လူတွေဝေဖန်ပြစ်တင်နေပေမယ့် အေးအေးဆေးဆေးရှိနေကြတဲ့ အာ့ရှ်တင်ကာချာနဲ့ မီလာကူးနစ်စ်

October 12, 2023 Aung Khant Mon 0

အောက်တိုဘာလ ၁၀ ရက်နေ့က သရုပ်ဆောင်အာ့ရှ်တင်ကာချာနဲ့မီလာကူးနစ်စ်တို့ဇနီးမောင်နှံနှစ်ဦးအေးအေးဆေးဆေး နှစ်ယောက်တည်းညစာထွက်စားနေပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့လကသူတို့နှစ်ဦးဟာ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင်ဒန်နီမာစတာဆင်န်ရဲ့ပြစ်မှုအတွက်အပြစ်မဲ့ကြောင်းခုခံစာရေးသားခဲ့မှုကြောင့် လူတွေရဲ့ပြစ်တင်ဝေဖန်မှုကိုခံခဲ့ရပါတယ်။ ဒီ့အတွက်တောင်းပန်ကြောင်း အာ့ရှ်တင်ကာချာကသူ့ရဲ့အင်စတာဂရမ်မှာပိုစ့်တင်အပြီး တစ်လအကြာမှာမှခုလိုလူမြင်ကွင်းရှေ့ထွက်လာခဲ့တာဖြစ်ပါတယ်။ That ‘70s Show ရဲ့သရုပ်ဆောင် ဒန်နီမာစတာဆင်န်ဟာ သူကျူးလွန်ခဲ့တဲ့မုဒိမ်းမှုနှစ်ခုအတွက်‌ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။မုဒိမ်းမှုကျူးလွန်တဲ့သူငယ်ချင်းကိုထောက်ခံပေးခဲ့မှုကြောင့် အာ့ရှ်တင်ကာချာဟာလိင်အကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့အစည်း Thorn ရဲ့ […]

မြန်မာပရိသတ်တွေချစ်တဲ့ အာဂျီးမားတစ်ယောက်အိမ်ထောင်ပြုတော့မယ်

October 12, 2023 Aung Khant Mon 0

Mr.Queen ၊ Crash Landing on You ၊ Hometown Cha Cha Cha စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးမြန် မာပရိသတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့ အာဂျီးမားချချောင်ဟွာကမကြာခင်အိမ်ထောင်ပြုတော့မယ်လို့သိရပါတယ်။ သူမဟာလက်ရှိမှာ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့အပျိုကြီးမမဖြစ်ပါတယ်။ချချောင်ဟွာဟာ သူမရဲ့ချစ်သူနဲ့အောက်တိုဘာလ ၂၇ ရက်နေ့မှာအိမ်ထောင်ပြုတော့မှာြဖစ်ကြောင်းသူမရဲ့အေဂျင်စီက အောက်တိုဘာလ ၁၁ ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။သူမရဲ့ခင်ပွန်းလောင်းဟာ အနုပညာလောကကမဟုတ်ဘဲ […]

Captain America: Civil War အတွက် Robert Downey Jr. နဲ့အမှတ်တရတစ်ခုအကြောင်းပြောတဲ့ Tom Holland

October 11, 2023 Aung Khant Mon 0

Spider-Man မင်းသား Tom Holland က Captain America: Civil War မှာပါဝင်ဖို့ သူ့ရဲ့အကောင်းဆုံးလူတွေ့စစ်ဆေးမှအတွေ့အ ကြုံကိုဖွင့်ဟခဲ့ပါတယ်။ Talk Show TV Series ဖြစ်တဲ့ Actors on Actors ထဲမှာသူကြုံခဲ့ရတဲ့လူတွေ့စစ်ဆေးမှုတွေအကြောင်းပြောရင်း Robert Downey Jr.နဲ့အတူလက်တန်းသရုပ်ဆောင်ခဲ့ရတာက ဘဝအတွက်အမှတ်တရအဖြစ်ဆုံးလို့ပြောခဲ့တာဖြစ်ပါတယ်။Spider-Man […]

ကျောင်းတွင်းအနိုင်ကျင့်ခံရမှုလျှော့ချရေးအတွက်ကြိုးပမ်းနေသူ YouTuber Pyo Ye Rim မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား

October 11, 2023 Aung Khant Mon 0

သူမဟာ အွန်စောသရုပ်ဆောင်ထားတဲ့ The Glory ဇာတ်ကားထဲကလိုမျိုးကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ၁၂ နှစ်ကြာကြုံခဲ့ရတယ်လို့ဖွင့်ဟခဲ့တဲ့ YouTuber Pyo Ye Rim ဟာအောက်တိုဘာလ ၁၀ ရက်နေ့ကမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ဘူဆန်ရဲဌာနနဲ့မီးသတ်ဌာနရဲ့ပြောကြားချက်အရ Seongjigokရေလှောင်ကန်ထဲကိုတစ်ယောက်ယောက်ပြုတ်ကျသွားတယ်လို့ အမျိုးသမီးတစ်ယောက်ကသတင်းပို့ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဝိုင်းဝန်းရှာဖွေကြတဲ့အခါ Pyo Ye Rim ရဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ရပြီးသူမကိုဆေးရုံပို့ခဲ့ကြပါတယ်။ ဒါပေမဲ့သူမဟာ နှလုံးရပ်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ရဲဌာနကထုတ်ဖော်ပြောကြားပါတယ်။ YouTuber […]

LinkedIn မှာကိုယ့်ရဲ့ Request ကိုလူတွေဘာကြောင့်လက်မခံတာလဲ

October 11, 2023 Aung Khant Mon 0

အလုပ်အတွက် Network ရှာကြတဲ့အခါမှာ LinkedIn ကအသုံးဝင်ဆုံး Social Media Platform တစ်ခုလို့ဆိုရမှာပါ။ ကိုယ့်အတွက်တန်ဖိုးရှိတဲ့အဆက်အသွယ်တွေ၊ လစာများတဲ့အလုပ်အကိုင်တွေ၊ကိုယ့်ကျွမ်းကျင်မှုနဲ့ထပ်တူကျတဲ့အလုပ်အကိုင်တွေကိုရနိုင်တဲ့နေရာမို့ LinkedInရဲ့သဘောသဘာဝနဲ့အသုံးပြုပုံကိုကျွမ်းကျင်ထားဖို့လိုပါတယ်။ဒီတစ်ခါမှာတော့ LinkedIn မှာ ကိုယ့်ရဲ့ Request ကိုလူတွေဘာကြောင့်လက်မခံတာလဲဆိုတဲ့အရာရဲ့ဖြစ်နိုင်ခြေ ၄ ခုကိုဖော်ပြပေးချင်ပါတယ်။ Message ဖြင့်မိတ်မဆက်ခြင်း ကိုယ်ကလမ်းလျှောက်သွားရင်း လမ်းမှာတွေ့တဲ့တစ်စုံတစ်ယောက်ကို “ဟေး တွေ့ရတာဝမ်းသာပါတယ်။မင်းကတော့ငါ့ကိုမသိဘူးထင်တယ်။ […]

ဂုဏ်သတင်းကျော်ကြားမှုအဆင့်နံပါတ် ၁ မှာရပ်တည်နေတဲ့ New Jeans

October 10, 2023 Aung Khant Mon 0

၂၀၂၃ ခုနစ်၊ အောက်တိုဘာလအတွင်းလုပ်ဆောင်ခဲ့တဲ့ big data analysis အရ New Jeans အဖွဲ့ဟာနာမည်ဂုဏ်သတင်းကျော်ကြားမှုအဆင့်နံပါတ် ၁ အဖြစ်ရပ်တည်နေတယ်လို့ကိုရီးယားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ Korea Corporate Reputation Research Institute က စက်တင်ဘာလ ၉ ရက်နေ့ကနေအောက်တိုဘာလ ၉ ရက်နေ့အထိကိုရီးယား Girl […]

မိခင်ဘဝမှာအေးအေးဆေးဆေးပျော်ရွှင်နေတဲ့ ပဲရစ်ဟီလ်တန်

October 10, 2023 Aung Khant Mon 0

ပဲရစ်ဟီလ်တန်ဟာ ဟီလ်တန်ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ကွန်းရတ်ဟီလ်တန်ရဲ့မြစ်ဖြစ်တဲ့အပြင်လှပတဲ့သွင်ပြင်နဲ့အများအားကျစရသုံးဖြုန်းနိုင်မှုတွေကြောင့်ပေါ်ပြူလာဖြစ်ခဲ့သူပါ။စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ အဆိုတော်အနေနဲ့လည်းသူမကိုလူတွေကသိထားကြပါတယ်။အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့သူမဟာ လက်ရှိမှာတော့မိခင်တစ်ယောက်အဖြစ်နဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေပြီး ပျော်ရွှင်နေတယ်လို့ ENews ကိုဖွင့်ဟခဲ့ပါတယ်။ ၂၀၂၃ ခုနစ်နှစ်စပိုင်းမှာသားဖြစ်သူဖီးနစ်ကိုမွေးဖွားခဲ့ပြီး နောက်ထပ်ကလေးထပ်ယူဖို့အစီအစဉ်ရှိ၊မရှိကိုသူမကပြောပြခဲ့ပါတယ်။“ကျွန်မသမီးလေးတစ်ယောက်ထပ်လိုချင်ပါသေးတယ်။ မင်းသမီးလေးတစ်ပါးလိုချင်တဲ့အကြောင်းကျွန်မတို့တစ်ချိန်လုံးပြောဖြစ်ကြပါတယ်။ အခုသားလေးကလည်း ကျွန်မရဲ့ကမ္ဘာတစ်ခုပါ။သူကကျွန်မကိုပြည့်စုံစေတယ်။ ခင်ပွန်းကလည်း တကယ်ကိုကြင်နာတတ်ပြီးသစ္စာရှိသူမို့ကျွန်မအရမ်းပျော်ရွှင်ရပါတယ်” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ပဲရစ်ဟီလ်တန်ဟာလက်ရှိမှာ ပန်းရောင်အဆင်အသွေးနဲ့အသည်းပုံရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကိုထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ “ကျွန်မက […]

ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာ ယုံကြည်မှုရှိရှိဖြတ်သန်းနိုင်စေဖို့

October 10, 2023 Aung Khant Mon 0

ဘယ်သူမဆိုအလုပ်အသစ်မှာပထမဆုံးအလုပ်စဆင်းရပြီဆိုရင်စိတ်လှုပ်ရှားမှုအနည်းနဲ့အများရှိတတ်ကြပါတယ်။ အားလုံးကကိုယ့်ကိုနွေးနွေးထွေးထွေးကြိုဆိုပါ့မလား၊ကိုယ့်ကြောင့်အနှောင့်အယှက်ဖြစ်တာမျိုးရှိနိုင်လား၊ ဘာတွေကိုစပြီးလုပ်ရမလဲစတဲ့အတွေးတွေကြီးစိုးနေတတ်ပါတယ်။ဒီလိုစိတ်ဖိစီးမှု၊စိတ်လှုပ်ရှားမှုတွေကိုသက်သာစေဖို့ လုပ်ကိုလုပ်သင့်တဲ့အချက်လေးတွေရှိပါတယ်။ဒါလေးတွေကိုမှတ် သားပြီးလိုက်လုပ်မယ်ဆိုရင် အလုပ်ရဲ့ပထမဆုံးနေ့မှာကိုယ်ဟာယုံကြည်မှုရှိရှိနဲ့အဆင်ပြေပြေဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်ဒီကုမ္ပဏီကိုရောက်နေတာလဲပြန်တွေးကြည့်ပါ ကိုယ်ကအလုပ်အသစ်အတွက်စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုကိုခံစားနေရတယ်ဆိုရင်ငါဘာကြောင့်ဒီအလုပ်ကိုရခဲ့တာလဲ၊ ငါဘာလို့ဒီကုမ္ပဏီကိုရောက်နေတာလဲဆိုတာကိုပြန်တွေးကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ သင်ကတခြားသူတွေထက်ပိုသင့်တော်လို့သာလူတွေအများကြီးထဲကနေသင့်ကိုရွေးချယ်ခဲ့တာပါ။ အဲဒါကြောင့် စိတ်ဖိစီးနေဖို့မလိုပါဘူး။အလုပ်ရှင်ကလည်းကိုယ့်ကို အောင်မြင်တာပဲမြင်ချင်တာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ပါ အလုပ်စဝင်ရမယ့်ပထမဆုံးရက်အတွက်တော့ အားလုံးလိုလိုကကြိုတင်ပြင်ဆင်လေ့ရှိကြပါတယ်။ဝတ်မယ့်ဝတ်စုံပြင်ဆင်တာ၊ နာရီကိုနှိုးစက်ပေးတာ၊ စားစရာတစ်ခုခုထည့်ဖို့ပြင်ဆင်တာ ၊အိမ်ကနေအချိန်စောထွက်တာ စသဖြင့်ကြိုတင်ပြင်ဆင်မှုတွေ လုပ်လေ့ရှိကြပါတယ်။ဒါတွေကကောင်းတဲ့အချက်တွေပါ။ တချို့ကျတော့လည်းအလုပ်ရလို့သူငယ်ချင်းတွေနဲ့ဂုဏ်ပြုပွဲလုပ်ရင်း အိပ်ချိန်နောက်ကျတာ၊ […]

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကြောင့် ဖျော်ဖြေပွဲဖျက်လိုက်တဲ့ ဘရူနိုမားစ်

October 9, 2023 Aung Khant Mon 0

အစ္စရေးမှာပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ ဘရူနိုမားစ်ရဲ့ဖျော်ဖြေပွဲကို အခုဖြစ်ပေါ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကြောင့်ဖျက်သိမ်းလိုက်ရပါတယ်။သူဟာ အောက်တိုဘာ ၄ ရက်နေ့ကပထမဆုံး Concert ကိုကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့ကပွဲကိုတော့ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ဘရူနိုမားစ်ရဲ့ဖျော်ဖြေပွဲကို Tel Aviv မြို့ရဲ့ HaYarkon ဥယျာဉ်မှာကျင်းပခဲ့ပြီး ဒုတိယပွဲအတွက်လူ ၆‌ သောင်းကျော်ကိုလက်မှတ်တွေရောင်းချပြီးခဲ့ပါပြီ။ ဒါတွေအားလုံးအတွက်ငွေပြန်အမ်းပေးမှာဖြစ်တယ်လို့ Live Nation Israel ကကြေညာခဲ့ပါတယ်။အောက်တိုဘာ ၄ ရက်နေ့ကပွဲစဉ်မှာတော့ […]

ဝိတ်ကျပြီးအပြောင်းလဲကြီးပြောင်းလဲသွားတဲ့ Park Bom (2NE1)

October 9, 2023 Aung Khant Mon 0

ကေပေါ့ပ်ချစ်တဲ့မြန်မာပရိသတ်တွေကြား မသိသူမရှိအောင်ကျော်ကြားခဲ့ဖူးတဲ့အဖွဲ့ထဲမှာ 2NE1 ပါဝင်ပါတယ်။ I am the best ၊ Fire စတဲ့သီချင်းတွေနဲ့ ကမ္ဘာအနှံ့ကကေပေါ့ပ်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ပါ။ 2NE1 အဖွဲ့ကို ၂၀၁၆ ခုနစ်မှာရုတ်သိမ်းခဲ့ပြီးအဖွဲ့ဝင်တွေဟာလည်း တစ်ယောက်တစ်လမ်းစီလျှောက်လှမ်းခဲ့ကြတာပါ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Park Bomကတော့ သူမခံစားနေရတဲ့ Disorder တချို့ကြောင့်ကိုယ်အလေးချိန်သိသိသာသာတက်လာခဲ့ပြီးစကားပြောဆိုရာမှာလည်းအရင်နဲ့မတူတာကိုတွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ပရိသတ်တွေကတော့သူမကိုချစ်ခင်ပြီးအားပေးနေဆဲဖြစ်ပါတယ်။ […]