွင်တစ်ခုလုံးကိုပုံဖော်နေတဲ့အဓိကကျတဲ့နေရာကနေပါဝင်ပြီး ဝန်ထမ်းတွေရဲ့အလုပ်လုပ်ပုံ၊ဆုံးဖြတ်ချက်ချပုံတွေအပေါ်ကိုလည်းလွှမ်းမိုးပါတယ်။ ဝန်ထမ်းတွေရဲ့အလုပ်အပေါ်စိတ်ကျေနပ်မှု၊လုပ်ဆောင်နိုင်စွမ်းနဲ့ ကုမ္ပဏီရဲ့အောင်မြင်မှုအထိအကျိုးသက်ရောက်မှုရှိစေပါတယ်။ယေဘုယျခွဲခြားကြည့်ရင် Corporate Culture ၄ မျိုးရှိပါတယ်။ အဲဒီ ၄ မျိုးကဘာတွေလဲ။ ကိုယ့်ရဲ့ Personality နဲ့အစွမ်းအစတွေက ဘယ်လိုကုမ္ပဏီအမျိုးအစားနဲ့သင့်တော်ပြီး အလုပ်မှာပျော်ပိုက်စေမလဲ၊ကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီဟာ ဘယ်လိုပုံစံထဲပါဝင်နေလဲဆိုတာ အောက်မှာဖော်ပြထားတဲ့အတိုင်းခွဲခြားကြည့်နိုင်ပါတယ်။ […]

သားဖြစ်သူပါဝင်ထားတဲ့ ဒရိတ်ခ်ရဲ့ MV အသစ်

October 6, 2023 Aung Khant Mon 0

ဒရိတ်ခ်ရဲ့သီချင်းသစ်ဖြစ်တဲ့ 8 AM in Charlotte ဟာ မကြာသေးခင်ကပဲ Music Video အနေနဲ့ထွက်ရှိလာခဲ့ပါပြီ။ ဒီသီချင်းမှာ ဒရိတ်ခ်ရဲ့သားဖြစ်သူ Adonis လည်းပါဝင်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဗီဒီယိုအဖွင့်မှာ သားဖြစ်သူရဲ့ပုံဆွဲထားတဲ့စာရွက်လေးကိုပြထားပြီးဒါကပုံပြင်လေးတစ်ပုဒ်လိုပါပဲ၊ဒီပန်းချီထဲမှာ ဆိတ်တစ်ကောင်ပုံဆွဲထားပြီး ဒယ်ဒီ့နာမည်ရေးထားတယ်။ဒရိတ်ခ်ကမေးတဲ့အခါ ဖေဖေဆိတ်လို့ Adonis ကဖြေတဲ့ပုံနဲ့စထားပါတယ်။ဒရိတ်ခ်သီချင်းဆိုနေစဉ်မှာလည်း Adonis ကဘေးကနေအကနဲ့ပံ့ပိုးပေးတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ အောက်တိုဘာလ ၆ […]

မင်းသမီးကြီး ဘေဒူနာကိုပြန်လည်မြင်တွေ့ရမယ့် Family Plan

October 6, 2023 Aung Khant Mon 0

ကိုရီးယားမင်းသမီးတော်တော်များများမှာတွေ့ရနိုင်တဲ့ အလှအပနဲ့သရုပ်ဆောင်ပုံတွေကနေကွဲထွက်ပြီးကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ဘေဒူနာကမြန်မာပရိသတ်နဲ့ရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သူမက Take care of my cat ၊ A girl at my door လိုဇာတ်ကားမျိုးတွေနဲ့သရုပ်ဆောင်ပိုင်းမှာအောင်မြင်မှုတွေရခဲ့သလို ဒရာမာစီးရီး ၁၉ ခုထိရိုက်ကူးပြီးစီးခဲ့သူလည်းဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့သူမကလက်ရှိအချိန်မှာလည်းအနုပညာအလုပ်တွေလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အောက်တိုဘာလ၊ ၅ ရက်နေ့က ဘေဒူနာရဲ့အေဂျင်စီဖြစ်တဲ့ […]

အလုပ်နဲ့ပတ်သက်ပြီးစိတ်ပျက်နေမိကြောင်း ဘော့စ်ကိုဘယ်လိုပြောမလဲ

October 6, 2023 Aung Khant Mon 0

အလုပ်နဲ့ပတ်သက်ပြီးစိတ်အဆင်မပြေတာတွေကိုကြုံနေရရင် ကိုယ့်အတွက်ကျန်းမာရေးရော၊ပျော်ရွှင်မှုရောအကုန်ပျောက်ဆုံးကုန်ပါတယ်။ အလုပ်ကိုစိတ်ပျက်သလိုဖြစ်လာပြီဆိုရင်ဆိုးဆိုးဝါးဝါးပေါက်ကွဲမထွက်ခင် အရင်ဆုံးဘော့စ်နဲ့စကားပြောဆိုကြည့်သင့်ပါတယ်။ ကိုယ်ပြောမယ့်အဆင်မပြေတဲ့အချက်တွေဟာ အဖွဲ့အစည်းအတွက်၊ အလုပ်အတွက်ပြင်ဆင်ဖို့လိုနေတဲ့အစိတ်အပိုင်းတွေဖြစ်မယ်ဆိုရင် ဒါတွေကိုပြောဖို့တွန့်ဆုတ်မနေသင့်ပါဘူး။အဆင်မပြေမှုတွေအကြောင်းပြောဆိုချိန်မှာကိုယ်က Professional ဆန်ဆန်သင့်တင့်လျောက် ပတ်အောင်ပြောဆိုနိုင်ဖို့တော့လိုပါတယ်။ ဘာကိုစိတ်ပျက်နေမိတာလဲ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးစိတ်ပျက်နေမိပြီဆိုရင် ငါဘာကိုစိတ်ပျက်နေတာလဲ၊စိတ်အဆင်မပြေဖြစ်စေတာကဘာလဲဆိုတာကိုသေသေ ချာချာပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။ကိုယ်ပြောပြတဲ့ပြဿနာက အလုပ်ရှင်ဘက်ကပြောင်းလဲပေးနိုင်တဲ့အရာမျိုးမဟုတ်ဘူးဆိုရင်ဘာမှထူးခြားမှာမဟုတ်ပါဘူး။ ဥပမာ – ကုမ္ပဏီ Policy လိုမျိုး။အဲဒီလိုမဟုတ်ဘဲကိုယ့်အတွက် အလုပ်တွေတအားများလွန်းနေတာ၊ မနိုငဝန် ထမ်းနေရတာမျိုးဆိုရင်တော့သေချာပေါက်ပြောပြသင့်၊ ညှိနှိုင်းသင့်ပါတယ်။အကြံပြုစာထည့်လို့ရတဲ့အလုပ်မျိုးမှာဆိုရင်တော့ […]