
Protein Diet ကြောင့် သိသိသာသာဝိတ်ကျသွားတယ်လို့ဖွင့်ဟတဲ့ Kelly Clarkson
ဂရမ်မီဆုရှင်အဆိုတော် Kelly Clarkson အနေနဲ့ သူမရဲ့ကျန်းမာရေးနဲ့သိသိသာသာဝိတ်ချနိုင်ခဲ့တဲ့အကြောင်းရင်းတွေကို ဖွင့်ဟလာခဲ့ပါတယ်။ သူမအနေနဲ့ လော့စ်အိန်ဂျလိစ်ကနေနယူးယောခ့်ကိုပြောင်းရွှေ့နေထိုင်ပြီးနောက်ပိုင်းမှာ ဝိတ်ချခရီးစဉ်ကိုအောင်မြင်အောင်လုပ် ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။“ကျွန်မ NY မှာတစ်မြို့လုံးကိုပတ်သွားတယ်။ အဲဒါကပဲ ကိုယ်လက်လှုပ်ရှားမှုဖြစ်နေတယ်။ပြီးတော့ချွေးထုတ်ခန်းဝင်ရတာလည်းသဘောကျတယ်။ အဓိကကတော့ Lifestyle ကိုလုံးဝပြောင်းနိုင်ခဲ့တာပါ။ ဒီကိုရောက်တော့ ဆရာဝန်စကားနားထောင်ပြီးသူပြောတဲ့အတိုင်းပဲစားတယ်။ ကျွန်မက အသားစားရတာလည်းကြိုက်တယ်။ခုလိုပြောရတာသားသတ်လွတ်သမားတွေကိုတော့ အားနာပါတယ်နော်။ ကျွန်မအတွက် Protein Diet […]