
လူတိုင်းကြုံရနိုင်တဲ့ လုပ်ငန်းခွင်အတွင်းကစိန်ခေါ်မှု ၅ ခု
လုပ်ငန်းခွင်ထဲဝင်ရောက်ကြပြီဆိုရင်လူတိုင်းကအလုပ်နဲ့ပတ်သက်တဲ့စိန်ခေါ်မှုဆိုတာကိုရင်ဆိုင်ကြရစမြဲပါ။ လုပ်ငန်းရှင်တွေအနေနဲ့လည်းကိုယ့်ရဲ့အလုပ်မှာ အခြေခံကျတဲ့ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ဒီစိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဒီလိုကြုံလာတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားသင့်လဲဆိုတာကအလုပ်ရှင်ရော၊ ဝန်ထမ်းပါသိထားရမယ့်အချက်တွေဖြစ်ပါတယ်။ Communication ပိုင်းစိန်ခေါ်မှု အဖွဲ့အစည်းတိုင်းမှာကြုံရတဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ Communication ပိုင်းပဲဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာအဆင်ပြေချောမွေ့ဖို့အတွက် ဆက်သွယ်ပြောဆိုတဲ့အပိုင်းဟာ ရှင်းလင်းလွယ်ကူနေဖို့လိုပါတယ်။ ပြောဆိုဆက်သွယ်မှုပြတ်တောက်သွားတာနဲ့ အလုပ်လုပ်တဲ့နေရာမှာနှောင့်နှေးပြီး Productivity လည်းကျစေပါတယ်။ ဒါ့ကြောင့် အလုပ်မှာရှိတဲ့ဝန်ထမ်းတိုင်းကို သူတို့ရဲ့ Communication Skills ကိုတိုးတက်စေဖို့ […]